ခေါင်းအုံးအောက်ထဲက ကြက်သွန်ဖြူတစ်လုံးရဲ့ လျို့ဝှက်ချက်

စားစရာနဲ့ အသီးအရွက်တွေကို သင့်ရဲ့ စားသောက်ဖို့ ပန်းကန်နဲ့ မီးဖိုချောင်မှာသာ ထားသင့်တယ်လို့ ထင်ထားခဲ့ရင်တော့ သင့်အယူအဆက အနည်းငယ်တော့ လွဲမှားနေပါပြီ… ဘာလို့ဆို အချို့သော အရာတွေက သင်နဲ့အနီးဆုံးမှာ ထားခြင်းက သင့်ကျန်းမာရေးနဲ့ သင့်ပျော်ရွှင်မှုကို အကောင်းဆုံးထောက်ပံ့ ပေးနေတတ်တာ ကြောင့်ပဲ ဖြစ်ပါတယ်… အချို့သော အရာတွေထဲက အခုတစ်ခါမှာတော့ ကြက်သွန်ဖြူကို သင့်ရဲ့ ခေါင်းအုံး အောက်မှာထားပြီး အိပ်စက်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးကို ပြောပြပေးချင်ပါတယ်နော်…..

သင့်ရဲ့ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူလေးထားခြင်းက ပိုပြီး အေးအေးဆေးဆေး အနားယူနိုင်မှာ ဖြစ်ပါတယ်..  ဒီအရာက ထူးဆန်းနေမယ်ဆိုတာ  သိနိုင်သော်လည်း ကြက်သွန်ဖြူနှင့် ပေါင်းစပ်လိုက်သော ဆာလ်ဖာဒြပ်ပေါင်း များက သင့်ကို စိတ်ချမ်းသာစေနိုင်တာ ဖြစ်ပါတယ်….

ကြက်သွန်ဖြူရဲ့အနံ့က ခေါင်းအုံးကနေ နည်းနည်းလေး ရနိုင်မှာတော့ဖြစ်ပြီး အဲဒါက သင့်ကိုပိုပြီး လွယ်လွယ်ကူကူ အိပ်နိုင်အောင် ကူညီပေးနိုင်မှာလည်း ဖြစ်ပါတယ်…. ထို့အပြင် ၎င်းသည် သင်၏ အိပ်စက်ခြင်းအရည်အသွေးကိုလည်း တိုးတက်စေမှာပါ….. သင့်အနေနဲ့ ပိုမိုမြန်ဆန်စွာ အိပ်စက်နိုင်ခြင်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်…. သင့်ခေါင်းအုံးအောက်ရှိ လေးညှင်းပွင့်တစ်လုံး (၂ ခု) ကို ကပ်ပါက အကျိုးသက်ရောက်မှုကို သင်ပိုပြီး သတိပြုမိလိမ့်မှာ ဖြစ်ပါတယ်….

ကလေးတစ်ယောက်လို အပူအပင်ကင်းစွာ အိပ်စက်နိုင်မှာဖြစ်ပြီး ဒီအရာအတွက်  စိတ်ပူစရာကတော့ မလိုအပ်ပါဘူး….  နောက်တစ်နေ့မနက် နိုးတဲ့အခါ သင်၏အိပ်ခန်းမှာ ကြက်သွန်ဖြူအနံ့ကို မခံစားရနိုင်မှာလည်း ဖြစ်ပါတယ်… သင့်ရဲ့ နေ့စဉ်ဘဝမှာလည်း လန်းဆန်းပျော်ရွှင်နေတဲ့ သင့်အနားကနေ ဘယ်သူကမှ ဝေးဝေးကို မသွားနိုင်လောက်တဲ့အထိ အကျိုးကျေးဇူးပေါင်းများစွာကို ရရှိနိုင်တာဖြစ်လို့ ဒီနည်းလမ်းလေးကို စမ်းသပ်လုပ်ဆောင်ကြည့်ပြီး အမြင်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦးနော်……

Credit : Source From Internet