Covid -19 က အနံလေးပျောက်၊ ချောင်းလေးဆိုးပြီး ပြီးသွားရောလား

ကိုဗစ်-၁၉ ရောဂါဟာ အနံလေးပျောက်၊ ချောင်းလေးဆိုးပြီး ဖျားတာလေး နည်းနည်းပဲ ဖြစ်တယ်လို့ အချို့ကထင်နေပြီး ပေါ့ဆနေကြဆဲပါပဲ. ဒါပေမယ့် ဒေါက်တာမောင်မောင်ဦး ကြုံတွေ့ဖူးတဲ့ လူနာတစ်ဦးကတော့ Covid -19 ကူးစက်ခံရပြီး အနံလေးပျောက်၊ ချောင်းလေးဆိုးပြီး ဖျားတာလေး နည်းနည်းပဲ ဖြစ်တယ်ဆိုပေမယ့်လည်း ဆေးရုံက ဆင်းလာကတည်းက ရင်တွေ တုန်တုန်လာပြီး မျက်နှာတွေ ကျင်လာ လက်တွေ ကပ်လာတာ အကြိမ်ကြိမ်ပါပဲတဲ့.  ဆေးရုံဆင်းလာတာ ၁ လကျော်ပြီဆိုပေမယ့် အလုပ်တောင် ပြန်မဆင်းနိုင်သေးပါဘူး…..

ဒါကြောင့် ဒေါက်တာ လည်း COVID-19 long hauler ဆိုတာကို သတိရသွားပါတယ်. တချို့သူတွေမှာ ကိုဗစ်-၁၉ ကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးပေမယ့်လည်း ခေါင်းမကြည်တာ အားမရှိတာ စိတ်ဓာတ်ကျတာတွေ လနဲ့ချီပြီး ဖြစ်နေသူတွေကို COVID-19 long hauler လူနာတွေလို့ ခေါ်ပါတယ်….

ဒီတော့ ဒေါက်တာလည်း အဲလို လူနာတွေ့ပြီ ဆိုပြီးစစ်ဆေးကြည့်လိုက်တော့ Oxygen ကော CO2 ကော ကျပြီး

pH ကတက်နေတယ်လို့တွေ့ရပါတယ်. ဒေါက်တာ ထင်တဲ့ရောဂါတွေမှာ Oxygen က တက်နေရမှာလို့ ဒေါက်တာက ရေးသားဖော်ပြထားပါတယ်…..

ဒါနဲ့ အဆုတ်နဲ့ ပါတ်သက်ပြီး ကိုဗစ် ၁၉ ပျောက်သွားပေမယ့် အဆုတ်မှာ အမာရွတ် (Fibrosis) တွေကြောင့် အဆုတ်ကျုံ့သလို ဖြစ်သွားတာကို ခုနောက်ပိုင်း တွေ့တွေ့နေရတယ် ဆိုတဲ့ သတင်းကို  သွားသတိရပြန်တယ်. အသက်လေးက ငယ်သေးတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင် CT ရိုက်ရပါတော့တယ်…..

လူတချို့က ကိုဗစ်-၁၉ ဆိုတာများ ဖြစ်ပြီးရင် ပြီးသွားတာပဲ လို့ တွေးကြတယ်. ဒရိုင်ဘာတချို့က ဖြစ်တောင် ဖြစ်ချင်တယ်. ဆေးရုံဆင်းလက်မှတ်ပြပြီး မြန်မာတပြည်လုံး ပတ်မောင်းချင်လို့လို့ ပြောတာတောင်ကြားဖူးပါတယ်. လူတိုင်းကိုသိစေချင်တာက ကိုဗစ်-၁၉ ဟာ သူ အသေသတ်မသွားတဲ့ လူတချို့ကို နာတာရှည် ဒါဏ်ရာဒါဏ်ချက်တွေ ဗလဗွနဲ့ ဆက်အသက်ရှင်ခွင့် ပေးထားတတ်သေးတယ်ဆိုတာကိုပါ….

Comments are closed, but trackbacks and pingbacks are open.