လူအချို့က ဉာဏ နဲ့ အလုပ်လုပ်နေချိန်မှာ လူအချို့က ကာယနဲ့ အလုပ်လုပ်နေကြရတယ်. ပေါ့ပေါ့ပါးပါး လုပ်ကိုင်ရတဲ့ အလုပ်တွေရှိသလို အချို့ကတော့ သေမင်းနဲ့စစ်ခင်းရလောက်တဲ့ အလုပ်အကိုင်တွေနဲ့ ပတ်သက်နေကြပါတယ်. ကမ္ဘာပေါ်က အန္တရာယ်အများဆုံးသော အလုပ်အကိုင်တွေအကြောင်း လေ့လာကြည့်ကြရအောင်….

ရေအောက်ဂဟေဆော်လုပ်ငန်း
ရေအောက်ဂဟေဆော်လုပ်ငန်းလုပ်ကိုင်သူများဟာ နေ့စဉ် အန္တရာယ်များစွာနှင့်ကြုံတွေ့ရပါတယ်. သူတို့ဟာ ရှော့ဖြစ်ခြင်း ၊ ပေါက်ကွဲခြင်း ၊ ရေဖိအား လျော့ကျသွားတဲ့ အချိန်မှာ ဓာတ်ငွေ့ထွက်တာကြောင့် ဖြစ်တဲ့ ရောဂါ-Decompression Sickness စတဲ့ အန္တရာယ်တွေနဲ့ အချိန်မရွေးကြုံတွေ့ရနိုင်ပါတယ်. ရေအောက်ဂဟေဆော်ခြင်းဟာ အန္တရာယ်အရှိဆုံးအလုပ်အကိုင် ၅ ခုအနက်မှတစ်ခုဖြစ်တယ်လို့ Blogger Proud to American မှဖော်ပြခဲ့ပါတယ်. ဒီအလုပ်အကိုင်ဟာ ၁၅% သေဆုံးနှုန်းရှိခဲ့ပြီး ရဲအရာရှိလုပ်ငန်းထက် အဆပေါင်း ၁၀၀၀ ပိုပြီး အန္တရာယ်များပါတယ်…..

ပင်လယ်ပြင်မှတံငါသည်လုပ်ငန်း
ပင်လယ်ပြင်မှာ ငါးဖမ်းခြင်းလုပ်ငန်းဟာ အလွန်အမင်းအန္တရာယ်ရှိတဲ့ အလုပ်ဖြစ်ပါတယ်. မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ မုန်တိုင်းဒဏ် ၊ လှိုင်းဒဏ် ၊ အိပ်ချိန်နည်းပြီး နာရီပေါင်းများစွာအလုပ်လုပ်ရခြင်း နဲ့ စက်ယန္တရားကြီးများနှင့်စက်ကိရိယာများကြောင့် အကြီးအကျယ်ဒဏ်ရာရခြင်းများနဲ့ ရင်ဆိုင်ကြရပါတယ်. သေဆုံးမှုရဲ့ ၈၀ ရာနှုန်းဟာ hyperthermia ကြောင့် ဒါမှမဟုတ် ရေနစ်သေဆုံးခြင်းကြောင့် ဖြစ်တယ်လို့သိရပါတယ်….

သစ်ခုတ်သမား
သစ်ခုတ်သမားများဟာ အလုပ်ခွင်မှာ သေဆုံးမှုနှုန်းအမြင့်ဆုံးနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုရှိတဲ့ အလုပ်အကိုင်များထဲက တစ်ခုဖြစ်ပါတယ်. နှစ်စဉ်သစ်ခုတ်သူ ၁၀၀၀၀၀ တွင် ၉၁ ဦး သေဆုံးပြီး ပျမ်းမျှအလုပ်ထက်အဆ ၃၀ နီးပါးပိုပြီးအန္တရာယ်များပါတယ်. သစ်ထုတ်လုပ်ရေးနှင့်ဆက်စပ်တဲ့ သေဆုံးမှုအများစုဟာ ပစ္စည်းကိရိယာအမှားအယွင်းများ ဒါမှမဟုတ် သစ်ပင်ပိခြင်းများကြောင့် ဖြစ်ပါတယ်….

Microchip ထုတ်လုပ်သူ
ဒီလုပ်ငန်းဟာ အန္တရာယ်ရှိပုံရတဲ့ အလုပ်မဟုတ်ပေမယ့်လည်း ကွန်ပျူတာချစ်ပ်များကို အာဆင်းနစ်အပါအဝင် အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းများနဲ့ ဖန်တီးထားတာဖြစ်လို့ ချက်ချင်းသေစေနိုင်တဲ့ လုပ်ငန်းမျိုးမဟုတ်ပေမယ့်လည်း ကျန်းမာရေးအတွက်ရေရှည်အကျိုးသက်ရောက်မှုများရှိစေပါတယ်….

Bush Pilot
ဒီလုပ်ငန်းကို လူငယ်အတော်များများ နှစ်သက်ကြတယ်ဆိုပေမယ့်လည်း တကယ်ကို စွန့်စားမှုများစွာပါဝင်ပြီး အန္တရာယ်များတဲ့ လုပ်ငန်းပါ. ဘယ်နေ့ရက်မဆိုရာသီဥတုဆိုးရွားတဲ့ အခြေအနေနဲ့ အလုပ်လုပ်ရနိုင်ပြီး ပျက်ကျမှုတွေလည်း ဖြစ်နိုင်ပါတယ်. လေ့ကျင့်မှုများစွာပြုလုပ်ထားပေမယ့်လည်း အလုပ်သမား ၁၀၀,၀၀၀ မှာ ၈၈ ဦးခန့် သေဆုံးတယ်လို့ ဗျူရိုရဲ့ အလုပ်သမားစာရင်းအင်းများအရသိရပါတယ်….

နွားရိုင်းစီးသူ
ဒုတိယအကြိမ်စီးနင်းရန်အတွက် ငွေအမြောက်အများပေးမယ် ဆိုတဲ့ကတိပေးမှုများနဲ့ ၁၉၉၀ ပြည့်နှစ်များမှစပြီး နွားရိုင်းစီးခြင်းဟာ လူကြိုက်များလာခဲ့ပါတယ်. နွားရိုင်းစီးသူများဟာ သူတို့ပါဝင်တဲ့ ပွဲ ၁၅ ပွဲမှာ အနည်းဆုံးအနေနဲ့ ဒဏ်ရာရခြင်း၊ အရိုးများကျိုးခြင်းများကို ခံစားရနိုင်ပါတယ်. တကယ်တော့ ဒီလို အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အခြေအနေဟာ ဆုငွေနဲ့မထိုက်တန်ပါဘူး….

သံမဏိအလုပ်သမား
safety harnesses တွေဝတ်ဆင်ကာကွယ်ပေးထားတယ် ဆိုပေမယ့်လည်း သံမဏိအလုပ်သမားများဟာ အမြင့်ကနေ ကျသွားနိုင်ပါတယ်. သံမဏိထည်များ အလုပ်သမားများအပေါ်ပြိုကျပျက်စီးခြင်းများလည်း ဖြစ်နိုင်ပါတယ် . ယူအက်စ်တွင် ၂၀၀၅ ခုနှစ်မှာ သံမဏိလုပ်သားများဟာ BLS စာရင်းအရ လူ ၁၀၀,၀၀၀ မှာ ၅၆ ဦး အထိသေဆုံးခဲ့တယ်လို့ သိရပါတယ်….

ရေနံတူးစင်လုပ်သား
ဒီအလုပ်ဟာ အလုပ်သမား တစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် စိန်ခေါ်မှုရှိတဲ့လုပ်ငန်းပါပဲ. ကမ်းလွန်ရေနံလုပ်သားအများစုဟာ ၁၆ နာရီအဆိုင်းနဲ့ အလုပ်လုပ်ကြရပါတယ်. များသောအားဖြင့်အိပ်စက်ချိန်နည်းပါးပြီး အန္တရာယ်များတဲ့ပတ်ဝန်းကျင်လည်းဖြစ်ပါတယ်. ရေနံတူးစင်ပေါက်ကွဲမှုများဟာ ဒီလုပ်ငန်းရဲ့ အများဆုံးဖြစ်တတ်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်….
နောက်ထပ် အန္တရာယ်များတဲ့ လုပ်ငန်းတွေကတော့ ကုန်တင်ယာဉ်မောင်း ၊ သတ္တုတွင်းလုပ်သားများ ၊ မြွေဆိပ်ထုတ်သူ ၊ ဆပ်ကပ်သမားများ ၊ လျှပ်စစ်ပါဝါလိုင်းအလုပ်သမား ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများ ၊ မိကျောင်းနဲ့နပန်းပြိုင်သူတွေ နဲ့ မီးသတ်သမားတွေပဲဖြစ်ပါတယ်…..