ဘယ်လိုကော်ဖီမို့လို့ မှော်အစွမ်းတွေရှိနေရတာလဲ… တကယ်တော့ ရိုးရိုးသာမန်ကော်ဖီတွေမှာကို မှော်အစွမ်းတွေရှိနေတာပါ. ဒါဆို ဘာကြောင့်ကော်ဖီမှာ မှော်အစွမ်းတွေရှိနေတယ်လို့ ပြောသလဲဆိုတာ ကြည့်ကြရအောင်….

မျက်မှောက်ခေတ်မှာ ကော်ဖီဟာ လူမှုရေးစကားဝိုင်းများသာမက ပုံမှန်စီးပွားရေးအလုပ်ခွင်များအတွက် ပေါင်းစည်းညီညွတ်မှုကို ပေးစွမ်းနိုင်တဲ့ အခန်းကဏ္ဍတစ်ခုပါပဲ. ကော်ဖီဟာ အဖွဲ့ဝင်များကို အတူတကွစုစည်းပေးနိုင်တဲ့စွမ်းရည်ရှိတဲ့အပြင် ကဖိန်းဓာတ်ကိုတိုးမြှင့်ပေးပြီး အတွေးအခေါ်များ ၊ အကြံဥာဏ်များကို အံဝင်ခွင်ကျဖြစ်စေခြင်းအတွက် ကူညီပေးနိုင်ပါတယ်. ဒါကြောင့် ကော်ဖီဟာ အဖွဲ့အစည်းများစွာရဲ့ လူမှုရေးဆိုင်ရာအစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်…..

အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်တဲ့ Edmund Tie & Company မှ Ms Ong Choon Fah က “ကော်ဖီမှာ မှော်စွမ်းရည်ရှိတယ်. ကော်ဖီက အတားအဆီးတွေကိုဖြိုဖျက်ပြီး လူတွေကို အခြားသော လျှို့ဝှက်နည်းလမ်းနဲ့ဆက်သွယ်ပေးနေတယ်.” လိုယုံကြည်ကြောင်း ဆိုခဲ့ပါတယ်….

ရုံးခန်းထဲမှာ ကော်ဖီကောင်းကောင်းသောက်တာဟာ အရည်အသွေးတစ်ခုဖြစ်ပြီး. မင်းရဲ့ရုံးမှာ ကော်ဖီထားရှိပေးခြင်းက သင့်၀န်ထမ်းတွေကိုသာမက ဧည့်သည်တွေကိုပါ လေးစားမှုလက္ခဏာတစ်ခုဖြစ်ပါတယ်”လို့ Indochine Media မှ ဥက္ကဌ နဲ့ စီမံခန့်ခွဲရေးရှယ်ယာရှင် Mr. Michael Von Schlippe ကဆိုခဲ့ဖူးပါတယ်…..
ကော်ဖီကောင်းကောင်းတစ်ခွက်ဟာ လူမှုရေးအဖွဲ့အစည်း ၊ စီးပွားရေးအဖွဲ့အစည်းများအကြား မှော်စွမ်းအင်လို ထောက်ပံ့မှုတွေပေးနိုင်တဲ့ အဓိကအခန်းကဏ္ဍမှ ပါဝင်နေတယ်ဆိုတာကတော့ အမှန်ပါပဲ……
Comments are closed, but trackbacks and pingbacks are open.