ငှက်ပျောသီးကို ဘာကြောင့် နေ့တိုင်းစားသင့်တာလဲ…..?

ကျွန်တော်တို့ရဲ့ ဘဝမှာ လူတိုင်းနီးပါး ကြားဖူးနေကြမယ့် စကားလေးတစ်ခွန်းကတော့ ရှိနေပါတယ်… ဒီစကားလေးကတော့ တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးခြင်းက သင့်အား ဆရာဝန်နှင့် ဝေးကွာစေသည် ဆိုသကဲ့သို့ အခြားသော စကားတွေလည်း ရှိနေတာ ဖြစ်ပါတယ်…. ဒီစကားတင်သာမက နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သည် ဆိုတဲ့ စကားလေးကလည်း လူတိုင်းက နေရာတိုင်းမှာ ကြားဖူးကြမှာ အသေအချာပါ…. သစ်သီးဝလံတွေကို နေ့စဉ်စားသုံးပေးခြင်းက သင့်ရဲ့ ကျန်းမာရေးကို ထာဝရ စောင့်ရှောက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်….. ဒီထဲကမှ ငှက်ပျောသီးကို ဘာကြောင့် စားသင့်သလဲ…? ဘာတွေကို စောင့်ရှောက်ပေးသွားမှာလဲ ဆိုတာကတော့ ကျွန်တော်အခုပြောပြပေးတာလေးကို ဆက်ပြီး ဖတ်ရှုပေးပါဦးနော်…..

ငှက်ပျောသီးကို နေ့စဉ်နေ့တိုင်း စားသုံးခြင်းအားဖြင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို တားဆီးပေးနိုင်တာပဲ ဖြစ်ပါတယ်… ဒီလေ့လာမှုကို Albbama တက္ကသိုလ်ကနေ ကြွက်တွေမှတစ်ဆင့် စမ်းသပ်မှုကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်…. ဒီမှာပါဝင်တဲ့ ဓာတ်သတ္ထုတစ်မျိုးဖြစ်တဲ့ ပိုတက်စီယမ်ဟာ သွေးစီးဆင်းမှုနှင့် သွေးလွှတ်ကြော ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနေတာဖြစ်ပြီး ရှာတွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်…

ဒါတင်သာမက  အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ် Wexner Medical Center မှနှလုံးအထူးကုဒေါက်တာ Ragavendra Baliga ရဲ့ အဆိုအရ (၂၀၁၁)  ခုနှစ် အမေရိကန်နှလုံးရောဂါကောလိပ်ဂျာနယ်တွင် လေ့လာမှုအရ လေ့လာမှု (၁၁) ခုနှင့်အတူ လူ (၂၅၀,၀၀၀)ရဲ့ အချက်အလက်များပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်….  လေ့လာမှုက တစ်နေ့လျှင် ပျမ်းမျှ (၁၅၄၀) မီလီဂရမ် အစာအာဟာရတိုးခြင်းသည် (၂၁) ရာခိုင်နှုန်းအထိ လျှော့ချနိုင်တဲ့ လေဖြတ်ခြင်းနှင့် ဆက်စပ်နေတယ်လို့ ပြောကြားခဲ့ကြတာလည်း ဖြစ်ပါတယ်……

ဘာအကျိုးကျေးဇူးကို အဓိကပေးထားနိုင်လဲဆိုတာကတော့

၁) ငှက်ပျောသီးမှာ ပါဝင်နေတဲ့ ဗီတာမင် B6များရဲ့ အကောင်းဆုံးအသီးတွေထဲက တစ်ခုဖြစ်နေခဲ့ပြီး ခန္ဓာကိုယ်ကို သွေးနီဥများ ထုတ်လုပ်ရန်၊ ဘိုဟိုက်ဒရိုက်နှင့် အဆီဓာတ်များကို ထိန်းသိမ်းရန်၊ အမိုင်နိုအက်ဆစ်များကို ထိန်းညှိရန်၊ သင့်အသည်းကို အကောင်းဆုံးစောင့်ရှောက်ပြီး ကျန်းမာသော ဦးနှောက်အာရုံကြောစနစ်ကို ထိန်းသိမ်း ပေးသွားနိုင်တာလည်း ဖြစ်ပါတယ်….

၂) ငှက်ပျောသီးသည် ဗီတာမင်စီကြွယ်ဝစွာရှိပြီး သင့်ခန္ဓာကိုယ်ကို ဆဲလ်များနှင့် တစ်သျှူးများ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်…. ၎င်းသည် ဆာရိုတိုနင်ထုတ်လုပ်ခြင်းဖြင့် ကော်လာဂျင်ထုတ်လုပ်နိုင်ပြီး ဦး နှောက် ကျန်းမာရေးကို အထောက်အကူပြုနိုင်မှာလည်း ဖြစ်ပါတယ်….

၃) အလယ်အလတ်အရွယ်ရှိသော ငှက်ပျောတစ်ခုသည် သင်၏ နေ့စဉ်မန်းဂနိစ်လိုအပ်မှု၏ (၁၃) ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးပြီး သင့်ခန္ဓာကိုယ်ကို ကော်လာဂျင်ဖြစ်စေပြီး အရေပြားနှင့် အခြားဆဲလ်များကို ပျက်စီးမှုမှ ကာကွယ်ပေးနိုင်တာလည်း ဖြစ်ပါတယ်….

၄) ငှက်ပျောသီးရှိ ပိုတက်စီယမ်သည် သင့်ခန္ဓာကိုယ်အား ကျန်းမာသောနှလုံးနှင့် သွေးဖိအားကို ထိန်းသိမ်းရန် ကူညီနိုင်တဲ့အပြင် ဆိုဒီယမ် ပါဝင်မှုကိုလည်း နည်းစေမှာ ဖြစ်ပါတယ်….  ဆိုဒီယမ်အနိမ့်နှင့် ပိုတက်စီယမ် ပေါင်းစပ်မှုဖြင့် သွေးပေါင်ချိန်မြင့်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်တာ ဖြစ်ပါတယ်….

၅) ငှက်ပျောသီးသည် အစာခြေခြင်းနှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများကိုလည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်…….

ဒီလိုအဖက်ဖက်က အသုံးဝင်နေတဲ့ ရရှိဖို့လည်း လွယ်ကူတဲ့ ငှက်ပျောသီးကို သင့်ရဲ့ နေ့စဉ်ဘဝမှာ ထည့်သွင်း စားသုံးခြင်းအားဖြင့် အကျိုးကျေးဇူးပေါင်းများစွာကို ရရှိစေနိုင်မှာ ဖြစ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်သွားစေနိုင်မှာလည်း ဖြစ်ပါတယ်…..

ဒါကြောင့် ကျွန်တော်တို့ရဲ့ ချစ်ရသူ ခင်ရသူ မြတ်နိုးရသူတွေကို နေ့စဉ်နေ့တိုင်း ငှက်ပျောသီးကျွေးဖို့ မမေ့လိုက်ပါနဲ့နော်…………

Credit : Source From Internet