ကောင်းသောစကားများသာ ပြောဆိုခြင်း
အမျိုးသမီးတွေကို လေးစားတတ်တဲ့ အမျိုးသားတွေဟာ အမှိုက်လိုစကားတွေကို မသုံးနှုန်းပါဘူး. ညစ်ပတ်တဲ့ပြက်လုံးတွေပြောတာ ၊ မိန်ကလေးတွေရဲ့ ခန္ဓာကိုယ်နှင့်ပတ်သက်ပြီးပြက်လုံးများပြုလုပ်ခြင်း စတဲ့ အပြုအမူတွေကို ရှောင်ကြဉ်တတ်ကြပါတယ်…..

လိင်အမြတ်ထုတ်ခြင်းမျိုး မလုပ်ဘူး
လိင် ကိစ္စကို ရရင်ရသလို အမြတ်ထုတ်ပြီး စွန့်ပစ်တတ်တဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို တန်ဖိုးမထားရုံသာမက အတော့်ကို ယုတ်မာတဲ့ လုပ်ရပ်တွေပါပဲ. ယောကျ်ားကောင်းပီသသူတွေကတော့ အမြတ်ထုတ်ရုံသက်သက် မကျူးလွန်တတ်ကြပါဘူး……
အချိန်နဲ့ အာရုံစိုက်မှုပေးတယ်
ချစ်သူမိန်းကလေးကို အချိန် နဲ့ အာရုံစိုက်မှုပေးတာဟာ တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်တစ်ခုပါပဲ. ….

စနောက်သင့်တဲ့အချိန်အခါ နဲ့ လေးစားရမယ့် အချိန်အခါကို ခွဲခြားသိတယ်
လူရှေ့သူရှေ့ စနောက်သင့်မှန်းမသိ ၊ ပြောသင့် မပြောသင့် မစဉ်းစားဘဲ မိန်းကလေးရဲ့ ဂုဏ်သိက္ခာကို ထည့်မတွက်တဲ့ အပြုအမူမျိုးတွေကို ရှောင်ကြဉ်တတ်ပါတယ်….
မိန်းကလေးတိုင်းနဲ့ အရောတဝင်မနေဘူး
ဒီအချက်ကလည်း မိန်းကလေးတိုင်း ချစ်သူကောင်လေးဆီမှာ လိုချင်တဲ့ အရာပါပဲ. ချစ်သူကောင်မလေးကိုလေးစားတတ်တဲ့သူဟာ မိန်းကလေးတိုင်းနဲ့ အရောတဝင်မနေပါဘူး……
အားနည်းချက်ကိုပဲ ထောက်ပြမနေဘူး
လူတိုင်းမှာ အားသာချက် အားနည်းချက်ကိုယ်စီရှိတတ်ကြပါတယ်. ချစ်သူကောင်မလေး ကို တန်ဖိုးထားတဲ့အမျိုးသားဟာ အားနည်းချက်ကိုပဲ ထောက်ပြပြီး ထိုးနက်မနေတတ်ပါဘူး….

မိသားစု နဲ့ သူငယ်ချင်းများကို လေးစားကြောင်းပြသတယ်
ချစ်သူရဲ့ မိသားစုဟာလည်း ကိုယ့်ရဲ့မိသားစုပါပဲ. ချစ်သူအမျိုးသမီးတွေကို လေးစားတတ်တဲ့ အမျိုးသားတွေဟာ ချစ်သူရဲ့ မိသားစု နဲ့ သူငယ်ချင်းများကို လေးစားကြောင်းပြသပါတယ်….
သူမကို ယုံကြည်တယ်
ချစ်သူမိန်းကလေးကို ထိုက်သင့်တဲ့ယုံကြည်မှုပေးခြင်းဟာလည်း ချစ်သူအမျိုးသမီးတွေကို လေးစားတတ်တဲ့ အမျိုးသားတို့ရဲ့ အမူအကျင့်တစ်ခုပါပဲ……
Comments are closed, but trackbacks and pingbacks are open.