ကျန်းမာရေးအတွက်အထောက်အကူပေးမယ့် dynamic တက်တူးများ

လွန်ခဲ့သောနှစ်အနည်းငယ် အတွင်းဇီဝ ဆေးကုသမှုရဲ့ ရည်ရွယ်ချက်အတွက် အရောင်ပြောင်းတဲ့ နာနိုနည်းပညာသုံး တက်တူးများကိုတီထွင်ခဲ့ပါတယ်. ဒီတက်တူးတွေဟာလူတစ်ယောက်ကိုသူ တို့ရဲ့ဇီဝဓာတုဗေဒပြောင်းလဲမှု ဒါမှမဟုတ် ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဓါတ်ရောင်ခြည်ထိတွေ့မှုအကြောင်း သတိပေးရန်ရည်ရွယ်ပါတယ်…..

ဒီနည်းပညာကို လက်တွေ့အသုံးချနေပြီမဟုတ်သေးပေမယ့် လက်တွေ့အသုံးချနိုင်ဖို့ မဝေးတော့ပါဘူး. ဒီတက်တူးမျိုး လုပ်ဖို့ဖြစ်နိုင်ချေရှိကြောင်း သက်သေပြနိုင်တဲ့လေ့လာမှုတွေရှိခဲ့ပြီဖြစ်ပါတယ်……

သူတို့ကအရောင်ကိုပြောင်းလဲနိုင်ရုံသာမကဘဲ လူကိုဇီဝဆေးဘက်ဆိုင်ရာသတင်းအချက်အလက်တွေ ပေးနိုင်မှာဖြစ်ပါတယ်. ဥပမာ – ကင်ဆာရောဂါစတင်ခြင်း လိုမျိုးရောဂါလက္ခဏာတွေ ရှိလာပြီဆိုရင် နာနိုနည်းပညာသုံး တက်တူးများက သတင်းအချက်အလက်ပေးတာမျိုး ဖြစ်ပါတယ်……

တက်တူးတွေဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေကို ပြသနိုင်မယ့် ပြဒါးတိုင်ဖြစ်လာတော့မှာပါ. မကြာသေးမှီကပဲ အလွန်တရာပါးလွှာတဲ့ အီလက်ထရောနစ်တက်တူးများကို သုံးပြီး တစ်ကိုယ်ရေကျန်းမာရေး စောင့်ကြည့်နိုင်တဲ့ Nanosheet နည်းပညာတိုးတက်လာခဲ့ပါတယ်. Nano  နည်းပညာကြောင့် သိပ္ပံပညာရှင်တွေဟာ အိမ်သုံးပရင့်တာကို သုံးပြီး tattoos များကို ဖန်တီးနိုင်ပြီ ဖြစ်ပါတယ်……

၂၀၁၇ လေ့လာမှုတစ်ခုမှာ သုတေသီများဟာ အရေပြားများမှ ဂလူးကို့စ်၊ ဆိုဒီယမ် (pH) အဆင့်များကိုအရောင်အားဖြင့်ညွှန်ပြသော မော်လီကျူးဇီဝအာရုံခံတက်တူးကို pigskin မှာထိုးခဲ့ကြပါတယ်. ဒီလေ့လာမှုကို ၂၀၁၉ မှာတိုးချဲ့ပြီး သုတေသီများဟာ ပရိုတိန်းကိုအာရုံခံနိုင်ပြီး တက်တူးမှထုတ်ပေးတဲ့ သတင်းအချက်အလက်ကို စမတ်ဖုန်းနဲ့ဖတ်ယူနိုင်တဲ့ နည်းစနစ်ကို တီထွင်ခဲ့ကြပါတယ်……

၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ နောက်ထပ်လေ့လာမှုတစ်ခုအရ ကင်ဆာအမျိုးအစားများကြောင့် ကယ်လ်ဆီယမ်မညီမျှမှုဖြစ်ပေါ်တဲ့အခါ အရေပြားဆဲလ်များနဲ့ ပြုလုပ်ထားတဲ့ တက်တူးဟာ မှေးမှိန်သွားကြောင်းဖော်ပြခဲ့ပါတယ်…….

သုတေသီများဟာ ဒီတက်တူးအမျိုးအစားများကို ကြည့်ရှုခြင်းအားဖြင့် -ဥပမာနေရောင်ခြည်စွမ်းအင်သုံး freckles ကဲ့သို့သော ခရမ်းလွန်ရောင်ခြည်ထိတွေ့ခြင်း၊ အပြာရောင်ပြောင်းခြင်းများ မတိုင်မီအထိ ထိုသူဟာ နေရောင်ကာကွယ်ဆေးကိုအသုံးပြုသင့်ကြောင်းညွှန်ပြရန်အတွက်ရှာဖွေနေကြပါတယ်. ခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူတဲ့ တက်တူးများကို အရေပြားကိုအမြဲကာကွယ်တဲ့ နေရောင်ကာကွယ်မှုကဲ့သို့ ကာကွယ်ပေးတဲ့ သုတေသနကိုလည်းပြုလုပ်နေကြပါတယ်…..

ကျန်းမာရေးကဏ္ဍများကို အထောက်အကူဖြစ်စေနိုင်တဲ့ နည်းပညာမြင့်တက်တူးများကို ဘေးထွက်ဆိုးကျိုးမရှိဘဲ ထိရောက်တွင်ကျယ်စွာ သုံးနိုင်ဖို့ကတော့ အချိန်ယူရဦးမှာ ဖြစ်တယ်ဆိုပေမယ့်လည်း အနာဂတ်မှာ လက်တွေ့အသုံးပြုနိုင်မယ်ဆိုတာကတော့ သေချာနေပြီလို့ သိရပါတယ်…….

Credit : Source From Internet