ငှက်ပျောရွက်နဲ့ပြုလုပ်ထားတဲ့ အပင်ပျိုးအိတ်ကလေးတွေဟာ ပလတ်စတစ်အိတ်တွေထက် များစွာ ပိုမိုကောင်းမွန်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ဆိုးကျိုးပေးနိုင်တဲ့ ပလတ်စတစ်လျော့ချရေးကို တစ်ထောင့်တစ်နေရာကနေ ထောက်ပံ့ပေးနိုင်တာကြောင့် ဒီနည်းဟာ ဂေဟသဟဇာတဖြစ်စေတဲ့ စိုက်ပျိုးနည်းစနစ်တွေထဲက တစ်ခုဖြစ်လို့လာပါတယ်….

ဒီ နည်းလမ်းကို ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးရေးလုပ်သူတစ်ဦးက ဝေမျှခဲ့တာတွေ့ရပါတယ်. ဗီယက်နမ်မှာ မျိုးစေ့ကနေ အပင်လေးတွေပျိုးမယ်ဆိုရင် ပလတ်စတစ်ပျိုးအိတ်အစား ငှက်ပျောရွက်လေးတွေကို အစားထိုးသုံးကြပါတယ်……

ရက်အနည်းငယ်ကြာလာရင် အပင်လေးတွေစပေါက်လာပြီး ပုံထဲကအတိုင်း ငှက်ပျောရွက်နဲ့အတူ အပင်ကို မြေကြီးပေါ်ချစိုက်လို့ရပါပြီ. ဒီလိုနည်းလမ်းဟာ အပင်ကို မြန်မြန်ပေါက်စေသလို ကုန်ကျစရိတ် ကိုလဲသက်သာစေနိုင်ပါတယ်လို့ ဗီယက်နမ်က လက်တွေ့စိုက်ပျိုးရေးလုပ်နေသူက ရှင်းပြထားပါတယ်… တို့ မြန်မာပြည်မှာလည်း ဒီနည်းလမ်းတွေနဲ့ ကုန်ကျစရိတ်သက်သာအောင် စိုက်ပျိုးသင့်ပါတယ်….
Comments are closed, but trackbacks and pingbacks are open.