အောင်မြင်သူတွေ ဘာကြောင့် မနက်စောစောထကြသလဲ

အောင်မြင်သူတော်တော်များများက ဘာကြောင့်မနက်စောစောထလေ့ရှိတာလဲ… မနက်စောစောထရခြင်းရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ…

ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဦးနှောက်ရဲ့အလုပ်လုပ်ပုံကို ကောင်းကောင်းသိနေကြပြီး ဓာတုဗေဒနည်းအရ ဦးနှောက်လှိုင်းတွေရဲ့ ကောင်းကျိုးတွေကို အမိအရယူကြတာဖြစ်ပါတယ်. ဦးနှောက်က electrical patterns တွေထုတ်လွှတ်ပေးပြီး မကြာခဏ လှိုင်းတွေအဖြစ်ပြောင်လဲပေးပါတယ်……

ပထမဦးဆုံးအကြိမ် သင်နိုးထချိန်မှာ ဦးနှောက်က စီမံခန့်ခွဲမှုတွေစတင်လုပ်ဆောင်နေပါပြီ. တစ်စက္ကန့်ကို လှိုင်းပေါင်း ၁၀.၅ လှိုင်းလောက် ထုတ်လွှတ်နေပြီး စက္ကန့်တိုင်းမှာလည်ပတ်နေပါတယ်. ဒီလှိုင်းတွေကိုတော့  “မသိစိတ်ဆီသွားမယ့် တံခါးပေါက်” လို့ တင်စားကြပါတယ်…..

မနက်စောစောနိုးတဲ့အခါ သင်ဟာ “THETA” နဲ့ “ALPHA” ကြားထဲမှာရောက်နေပြီးတော့ စိတ်အာရုံတွေဟာ နက်ရှိုင်းတဲ့ လုပ်နိုင်စွမ်းအား ၊ လေ့လာနိုင်စွမ်းအားတွေရှိနေပါတယ်. နိုးကြားပြီး အာရုံစူးစိုက်မှု ကောင်းလွန်းတဲ့အချိန်ဖြစ်သို စိတ်တည်ငြိမ်တဲ့အချိန်လည်းဖြစ်ပါတယ်. ဒါကြောင့် မနင်စောစော ပြုလုပ်တဲ့အလုပ်တွေဟာ တနေ့တာလုံးရဲ့ အခြားသောအချိန်တွေထက် ပိုမိုလွယ်ကူအောင်မြင်စေပါတယ်…..

ဒီလို မနက်စောစော နိုးထဖို့အတွက် ညဘက်မှာလည်း စောစောအိပ်စက်ကြပါတယ်. နေဝင်ပြီးနောက် (၁) နာရီ (၂) နာရီမှာ မယ်လတိုနင်ဟော်မုန်း တွေစတင်မြင့်တက်လာပြီး အိပ်ချိန်နီးလာပြီဆိုတာ အချက်ပြလာပါလိမ့်မယ်. သန်းခေါင်ယံမှာတော့ မယ်လတိုနင်ဟော်မုန်းတွေ အမြင့်ဆုံးရောက်လာပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်းကျဆင်းသွားပါတယ်…..

 ည (၁၀) နာရီ နဲ့ မနက် (၂) နာရီကြားဟာ အားအင်တွေပြန်လည် ဖြည့်တင်းပေးဖို့ အိပ်မောကျစေမယ့်အကောင်းဆုံး အချိန်ကာလပဲဖြစ်ပါတယ်. မနက် (၂) နာရီနောက်ပိုင်းမှာတော့ အိပ်စက်ခြင်းတွေလျော့ကျလာပြီး အိပ်မပျော်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်. အိပ်ရေးမဝဘဲ အားအင်ကုန်ခန်းနေတဲ့ ခန္ဓာကိုယ်အတွက် ည (၁၀) နာရီ နဲ့ မနက် (၂) နာရီကြား အိပ်စက်ခြင်းက ပြန်လည်အားပြည့်စေမှာ ဖြစ်ပါတယ်……

ည (၁၀) နာရီကျော်ပြီဆိုရင် အိပ်ပျော်ဖို့ပိုခက်သွားပါတယ်. အိပ်ပျော်ရင်တောင် နှစ်သက်အားရဖွယ် အိပ်စက်ခြင်းမျိုးကို ခံစားရစေမှာမဟုတ်ပါဘူး. ဒီလိုကောင်းမွန်တဲ့အိပ်စက်ခြင်းမျိုးမရရင် မနက်ခင်းနိုးလာတဲ့အခါ ပင်ပန်းနေသလိုခံစားရပါလိမ့်မယ်. နှစ်ချိုက်စွာ အိပ်ပျော်ခြင်းက မနက်နိုးလာတဲ့အခါ တနေ့တာလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေသလို ခံစားရစေမှာပါ…..

မနက်ခင်း နေမထွက်သေးခင် သင်ရလိုက်တဲ့ အေးချမ်းသာယာပြီး ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်နဲ့ အချိန်အခါလေးက သင့်အတွက် တန်ဖိုးကြီးတဲ့အခြေအနေတစ်ခုပါပဲ……..

Comments are closed, but trackbacks and pingbacks are open.