လူတွေ ဘာကြောင့် အိပ်ပျော်နေချိန်မှာ သွားရည်စီးကျတာလဲ

အိပ်နေချိန်မှာ သွားရည်ကျတာဟာ လူတိုင်းလိုလို အနည်းဆုံးတစ်ခါတော့ကြုံတွေ့ရဖူးကြမှာပါ. လူတိုင်းမှာ သွားရည်ထွက်ပေးတဲ့ Glands အိပ်တွေက အကြီး ၃ ခုနဲ့ အသေးလေးတွေ ရှိကြပါတယ်. ပါးစပ်ဟနေချိန်မှာ သွားရည် (တံတွေး)ထွက်တဲ့ အိတ်တွေ အလုပ်လုပ်ပါတယ်. အိပ်စက်တဲ့အခါ မျက်နှာက ကြွက်သားတွေ ပြေလျော့သွားတာကြောင့် မျိုချတာတွေ၊ ထွေးထုတ်တာတွေကို မလုပ်တော့သလို ပါးစပ်ဟပြီး အိပ်မိတဲ့အခါ သွားရည်တွေထွက်လာပြီး ပါးစပ် အပြင်ဘက် ကို ထွက်ကျလာတာဖြစ်ပါတယ်…..

ယေဘူယျပြောရရင် အိပ်နေစဉ် ပါးစပ်ဟ အသက်ရှူလို့ဖြစ်တာများပါတယ်. ပုံမှန်အားဖြင့် နှာခေါင်းနဲ့သာ အသက်ရှူပြီး ပါးစပ်နဲ့ အသက်ရှူတာကို မဖြစ်လှမှသာ လုပ်ကြပါတယ်. ဒါကြောင့် ကိုယ်ကအမြဲတမ်းလိုလို ပါးစပ်နဲ့ပဲ အသက်ရှုမိနေပြီဆိုရင်တော့ နှာခေါင်း၊ နား၊ လေပြွန်၊ အဆုပ်တွေ စစ်ရပါလိမ့်မယ်. နှာစေး၊ အအေးမိ၊ (ဆိုင်းနပ်စ်) ဖြစ်၊ နှာခေါင်းထဲမှာ အလုံးဖြစ်၊ ပန်းနာ၊ အသက်ရှူကြပ်၊ လည်ချောင်းနာ၊ ဆုံဆို့နာ၊ အာသီးရောင် စတာတွေ ဖြစ်နေမလားဆိုတာ စစ်ဆေးရပါမယ်….

ရုပ်ပိုင်းဆိုင်ရာဝေဒနာ မဟုတ်ဘဲ စိတ်ရှုပ်နေချိန်မျိုးမှာ ပါးစပ်နဲ့ အသက်ရှူနေမိတာလား ဆိုတာလည်း ဆန်းစစ်ဖို့လိုပါတယ်.  ကိုယ်ဟာတကယ်လို့ ပါးစပ်နဲ့ ရှူမိနေတယ်ဆိုရင် ကြိုးစားပြင်ပါ. ဒီအတွက်လေ့ကျင့်နည်း တခုကတော့ နှာခေါင်းနဲ့ အသက် ပြင်းပြင်း-ရှည်ရှည် ရှူခြင်းပဲဖြစ်ပါတယ်. အသက်ပြင်းပြင်းရှူ ခြင်းဟာ စိတ်ငြိမ်လာစေပါတယ်.

အိပ်စက်ပုံမူမမှန်တာကြောင့်လည်း သွားရည်ကျနိုင်ပါတယ်. ဒါကြောင့် အိပ်တဲ့ပုံစံကိုလည်း ပြောင်းလဲကြည့်ရပါမယ်. စောင်းအိပ်ရတာလောက်တော့ ဇိမ်မကျဘူးဆိုပေမယ့် သွားရည်မကျအောင် ပက်လက် စန့်စန့် အိပ်ကြည့်ပါ.   ပက်လက်အနေအထားဆိုရင် ပါးစပ်ဟဖို့ အခွင့်အလမ်းနည်းသလို ပါးစပ်ကောင်းကောင်း မပိတ်ရင်တောင် သွားရည်တွေ ခေါင်းအုံးအထိ ကျလာမှာကို တားထားပြီးသား ဖြစ်နိုင်ပါတယ်…..

အိပ်စက်နေစဉ် ခေါင်းအုံးအမြင့်သုံးခြင်းဟာလဲ သွားရည်ကျခြင်းကို လျော့ချပေးနိုင်ပါတယ်. ဒါကြောင့် မအိပ်ခင် ခေါင်းအုံးလေး ဖောင်းဖောင်းလေးဖြစ်နေပြီးသက်တောင့်သက်သာဖြစ်နေဖို့ ဂရုစိုက်သင့်ပါတယ်…..

အာရုံကြောစနစ်မကောင်းလို့ သွားရည်မနိုင်တာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အာရုံကြောဆေး သောက်သုံးရပါမယ်. နိုင်ငံခြားမှာဆိုရင် တံတွေးဂလင်းထဲကို Botox ထိုးပေးတာ မျိုးလုပ်ပါတယ်. တစ်ကြိမ်ထိုးထားရင် (၆) လလောက်က အနိမ့်ဆုံးခံတာဖြစ်လို့ အာရုံကြောချို့ယွင်းသူတွေအတွက် သွားရည်ထိန်းထားနိုင်ဖို့နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုတယ်လို့သိရပါတယ်……

Comments are closed, but trackbacks and pingbacks are open.