ရေသန့်ကို ရေနွေးကျိုရင် ကင်ဆာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေက အမှန်ပဲလား…

ရေသန့်ဗူးကို နေပူထဲထားရင် ကင်ဆာဖြစ်စေနိုင်တယ်… ရေသန့်ကို  ရေနွေးကျိုရင် cancer ဖြစ်စေနိုင်တယ်ဆိုတဲ့ သတင်းတွေ  Online မှာပြန့်နှံ့နေတာကြောင့် ဒီအကြောင်းအရာဟာ မှန်ကန်မှုရှိ/မရှိပြောပါရစေ. ရေသန့်ကို ရေနွေးကျိုရင် cancer ဖြစ်တယ်ဆိုတဲ့ သတင်းတွေက သတင်းမှားတွေသာ ဖြစ်ပါတယ်…..

ရေသန့် Engineering လုပ်ငန်းမှာ professional လုပ်နေသူတစ်ဦးဖြစ်တဲ့  Dr. Sai Aung Thant Zin ရဲ့  အတွေ့အကြုံအရ ရေးသားဖော်ပြထားတဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေပေးပါရစေ. ဒေါက်တာဟာ ဒီလိုမျှဝေပေးခြင်းက သတင်းအမှားတွေကြောင့် မလိုအပ်ဘဲ စိုးရိမ်မှုတွေ မဖြစ်စေဖို့ ရည်ရွယ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုတဲ့စိတ်နဲ့ ရေးတာမဟုတ်ကြောင်းကို အရင်ဦးဆုံးပြောပါရစေ…

1. ရေသန့်ဗူးကို နေပူထဲထားရင် cancer ဖြစ်လား? ရေနွေးကျိုရင် cancer ဖြစ်လား?

ရေကဖြစ်တာမဟုတ်ပါဘူး၊ ဗူးကဖြစ်တာပါ။ ဗူးပါထည့်ကျိုရင်တော့ ဖြစ်မှာပါ။ ဒီတိုင်းဆိုရင်တော့ သုံးတဲ့ဗူးအမျိုးအစား၊ ရှိနေတဲ့ ပတ်ဝန်းကျင် အပူချိန်ပေါ်မူတည်ပါတယ်။ ရေကဖြစ်တာမဟုတ်ပါဘူး၊ ရေထည့်တဲ့ ဗူးက chemical တွေ ရေထဲပျော်ဝင်လာတာပါ…..

2. ရေသန့်ဖြစ်ဖို့ chlorine ခပ်ရလား?

Chlorine ဆိုတာ ပိုးသတ်စွမ်းရည်၊ ဓာတ်တိုးနိုင်မှု စွမ်းရည်ရှိတဲ့ chemical တစ်မျိုးပါ။ ရေသန့်စနစ်တိုင်းမှာ chlorine ကို မလိုအပ်ရင် မသုံးပါဘူး၊ ရေသန့် စက်ရုံတွေမှာလဲ လိုအပ်မှသာ အသုံးပြုတာပါ။ ရေထဲကို စနစ်တကျလုပ်တဲ့ ဘယ်ရေသန့်စက်ရုံက ရေဗူးမှ free chlorine တွေ အပါမခံပါဘူး။ ပါလို့လဲမရပါဘူး။ အဲ့တော့ chlorine ကို ဘယ်နေရာတွေမှာအဓိက သုံးလဲ? လူအများကို ရေပို့ပေးရတဲ့ မြို့ပြရေပေးဝေရေး စီမံကိန်းတွေ၊ အများသုံးရေကူးကန်မျိုးတွေ၊ အရေးပေါ် သောက်ရေလိုအပ်တဲ့ အခြေအနေမျိုးတွေ စတာတွေမှာ ပိုက်လိုင်းတစ်လျှောက်နဲ့ ကန်ထဲမှာ ပိုးပေါက်ပွါးမှု မရှိအောင် ပိုးသတ်တဲ့အနေနဲ့ free chlorine ကို dose အနည်းငယ်ထည့်ပေးကြပါတယ်။ အဲ့အတွက် အဖြေကတော့ ရေသန့်ဖြစ်ဖို့ chlorine က အချို့အခြေအနေမှသာ လိုအပ်ပါတယ်……

3. Chlorine က အပူပေးရင် chloroform ဖြစ်ပြီး cancer ဖြစ်လား?

အပူပေးရုံနဲ့ chlorine ကနေ chloroform မဖြစ်ပါဘူး။ Chlorine က ရေထဲမှာ ပါဝင်နေတဲ့ organic compound အချို့နဲ့ ဓာတ်ပြုပြီးမှ byproducts တွေဖြစ်လာပါတယ်၊ အဲ့ထဲမှာ chloroform လဲအပါအဝင်ပါ၊ အခြားအမျိုးအစားတွေအများကြီးလဲရှိပါသေးတယ်။ အဲ့ disinfection byproducts တွေထဲက အချို့က လူ့ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်စေပြီး cancer ဖြစ်စေတတ်တယ်လို့ လေ့လာထားတဲ့ paper အချို့ရှိပါတယ်။ အဲ့အတွက်လဲ အချို့နိုင်ငံတွေက မြို့ပြရေပေးဝေရေးစီမံကိန်းတွေမှာ chlorine အစား byproducts အထွက်နည်းတဲ့ chloramine (သို့) အခြား disinfection စနစ်မျိုးတွေကို အသုံးပြုနေကြပါတယ်။ ဒါပင်မဲ့ သတ်မှတ်ထားတဲ့ dose နဲ့တွက်ချက်ပြီး ထည့်ထားတဲ့ chlorinated water ဆိုရင်တော့ ပိုးပေါက်ပွါးမှု နဲ့ chlorine disinfection byproducts ကြောင့် ကျန်းမာရေးထိခိုက်မှုကို risk နဲ့ benefits ယှဉ်ကြည့်ရင် benefits ကပိုများတာကြောင့် အချို့နေရာတွေမှာလဲ ဆက်လက် အသုံးပြုနေကြဆဲပါ။ ဒါပင်မဲ့ ပြောချင်တာက chlorine ပါဝင်မှု အရမ်းနည်းတဲ့ (သို့) chlorine မပါဝင်တဲ့ ရေကို ကျိုချက်သောက်တာက chloroform ကဲ့သို့ disinfection byproducts တွေ ထွက်နိုင်ခြေ မရှိသလောက်နည်းတာကြောင့် ကင်ဆာမဖြစ်စေနိုင်ပါဘူး။ Boiling လုပ်ခြင်းက chlorine ကိုတောင် လျော့နည်းသွားစေပါသေးတယ်…….

4. Alkali နဲ့ Alkaline ဆိုတာဘာလဲ? Alkaline water ကို ပိုသန့်တာလား?

Alkali ဆိုတာ noun form ပါ။ Alkaline ဆိုတာ Alkali ရဲ့ Adjective form ပါ။ Alkali ဖြစ်ပြီးမှ Alkaline ဖြစ်တယ်ဆိုတာ ဘာမှကို မသက်ဆိုင်တာပါ။ အခေါ်အဝေါနားမလည်လို့ အဲ့လိုထင်ကြတာပါ။ မြန်မာလိုခေါ်ဖို့ အနည်းငယ်ခက်ခဲပါတယ်။ ရေသန့်ပညာအရကတော့ သင့်တော်အောင်ဆို ရေထဲက Alkali ကို “အဖန်ဓာတ်ရှိသော သတ္တု” / Alkaline ဆိုတာ “အဖန်ဓာတ်ပါဝင်သော” အဲ့လိုပြန်ရမယ်ထင်ပါတယ်……

6. ရေသန့်အားလုံး Reverse Osmosis (RO) စနစ်နဲ့ သန့်စင်ရတာလား?

လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ ရေသန့်စနစ်တစ်ခုလုပ်ဖို့ ရေကြမ်း Raw Water Quality ကို အရင်စစ်ဆေးကြည့်ရပါတယ်။ ပြီးမှ သင့်တော်တဲ့ စနစ်ထည့်တာပါ။ သဘာဝ 100% natural mineral water တွေဆိုရင် ဘာ ရေသန့်စနစ်မှ မဖြတ်ထားပါဘူး၊ Source ကနေ တိုက်ရိုက် ပုလင်းထဲထည့်တာပါ။ သဘာဝရေကိုက သန့်စင်စရာမလိုအောင် ကောင်းမွန်နေလို့ပါ….

အဲ့တော့ ရေကို ကျိုချက်သောက်တာ ကောင်းလားလို့မေးရင်…..

ရေထဲမှာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ chemical တွေ လွန်ကဲစွာ ပါဝင်မနေပဲ safe limit တစ်ခုအတွင်း ရှိနေရင် ပိုးသတ်ဖို့ရည်ရွယ်ချက်နဲ့ ကြိုချက်သောက်ရင်တော့ ဘာမှ ရောဂါဖြစ်စရာမရှိပါဘူး၊ အဆင်ပြေပါတယ်။ ဒါပေမယ့် ရေတစ်ခုထဲကိုပဲ ခဏခဏ ပြန်ကျိုချက်တာမျိုး (Reboiling) လုပ်ရင်တော့ ရေငွေ့ပြန်ပြီး ရေပမာဏနည်းလာကာ ရေထဲက သတ္တုဓာတ်တွေရဲ့ concentration ကို ပိုများလာစေနိုင်လို့ သတိတော့ထားရပါမယ်. ရေကို နေပူထဲထားတာကလဲ ရေက cancer ဖြစ်တာမဟုတ်ပါဘူး။ ရေဗူးက chemical တွေထွက်လာတတ်လို့ဖြစ်ပါတယ်…..

Comments are closed, but trackbacks and pingbacks are open.