ကျန်းမာတဲ့နှလုံးတစ်ခုဟာ မှန်ကန်တဲ့သွေးပမာဏကို လိုအပ်တဲ့နှုန်းဖြင့် ခန္ဓာကိုယ်အနှံ့သို့ ပို့လွှတ်ပေးပါတယ်. ရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာတို့ကြောင့် နှလုံးကို အားနည်းသွားစေပါက ကိုယ်အင်္ဂါအစိတ်အပိုင်းများ မှန်ကန်စွာအလုပ်လုပ်နိုင်ဖို့ လုံလောက်တဲ့သွေးပမာဏ ရရှိတော့မှာမဟုတ်ပါဘူး….
ဒါကြောင့် နှလုံးဆိုတာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီး သင့်အနေနဲ့ နှလုံးကျန်မာရေး ပိုမိုကောင်းမွန်ဖို့ ဆိုရင် ဒီအစားအစာတွေကိုစားသုံးပေးရပါမယ်….

နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ သစ်သီးတွေကတော့
၁.လိမ္မော်သီး
၂. သလဲသီး
၃. ဘလူးဘယ်ရီသီး
၄. ပန်းသီး
၅. ထောပတ်သီး
၆. သင်္ဘောသဖန်းသီး
၇. ကျွဲကောသီး
၈. ကီဝီသီး
၉. ပန်းသစ်တော်
၁၀. စတော်ဘယ်ရီ
၁၁. ဖရဲသီး
၁၂. ငှက်ပျောသီး
၁၃.နဂါးမောက်သီး

နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ အသားငါးတွေကတော့
၁.ကြက်သား
၂.ငါးသလောက်
၃.ဆယ်လ်မွန်ငါး
၄. ငါးသေတ္တာငါး
၅. တူနာငါး
၆. ဥ

နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ အသီးအရွက်နဲ့ သစ်ဥသစ်ဖုတွေကတော့
၁.မုန်လာဥနီ
၂. ကိုက်လန်
၃. ငရုပ်သီး
၄. သကြားမုံလာ
၅. ခရမ်းသီး
၆. ကညွတ်
၇.ဟင်းနုနွယ်
၈. ကန်စွန်းဥ
၉.ဂေါ်ဖီထုပ်
၁၀. ရွှေဖရုံသီး
၁၁.ခရမ်းချဉ်သီး
၁၂.ရေညှိ
၁၃. အာလူး
၁၄. သခွားသီး
၁၅ . မှို

နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ ပဲနဲ့ အစေ့အဆံတွေကတော့
၁.ပဲနီကလေးများ
၂.ကုလားပဲ
၃.ပဲပိစပ်
၄.အယ်မွန်စေ့
၅.သီဟိုဠ်စေ့
၆.ဂျုံ
၇.သစ်ကြားသီး
၈. မြေပဲ
၉. နေကြာစေ့

နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ သရေစာ ၊ အဖျော်ရည် နဲ့ အဆီတွေကတော့
၁.ဝိုင်အနီ
၂.ချောကလက်
၃.ကော်ဖီ
၄.လက်ဖက်စိမ်း
၅.သံလွင်ဆီ
၆.ပန်းသီးရှာလကာရည်
၇.ဒိန်ချဉ်
၈.အုန်းဆီ

နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဟင်းခတ်ပစ္စည်းတွေကတော့
၁. ကြက်သွန်ဖြူ
၂. နနွင်းမှုန့်
၃. ဂျင်း
၄. သစ်ကြံပိုးခေါက်
၅. ကြက်သွန်နီ
ကဲ ပရိသတ်တွေလည်း နှလုံးကျန်းမာရေးကောင်းပြီး လုပ်ငန်းတွေကို ကျန်းမာစွာလုပ်ဆောင်နိုင်ကြပါစေ…