ခေါင်းကိုက်တယ်ဆိုတဲ့ ဝေဒနာက တကယ်တော့ တကယ့်ကို ခံရခက်တဲ့ အရာတစ်ခုဆိုတာ ဖြစ်ဖူးသူတိုင်း ခံစားဖူးသူတိုင်း သိနေမှာ အသေအချာပါ…. ဒီလို ခေါင်းကိုက်ခြင်းကို ခံစားရတဲ့အခါ စိတ်ညစ်စရာတွေသာ ဖြစ်နေတတ်တာ ဖြစ်ပြီး လုပ်ငန်းတွေထိပါ ထိခိုက်လာနိုင်တာဖြစ်လို့ ယူပစ်သလို ပျောက်သွားမယ့်အပြင် ငွေကုန်ကြေးကျပါ သက်သာစေမယ့် ဆေးဝါးလေးတွေကို ပြောပြလိုက်ပါရစေနော်…..

Peppermint
ပူစီနံကို အလှကုန်ပစ္စည်းများနယ်ပယ်မှာ များစွာသောအသုံးပြုနည်းများရှိပြီး ယခုအခါမှာ ခေါင်းကိုက်ခြင်းဝေဒနာကိုတိုက်ထုတ်ဖို့ စတင်အသုံးပြုနေပါတယ်. အသုံးပြုနည်းအနေနဲ့ လက်ဖက်ရည်အတွင်း ပူစီနံ ကိုရောနှောနိုင်ပါတယ်. ဒီအသုံးပြုနည်းကို မနှစ်သက်ပါက Peppermint အနည်းငယ်ကို ရေပူထဲထည့်ပြီး ရေနွေးငွေ့ကိုရှူနိုင်ပါတယ်…..

Ginger
ဂျင်းဟာ ဟင်းလျာများမှာ ထည့်သွင်းအသုံးပြုတဲ့ ဆေးဖက်ဝင်ဟင်းခတ်အပင်တစ်ခုဖြစ်ပြီး များစွာသောရောဂါများကို လည်းကုသပေးနိုင်စွမ်းရှိပါတယ်. ဂျင်းဟာခေါင်းကိုက်ခြင်းနှင့်ဆက်စပ်တဲ့ ပျို့အန်ခြင်းကိုလည်းသက်သာစေပါတယ်. ဟင်းချက်ထဲထည့်ချက် လို့ရသလို ၊ ရေနွေးထဲထည့်သောက်လို့လည်းရပါတယ်…..

Lavender
အချို့လူများက လာဗင်ဒါရနံ့ကိုနှစ်သက်ပြီး အချို့ကမူရွံမုန်းကြတာကြောင့် လာဗန်ဒါဟာ ခေါင်းကိုက်ခြင်းကိုသက်သာစေတယ် ဆိုတဲ့အပေါ် ကွဲလွဲမှုတွေရှိနိုင်ပါတယ်. လာဗင်ဒါရနံ့ဟာ စိုးရိမ်ပူပန်မှုကိုသက်သာစေပြီး တည်ငြိမ်အေးချမ်းမှုကိုတွန်းအားပေးနိုင်တာကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတို့ကြောင့် ခေါင်းကိုက်ခြင်းကိုသက်သာစေပါတယ်…..

အဖြူရောင်မိုးမခအခေါက်
မိုးမခအခေါက်ဟာ သင့်ကိုနာကျင်မှုသက်သာစေဖို့ ချက်ချင်းနီးပါးကုသပေးနိုင်စွမ်းရှိပါတယ်. မိုးမခအခေါက်ဟာ ခေါင်းကိုက်ဝေဒနာဖြစ်ပေါ်ခြင်းကိုတားဆီးကာကွယ်ပေးနိုင်တာတော့မဟုတ်ပေမယ့် ခံစားမှုဝေဒနာကို သက်သာစေတာဖြစ်ပါတယ်. ဒေသတွင်းက ဆေးဆိုင်တွေမှာ လက်ဖက်ရည် သို့မဟုတ် ဆေးလုံးပုံစံနဲ့လည်း ဝယ်ယူနိုင်ပါတယ်. အကိုက်အခဲပျောက်ဆေးများကို ရှေးခေတ် ၁၉ ရာစုမှ ဂရိဆေးပညာရှင် Hippocrates က Willow Bark လို့ခေါ်တဲ့ မိုးမခပင်ရဲ့အခေါက်ကို အသုံးပြုပြီး ဖော်စပ်ခဲ့ပါတယ်……

ကမ်မိုမိုင်
စိတ်ဖိစီးမှု ဖြစ်တဲ့နေ့ သို့မဟုတ် ပြင်းထန်တဲ့ခေါင်းကိုက်ခြင်း ကြုံတွေ့ရချိန်မှာ ကမ်မိုမိုင် လက်ဖက်ရည်လေး သောက်သုံးပေးသင့်ပါတယ်. ဓာတုဗေဒအနေဖြင့် Chamomile ဟာ ရောင်ရမ်းခြင်းဆန့်ကျင်တဲ့အနေနဲ့ ခေါင်းကိုက်ခြင်းအချို့ကို သက်သာစေတာဖြစ်ပါတယ်. Chamomile ဟာ အသက်အရွယ်မရွေး လူတို့အတွက်သင့်လျော်တာကြောင့် သင့်ကလေးကို တစ်ခွက်လောက်သုံးဆောင်ခွင့်ပြုနိုင်ပါတယ်……

Ginkgo Biloba
ဒီအပင်ကတော့ လူတိုင်းအတွက်မသင့်တော်ပါဘူး. ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ခေါင်းကိုက်ခြင်းဝေဒနာခံစားနေတဲ့ လူငယ်များအသုံးပြုမယ်ဆိုရင် ရောဂါပိုမိုဆိုးရွားစေနိုင်ပါတယ်. သက်ကြီးရွယ်အိုများမှာ အားနည်းပြီးခေါင်းကိုက်ဝေဒနာခံစားနေရသူများအတွက် Ginkgo Biloba ကနာကျင်မှုသက်သာစေပါတယ်….

Feverfew
ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့အတွက် အကျော်ကြားဆုံးသောကုထုံးတစ်ခုကတော့ Feverfew အပင်ပဲဖြစ်ပါတယ်. Feverfew ဟာ စိတ်တည်ငြိမ်မှုကိုတိုက်ရိုက်ဖြစ်စေပြီး စိတ်ဖိစီးမှုကိုလျော့နည်းစေပါတယ်. အရွက်များအမှန်တကယ်အရသာရှိသလောက် အစိမ်းအတိုင်းစားနိုင်ပြီး လက်ဖက်ခြောက်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်. Feverfew အပင်ဟာ ခေါင်းကိုက်ခြင်းကိုသာမက ဖျားနာခြင်းကိုလည်း သက်သာစေနိုင်ပါတယ်…..