ချစ်သူကဖောက်ပြန်သွားတာခံရတဲ့ ဝေဒနာဟာ သိပ်ကိုနာကျင်ခံစားရတာကြောင့် လူတိုင်းက ဒီလိုအဖြစ်မျိုးကို မကြုံချင်ကြပါဘူး. ချစ်သူက ကိုယ့်အပေါ်ဖောက်ပြန်တာမလိုချင်သလို ဖောက်ပြန်နေတာကိုမသိဘဲနေ အလိမ်ခံနေရတာကိုလည်း မလိုချင်ကြပါဘူး….
အခုပြောပြမယ့်အချက်တွေနဲ့ တိုက်ဆိုင်နေမယ်ဆိုရင်တော့ ချစ်သူက စိတ်ပိုင်းဆိုင်ရာဖောက်ပြန်ဖို့အစပြုနေပြီလို့ ယူဆနိုင်ပြီး ပြတ်သားတဲ့အဖြေတစ်ခုကို ရှာဖွေသင့်ပါတယ်နော်….

၁.သင့်အပေါ်ဆက်ဆံတဲ့ သူရဲ့ပုံစံက ရှင်းပြလို့မရအောင် ပြောင်းလဲသွားတယ်. ပထမပိုင်းမှာတော့ ကိုယ်ကပဲ သံသယတွေများနေတာလား. သူဒီလိုမလုပ်လောက်ပါဘူးလို့ ထင်ရနိုင်ပေမယ့် သေချာပြီဆိုတဲ့အချိန်ဆိုရင်တော့ နောက်ကျသွားနိုင်ပါတယ်. ဒါကြောင့် သင့်အပေါ်သူ့ရဲ့အမူအရာတွေအမြဲလိုလိုပြောင်းလဲစပြုလာပြီဆိုတာနဲ့ ဘာကြောင့်လဲဆိုတာ စုံစမ်းသင့်ပါတယ်နော်….

၂. အခြားသူကို ပိုဦးစားပေးတတ်လာပြီး အခြားသူကြောင့် မကြာခဏစကားများရန်ဖြစ်လာရတယ်….
၃.သင့်ကိုအချိန်မပေးတော့ဘဲ သူ့ရဲ့အစီအစဉ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်တယ်…
၄. Social Media ပိုသုံးလာတယ်…
၅. သူ့ရဲ့ဖုန်းကို ယူကြည့်မှာမလိုလားဘဲ Privacy ထားဖို့ တောင်းဆိုလာမယ်…..
၆. ပွင့်ပွင့်လင်းလင်းမပြောတော့ဘူး. မျက်နှာ မကောင်းလို့မေးရင်တောင် မစပ်စုနဲ့ဆိုတဲ့ပုံစံမျိုးနဲ့ ဆက်ဆံလာလိမ့်မယ်….
၇. သူ့ရဲ့အပြုအမူတွေက သင့်ရဲ့ယုံကြည်မှုတွေကိုပျောက်လာစေတယ်…

၈.သူ့ခြေလှမ်းတွေ ပျက်နေတယ်ဆိုတဲ့အကြောင်းပြောတိုင် ပြဿနာတက်လာရလိမ့်မယ်….
၉. သင့်နဲ့တွေ့ဖို့ ချိန်းဆိုထားတာတွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ပျက်ကွပ်လာမယ်….
၁၀. ဘာမဟုတ်တာကအစ သင့်အပေါ် ဒေါသထွက်လာမယ်. ဒေါသတကြီးဆက်ဆံမယ်…

ဒီလို အချက်တွေထဲက တော်တော်များများနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင့်ချစ်သူဟာ ဖောက်ပြန်ဖို့အစပြုနေပြီလို့ ယူဆနိုင်ပါတယ်. အခြေအနေမလွန်ခင် တားဆီးထားနိုင်ဖို့ ဒီလိုအမူအရာတွေပြနေတဲ့ချစ်သူအတွက် ပြတ်သားတဲ့အဖြေတစ်ခုကို ရှာဖွေသင့်ပါတယ်နော်….
Comments are closed, but trackbacks and pingbacks are open.