မနက်ခင်းရဲ့ ရေနွေးတစ်ခွက်ကပေးတဲ့ ကျန်းမာရေးလျှို့ဝှက်ချက်

ဘာမှမစားရသေးတဲ့အစာအိမ်အတွက် ပူနွေးတဲ့ရေကိုသောက်သုံးခြင်းဟာ အကျိုးကျေးဇူးများစွာရှိပါတယ်… ကျမတို့ဟာ နေ့စဉ် အနည်းဆုံး ရေ ၁.၅ လီတာကို သောက်ဖို့ ရည်မှန်းထားပေမယ့်လည်း ဒီပမာဏအတိုင်း သောက်ဖြစ်ချင်မှသောက်ဖြစ်နိုင်ပါတယ်. ကော်ဖီနဲ့အရသာရှိတဲ့ဖျော်ရည်တွေက အရသာရှိတာကြောင့် ရေသောက်ဖို့ထက် ဒီလိုဖျော်ရည်တွေသောက်ဖို့ကို ပိုပြီးစိတ်ဝင်စားမယ်ထင်ပါတယ်. ဒါတွေထားပါတော့ အဓိကအနေနဲ့တော့ မနက်ခင်း ဘာမှမစားရသေးခင်မှာ ရေနွေးတစ်ခွက်သောက်သင့်ပါတယ်. ဘာကြောင့်လဲဆိုတော့  တစ်နေ့တာကို ပူနွေးတဲ့ ရေတစ်ခွက်နှင့်စတင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကျမတို့ရှာဖွေတွေ့ရှိထားလို့ပါပဲ….

ဇီဝဖြစ်ပျက်မှုကိုတိုးမြှင့်တယ်

သင်ရဲ့ ဇီဝြဖစ်ပျက်မှုက သင်ရဲ့ခန္ဓာကိုယ်ဟာ အာဟာရများကို စွမ်းအင်အဖြစ် ဘယ်လောက်လျင်မြန်စွာ ပြောင်းလဲပေးသလဲဆိုတာ ကိုဆုံးဖြတ်တာကြောင့် အလွန်အရေးကြီးပါတယ်. ပိုမိုမြန်ဆန်တဲ့ဇီဝဖြစ်ပျက်မှုရှိရင်၊ ကယ်လိုရီတွေကိုလည်းမြန်မြန်လောင်ကျွမ်းစေမှာဖြစ်ပါတယ်…..

ရာသီလာစဉ် နာကျင်မှုကိုကာကွယ်ပေးတယ်

ပူနွေးတဲ့ရေဟာ သွေးကိုပိုမိုမြန်ဆန်စွာလည်ပတ်စေပြီး  သင့်ကြွက်သားများက ပိုမိုအနားယူနိုင်မှာဖြစ်ပါတယ်.  ဒါကြောင့် ကြွက်သားနာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်….

သဘာဝ detox

မနက်တိုင်းပူနွေးတဲ့ရေကိုသောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်မှအဆိပ်များကိုမြန်မြန်ထုတ်ပေးနိုင်ပါတယ်. သံပုရာထည့်မယ်ဆိုရင် ပိုကောင်းတဲ့ရလဒ်ရရှိနိုင်မှာဖြစ်ပါတယ်…

အရေပြားအတွက်ကောင်းမွန်တယ်

ပူနွေးတဲ့ရေဟာ အသားအရေကိုပိုမိုကောင်းမွန်စေပြီး ပျက်စီးသွားတဲ့အရေပြားကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်….

Combat ဘက်တီးရီးယား

ဘာမှမစားရသေးတဲ့အစာအိမ်အတွက် ရေနွေးနွေးလေးသောက်ခြင်းအားဖြင့် ဘက်တီးရီးယားများဟာ ခန္ဓာကိုယ်အတွင်း၌အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး. ဒါကြောင့် အအေးမိခြင်း နဲ့ တုပ်ကွေးရောဂါကို တားဆီးနိုင်တဲ့ သဘာဝကုစားနည်းဖြစ်ပါတယ်. phlegm ကိုလည်းဖြေလျှော့ပေးပြီး အဆုတ်ကနေဖယ်ထုတ်ပစ်နိုင်ပါတယ်. လည်ချောင်းနာခြင်းကိုလည်း သက်သာစေနိုင်မှာဖြစ်ပါတယ်…..