ကမ္ဘာကြီးပေါ်က လူသတ်မှုအများဆုံးနဲ့ စံချိန်တင်တဲ့ နိုင်ငံများ…….

ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှုဆိုင်ရာရုံးမှ update အဖြစ်ဆုံး အချက်အလက်များအရ နိုင်ငံပေါင်း ၁၃၇ ရှိ လူဦးရေအထူထပ်ဆုံးမြို့ကြီးများမှ လူသတ်မှုနှုန်းဟာ လူဦးရေ ၁၀၀,၀၀၀ အရ အမေရိကတိုက်ဟာ အာဖရိကကိုကျော်လွန်ပြီး ၂၀၁၂ ခုနှစ်မှာ အမေရိကတိုက်ဟာ အာဖရိကကို လူသတ်မှုအများဆုံးနှုန်းဖြင့် ကမ္ဘာ့အသတ်ဖြတ်ဆုံးမြို့ကြီးရှစ်မြို့နှင့်အတူ ကျော်လွန်ခဲ့ပါတယ်….

အောက်မှာဖော်ပြထားတဲ့ ပုံတွေက လူသတ်မှုနှုန်းအများဆုံးဖြစ်တဲ့ ကမ္ဘာ့မြို့ကြီး ၁၀ မြို့ပဲဖြစ်ပါတယ်….

10: Kingston, Jamaica

လူသတ်မှုနှုန်း အားဖြင့် ၂၀၁၁ ခုနှစ်တွင် လူ ၁၀၀,၀၀၀ မှာ ၅၀ ယောက်နှုန်းဖြစ်ပါတယ်. ၂၀၁၁ ခုနှစ်မှာ Kingston မှာ လူပေါင်း ၃၂၈ ဦး အသတ်ခံခဲ့ရပါတယ်….

9: San Salvador

လူသတ်မှုနှုန်း – ၂၀၁၂ ခုနှစ်တွင် လူ ၁၀၀,၀၀၀ မှာ  ၅၂.၅ ‌ယောက်နှုန်း ရှိပါတယ်.  အမေရိကန်အလယ်ပိုင်းမှာ အင်အားကြီးတဲ့ ဂိုဏ်းများကလွှမ်းမိုးထားတာဖြစ်ပါတယ်. MS-13 နဲ့ Barrio 18 ဂိုဏ်းများအကြားအပစ်အခတ်ရပ်စဲရေးဟာ နိုင်ငံ၏လူသတ်မှုနှုန်းကိုလျှော့ချရန်ကူညီပေးခဲ့ပါတယ်….

8: Panama မြို့

လူသတ်မှုနှုန်း – ၂၀၁၂ ခုနှစ်တွင် လူ ၁၀၀,၀၀၀ မှာ ၅၃.၁ နှုန်းဖြစ်ပါတယ်. ၂၀၀၇ ခုနှစ်က ပနားမားမြို့မှာ အကြမ်းဖက်ရာဇ၀တ်မှုစတင်ခဲ့ပြီး လူသတ်မှု ၈၀၀ ကျော်ဖြစ်ပွားခဲ့ပါတယ်. ဒါပေမယ့် ၂၀၁၀ ခုနှစ်ကစပြီး နိုင်ငံ၏ နှုန်းထားများကျဆင်းလာခဲ့ပါတယ်…..

7: Cape Town , တောင်အာဖရိက

လူသတ်မှုနှုန်း အားဖြင့် ၂၀၀၉ ခုနှစ်က လူ ၁၀၀,၀၀၀ မှာ  ၅၉ ယောက်ခန့် ဖြစ်ပါတယ်. Cape Town လူသတ်မှုရဲ့ သုံးပုံနှစ်ပုံနီးပါးဟာ ရဲစခန်း ၆၀ အနက် ၁၀ ခုမှာ ဖြစ်ပွားခဲ့ပါတယ်. ၂၀၁၂ ခုနှစ်မှာ လုံခြုံရေးလေ့လာမှုတက္ကသိုလ်မှ တစ်နိုင်ငံလုံးအတိုင်းအတာအရ တောင်အာဖရိကနိုင်ငံဟာ ၉၀ ပြည့်လွန်နှစ်များအလယ်ပိုင်း မှစပြီး လူသတ်မှုနှုန်းကိုထက်ဝက်လျှော့ချနိုင်ခဲ့တယ်လို့သိရပါတယ်….

6: Maseru, Lesotho

လူသတ်မှုနှုန်းအားဖြင့် ၂၀၀၉ ခုနှစ်က လူ ၁၀၀,၀၀၀ မှာ  ၆၁.၉ ယောက်ခန့်ဖြစ်ပါတယ်. ၂၀၁၄ ခုနှစ် Osac အစီရင်ခံစာမှာ အိမ်နီးချင်းတောင်အာဖရိက မှာရှိတဲ့သတ္တုတွင်းလုပ်သားများအတွက်ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့နှုန်းမြင့်မားမှုနှင့် လုပ်ခလစာများပုံမှန်ကျဆင်းနေမှုတို့ကို မီးမောင်းထိုးပြထားတာတွေ့ရပါတယ်….

5: Tegucigalpa, Honduras

လူသတ်မှုနှုန်းအားဖြင့် ၂၀၁၁ ခုနှစ်က လူ ၁၀၀,၀၀၀ မှာ ၁၀၂ ယောက်နှုန်းဖြစ်ပါတယ်. ဟွန်ဒူးရပ်စ်လူသတ်မှုနှုန်းမှာ လူ ၁၀၀၀၀၀ တွင် ၉၀.၄ ယောက်နှုန်းဟာ ကမ္ဘာပေါ်တွင်အမြင့်ဆုံးဖြစ်ပါတယ်. Tegucigalpa မြို့ဟာ တိုင်းပြည်ရဲ့အကြီးဆုံးမြို့ဖြစ်ပါတယ်. 2011 ခုနှစ်အတွင်း သတ်ဖြတ်မှုပေါင်း 1,175 နှင့်အတူ UNODC မြို့ကြီးများစာရင်းတွင်ပါရှိခဲ့တာဖြစ်ပါတယ်…..

4: Belize မြို့

လူသတ်မှုနှုန်းအားဖြင့် ၂၀၁၁ ခုနှစ်က လူ ၁၀၀,၀၀၀ မှာ ၁၀၅ ယောက်နှုန်းဖြစ်ပါတယ်. တစ်ချိန်က Belize ရဲ့ ဗြိတိသျှကိုလိုနီဟာ ကမ္ဘာပေါ်မှာတတိယမြောက်လူသတ်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်. သတ်သေမှုအများစုဟာ အထူးသဖြင့်တောင်ဘက်ခြမ်းရှိ ဂိုဏ်းဂဏအကြမ်းဖက်မှုများပျံ့နှံ့နေတဲ့ ဘီလီဇ်မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်….

3: Guatemala မြို့

လူသတ်မှုနှုန်းအားဖြင့် ၂၀၁၀ ခုနှစ်က ၁၀၀,၀၀၀ မှာ ၁၁၆ ယောက်နှုန်းဖြစ်တဲ့  ဂွာတီမာလာဟာ ပြည်တွင်းစစ်၏အမွေကို ၁၉၆၀ မှ ၁၉၉၆ အထိတိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်. ၂၀၁၂ ခုနှစ်မှာ တစ်နိုင်ငံလုံးပျမ်းမျှလူသတ်မှု ၉၉.၅ ကြိမ်ဖြစ်ခဲ့ပါတယ်. Osac ဖော်ပြချက်အရတော့ ဒေသခံအရာရှိများက မဖြေရှင်းနိုင်ဘူးလို့ ဆိုပါတယ်…..

2: Caracas, Venezuela

လူသတ်မှုနှုန်းအားဖြင့် ၂၀၀၉ခုနှစ်က လူ ၁၀၀,၀၀၀ မှာ ၁၂၂ ခု နဲ့ အဆိုးဆုံးထိခိုက်မှုမှာ ရဲများမဝင်ရဲဘဲ ဂိုဏ်းအုပ်စိုးမှုနှင့်လူသတ်မှုများဟာ လုပ်ရိုးလုပ်စဉ်ဖြစ်လာတယ်လို့သိရပါတယ်. အစိုးရဟာ စာရင်းဇယားများကို ထုတ်ပြန်ဖို့ ငြင်းဆန်ပေမယ့်လည်း ၂၀၁၃ ခုနှစ်က လူ ၂၄,၀၀၀ အသတ်ခံခဲ့ရတယ်လို့ VOV အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်…..

1: Basseterre, Saint Kitts and Nevis

လူသတ်မှုနှုန်းအားဖြင့် ၂၀၁၁ ခုနှစ်က လူ ၁၀၀,၀၀၀ မှာ  ၁၃၁.၆ ယောက်နှုန်းဖြစ်ပါတယ်. သေးငယ်တဲ့ ကာရစ်ဘီယံနိုင်ငံဟာ လူနည်းစုလူဦးရေနှင့်နှိုင်းယှဉ်မယ်ဆိုရင် လူသတ်မှုများစွာရှိတဲ့ နိုင်ငံဖြစ်ပါတယ်. နောက်ဆုံးပေါ်အချက်အလက်များရရှိနိုင်တဲ့နှစ်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်က မြို့တော်ဘက်စ်တာရာမှာ လူသတ်မှု ၁၇ ခုဟာ လွန်ခဲ့သောခြောက်နှစ်ကထက် မြင့်တက်ခဲ့ပါတယ်…..