လူတော်တော်များများက နေရာတစ်ခုရောက်ရင် ကိုယ်ကြိုးစားပမ်းစား လုပ်လာတာတွေကိုပဲ ထပ်ကာတလဲလဲ လုပ်ရမှာ ငြီးငွေ့လာတတ်ကြတယ်. ဥပမာ ကွန်ပျူတာရှေ့မှာထိုင်ပြီး နေ့စဉ်အလုပ်လုပ် နေသူဟာ ငါ့အလုပ်က အညောင်းမိလိုက်တာ Travel vloger တွေသာဆို လှုပ်လှုပ်ရှားရှားနဲ့ သဘာဝရှုခင်းတွေကြည့်ရင်း သိပ်ကိုအပန်းပြေမှာပဲ လို့ တွေးမိနိုင်ပါတယ်. Travel vloger တစ်ယောက်ဟာလည်း ရာသီဥတု သာယာသည်ဖြစ်စေ ၊ မသာယာသည်ဖြစ်စေ သွားလာနေရတာကို ငြီးငွေ့ပြီး အဲကွန်းအခန်းထဲမှာ coding လေးထိုင်ရေးနေရတဲ့ ဘဝကို တမ်းတချင် တမ်းတမိကြမှာပါပဲ……

စာရင်းကိုင်ဖြစ်အောင် ကြိုးစားခဲ့သူက စာရင်းတွက်ရမှာ ငြီးငွေ့တယ်. ဆောင်းပါးရေးတဲ့ အလုပ်ကိုရွေးချယ်ခဲ့သူလည်း စားရေးရတာကို ငြီးငွေ့သလို သရုပ်ဆောင် တစ်ယောက်ဟာလည်း အမြဲတမ်း အစစ်အမှန်မဟုတ်တဲ့ ဟန်ပန်မူယာတွေကြားမှာ ဟန်လုပ်သရုပ်ဖော်နေရတာကို ငြီးငွေ့လာနိုင်ပါတယ်…..
ဒီလို ကိုယ်ရှင်သန်တဲ့ ဝန်ကျင် ၊ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ ပျော်စရာ မရှိတော့ဘူး၊ ပျင်းလိုက်တာလို့ တွေးမိနေပြီဆိုရင်တော့….
– ဒီအလုပ်ကိုရလာအောင် ကြိုးစားခဲ့တဲ့ နေ့ရက်တွေကို တွေးကြည့်ပါ
-ဒါကိုရဖို့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ပြန်အမှတ်ရကြည့်ပါ
-ဒါကိုရဖို့ ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ အချိန်တွေ ငွေတွေကို ပြန်တွက်ကြည့်ပါ
– ဒီလိုဖြစ်လာဖို့ ပံ့ပိုးပေးခဲ့သူတွေရဲ့ မျက်နှာကို ပြန်ထောက်ကြည့်ပါ
အားလုံးသိထားပြီး အားလုံးလည်းခံစားဖူးတဲ့ အမှန်တရားတစ်ခုပြောပါမယ်. ပိုက်ဆံရတဲ့ အလုပ်တိုင်းက မလွယ်ကူသလို အမြဲတမ်းပျော်စရာ ကောင်းနေမှာမျိုးလည်းမဟုတ်ပါဘူး. ပျော်စရာတွေကိုပဲ လိုက်ရှာနေမယ်ဆိုရင်လည်း သေချာတာက ငွေပါထပ်ကုန်အုံးမှာပါ. ဒါကြောင့် အလုပ်က ငြီးငွေ့စရာကောင်းတယ်လို့ ထင်လာရင် ပြောပြခဲ့တဲ့ အချက်တွေကို ပြန်တွေးပါ . ဒီအလုပ်ဟာ ငါ့အတွက် ငါ့မိသားစုအတွက် လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး အားလုံးကို အဆင်ပြေစေမယ့် အရာဖြစ်လို့ ငါစွမ်းစွမ်းတမံ ကြိုးစားလုပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို အားမွေးလိုက်ပါလို့ ပြောချင်ပါတယ်…..
Comments are closed, but trackbacks and pingbacks are open.