လူတိုင်းက လုယက် ဓားပြတိုက် ဆရာကျကျလိမ်လည်မှု စတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တဲ့ ရုပ်ရှင်တွေကို နှစ်သက်တတ်ကြပေမယ့် အပြင်လက်တွေ့ဘဝမှာ ဒီလို လူတွေနဲ့ ဆုံရမှာကိုတော့ ကြောက်ကြမှာပါပဲ. ဒီတစ်ခါမှာတော့ ကြောက်စရာကောင်းပြီး ကမ္ဘာနဲ့ချီပြီး နာမည်ကြီးခဲ့တဲ့ ဒုစရိုက်သမားတွေအကြောင်း ပြောပြချင်ပါတယ်…..

Doris Payne
ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးသော ရတနာသူခိုးများထဲမှတစ် ဦးဖြစ်တဲ့ Doris Payne ဟာ အစွန်းရောက်သူတစ် ဦးဖြစ်ပါတယ်… ၂၀၁၃ ခုနှစ် မှတ်တမ်းအရ ဆယ်စုနှစ် ၆ ခု အတွင်း ပြစ်မှုဆိုင်ရာကျူးလွန်မှုများကတော့ ၁၉၇၀ ပြည့်နှစ် Monte Carlo မှာ ဒေါ်လာ ၅၀၀,၀၀၀ တန် ၁၀ ကာရက်ရှိ စိန်လက်စွပ်ခိုးယူမှုလည်း အပါအ၀င် ဖြစ်ပါတယ်. သူမဟာ ချမ်းသာတဲ့ Client တစ်ယောက်လိုဟန်ဆောင်ပြီး ရတနာတွေကို အနီးကပ်ကြည့်ရှုနိုင်ဖို့ အမျိုးမျိုးကိုတောင်းဆိုပြီး ချဉ်းကပ်တတ်သူတစ်ယောက်ဖြစ်ပါတယ်. ၂၀၁၁ ခုနှစ်မှာ ၁ ကာရက် စိန်လက်စွပ်ကိုခိုးယူမှုကြောင့် အသက် ၈၀ အရွယ်ရောက်နေပြီဖြစ်တဲ့ Payne ကို ဖမ်းမိပြီး ထောင်ချခြင်းခံခဲ့ရပါတယ်. သူမဟာ ထိုအချိန်ကစပြီး အကြိမ်ပေါင်းများစွာအဖမ်းခံခဲ့ရပြီးမြောက် ကာရိုလိုင်းနားရှိ ဒေါ်လာ ၃၃၀၀၀ တန်စိန်လက်စွပ်ကိုခိုးယူခဲ့တယ်လို့လည်း သံသယရှိခံရသူဖြစ်ပါတယ်….

Derek “Bertie” Smalls
၁၉၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်များဟာ ဗြိတိသျှလက်နက်ကိုင်လုယက်မှုများအတွက်ရွှေခေတ်ဖြစ်ခဲ့ပြီး Derek “Bertie” Smalls ဟာ အသက် ၁၅ နှစ်အရွယ်နဲ့ ရာဇ၀တ်မှုကျူးလွန်သူဖြစ်ခဲ့တာပါ. သူဟာ ၁၉၇၀ မှာ Ilford Barclay ဘဏ်ခွဲကိုဓားပြတိုက်ခဲ့ပြီး ပေါင် ၂၃၇၀၀၀ ကို ကြီးမားစွာပိုင်ဆိုင်ခဲ့ပါတယ်. မှတ်တမ်းတွေအရ လန်ဒန်အရှေ့ပိုင်းမှ ဇာတိပါရီသို့ထွက်ပြေးခဲ့ပြီး နောက်ပိုင်းမှာ ကော့စတေးလ်ဒီလာသို့ ထွက်ပြေးခဲ့တယ်လို့သိရပါတယ်. ၁၉၇၄ ခုနှစ်မှာ Smalls ဟာ Britsh ရဲတပ်ဖွဲ့သို့ မိမိကိုယ်ကိုအပ်နှံခဲ့ပြီးသူ၏ Underworld အသိအကျွမ်းများအတွက် ယုံကြည်မှုများရရှိစေရန်အတွက်သူ၏ကူညီမှုကြောင့် အပြစ်ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်. သူ့ကို ဗြိတိန်၏ပထမဆုံး supergrass အဖြစ်သတ်မှတ်ခံခဲ့ရပြီး၂၀၀၈ ခုနှစ်မှာ သေဆုံးခဲ့တယ်လို့သိရပါတယ်…..

Carl Gugasian
ပါရဂူဘွဲ့ ရရှိထားတဲ့ Ivy League_ အိုင်ဗီလိဂ် ပညာတတ်စစ်အရာရှိတစ်ဦး ဖြစ်တဲ့ Carl Gugasian ဟာ ဘယ်တုန်းကမှ အသက်မွေးဝမ်းကြောင်းအတွက်ရာဇဝတ်မှုကျူးလွန်ဖို့ မရည်ရွယ်ခဲ့ပါဘူး. ဒါပေမယ့် သူရဲ့ အားလပ်ချိန်များမှာ ပျက်ရယ်ပြုဖို့ လုယက်မှုများစွာကိုစီစဉ်ပြီးနောက်မှာတော့ ပဲင်စီလ်ဘေးနီးယားပြည်နယ်က ပြစ်မှုထင်ရှားတဲ့လူငယ်ပြစ်မှုကျူးလွန်သူ -သောကြာနေ့ညဘဏ်ဓားပြ အဖြစ်နာမည်ဆိုးဖြင့်ကျော်ကြားလာခဲ့ပါတယ်. သူ့ရဲ့ လုယက်မှုအများစုဟာ ပိုမိုကောင်းမွန်တဲ့ ထွက်ပေါက်လမ်းကြောင်းရှိမယ့် သစ်တောများအနီးရှိမြို့ငယ်လေးများဖြစ်ပါတယ်. လုယက်မှုတွေလုပ်တဲ့အခါ သူက စက်ဆုပ်ဖွယ်ကောင်းတဲ့ မျက်နှာမျက်နှာဖုံးတွေကို ဝတ်ဆင်ခဲ့ပါတယ်. Gugasian ဟာ ၂၀၀၂ ခုနှစ်မှာဖမ်းဆီးခံခဲ့ရပါတယ်. နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတွေမှာ ပါ၀င်လိုတဲ့ သူရဲ့ဆန္ဒဟာ ထောင်ဒဏ် ၁၁၅ နှစ်မှ ၁၇ နှစ်အထိကျဆင်းစေခဲ့ပါတယ်. Gugasian ဟာ အခြားအကျဉ်းသားများကို calculus သင်ကြားပေးခဲ့ပါတယ်….

Frank Abagnale Jr
၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Steven Spielberg ရိုက်ကူးခဲ့ပြီး Leonardo Di Caprio နဲ့ Tom Hanks တို့သရုပ်ဆောင်ထားတဲ့ “Catch Me If You Can” ရုပ်ရှင်ကားဟာ Frank Abagnale Jr အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပါ. Abagnale ဟာ လေယာဉ်မှူး၊ ဆရာဝန်၊ ရှေ့နေနှင့် ထောင်အရာရှိတစ်ဦး စတဲ့ အယောင်ဆောင်မှုများစွာကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်. ၁၉၆၉ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံမှာ အဖမ်းခံခဲ့ရပြီး အမေရိကန်သို့ပြန်မပို့မီ ပြင်သစ်နိုင်ငံမှာ ထောင်ဒဏ် (၆) လ အကျဉ်းချခံခဲ့ရပါတယ်. သူဟာ 12 နှစ်ပစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်. ၁၉၇၄ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး လုံခြုံရေးအတိုင်ပင်ခံအဖြစ် တရားဝင်အသက်မွေး၀မ်းကျောင်းမှုကို စတင်ခဲ့ပါတယ်. သူဟာ FBI ၊ အခြားလုံခြုံရေးအေဂျင်စီများ နှင့် Abagnale & Asssociates လုံခြုံရေးကုမ္ပဏီမှာ ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်. သူဟာ FBI အေးဂျင့်Joseph Shea (သူကိုအားဖမ်းဆီးဖို့ တာ၀န်ယူခဲ့သူ) နဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေအဖြစ် ၂၀၀၅ ခုနှစ် Shea သေဆုံးချိန်အထိ ခင်မင်ခဲ့ကြပါတယ်…..

Albert Spaggiari
Albert Spaggiari ရဲ့ ဘဝဟာ Dumas ဝတ္ထုဖတ်ရသလိုပါပဲ. Spaggiari ဟာ အဒေါ့ဖ်ဟစ်တလာရဲ့ ပုံတူရှိတယ်လို့ စွပ်စွဲခံခဲ့ရသူဖြစ်ပါတယ်. သူဟာ နစ်စီရှိ SociétéGénérale ဘဏ်မှ ခန့်မှန်းခြေငွေသန်း ၃၀ မှ ၁၀၀ အထိခိုးယူခဲ့ပါတယ်. သူဟာ လက်နက်ကိုင်လုယက်မှုမှာ မပါဝင်ခင် ချီလီထောက်လှမ်းရေးအဖွဲ့ရဲ့ သတင်းပေးအဖြစ်လုပ်ကိုင်ခဲ့ပါတယ်. ၁၉၈၉ ခုနှစ်မှာ လည်ချောင်းကင်ဆာရောဂါနဲ့ မသေဆုံးမီ ကျန်ရှိနေသေးတဲ့ ဘ၀ တစ်လျှောက်လုံးကို Argentina မှာထွက်ပြေးနေထိုင်ခဲ့ရတယ်လို့သိရပါတယ်…..

Jesse James
အမေရိကန်ပြည်တွင်းစစ်ခေတ်ရဲ့ ရာဇ၀တ်မှုကျူးလွန်သူ Jesse Woodson James ဟာ ကွန်ဖက်ဒရိတ်ပြည်သူ့စစ်များနှင့် တိုက်ခိုက်မှုများမှ လွတ်မြောက်ပြီးနောက် James-Young ဂိုဏ်းကို တည်ထောင်ခဲ့ပြီး အိုင်အိုဝါနှင့်တက္ကဆက်ပြည်နယ်များအထိ လုယက်မှုများပြုလုပ်ခဲ့ပါတယ်. ဂျိမ်းစ်အား ၁၈၈၂ ခုနှစ်မှာ အခြားရာဇ၀တ်သား Robert Ford ကသေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်. သူဟာ နောက်ပိုင်းမှာ အထူးသဖြင့်အမေရိကန်တောင်ပိုင်းမှာ ရိုးရာသူရဲကောင်း နှင့် သူပုန်အဖြစ်ပုံဖော်ခံခဲ့ရပါတယ်…..

Bill Mason
လူသိများတဲ့ ဂုဏ်သရေရှိလူကြီးမင်းတစ်ယောက်ဖြစ်တဲ့ ကျောက်မျက်ရတနာသူခိုး Bill Mason ဆိုသူဟာ ထင်ပေါ်ကျော်ကြားမြင့်မားတဲ့ လူ့အဖွဲ့အစည်းမိတ်ဆုံပွဲများကို တက်ရောက်ပြီး ကျောက်မျက်ရတနာများ ခိုးယူကာ အသက်မွေး၀မ်းကျောင်းပြုသူဖြစ်ပါတယ်. သူရဲ့ အသက်မွေး၀မ်းကျောင်း ကာလအတွင်း ဒေါ်လာ ၃၅ သန်းတန်ဖိုးရှိတဲ့ ရတနာများခိုးယူဖို့ခန့်မှန်းထားပါတယ်. (Robert Goulet, Armand Hammer နဲ့ Phyllis Diller တို့ဟာသူရဲ့သားကောင်များထဲမှာပါဝင်ပါတယ်)လို့ ၂၀၀၄ ခုနှစ် ၀န်ခံချက်မှ မှတ်တမ်းတင်ထားပါတဘ်. Johnny Weissmuller ထံမှခိုးယူခဲ့တဲ့ အိုလံပစ်ရွှေတံဆိပ်ကိုပြန်အပ်ခဲ့ပါတယ်. The New York Times နှင့် ၂၀၀၄ ခုနှစ်အင်တာဗျူးတစ်ခုမှာ သူဟာ သူရဲ့ပြစ်မှုများ နဲ့ သူ့မိသားစုအပေါ်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအတွက် နောင်တရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်…..

Veerappan
Munisamy Veerappan Mallar ဟာ Veerappan လို့ လူသိများတဲ့ အိန္ဒိယဓားပြတစ်ဦး ဖြစ်ပြီးနှစ်ပေါင်း ၃၀ နီးပါး ရဲများရဲ့ဖမ်းဆီးခြင်းကိုရှောင်ရှားနိုင်ခဲ့သူဖြစ်ပါတယ်. ရဲသတင်းပေးများလို့ သံသယရှိတဲ့ ဒေသခံအရပ်သားများကိုလည်း သတ်ဖြတ်ခဲ့ပါတယ်. ၁၉၉၀ နှောင်းပိုင်းနှင့် ၂၀၀၀ အစောပိုင်းကာလများမှာ Veerappan ဟာ ထင်ရှားတဲ့ နိုင်ငံရေးနှင့်ယဉ်ကျေးမှုဆိုင်ရာပုဂ္ဂိုလ်များကို ပြန်ပေးဆွဲခဲ့ပါတယ်. သူမသေဆုံးမီ ၂၀၀၄ ခုနှစ်မှာ တရားမဝင်ဖမ်းဆီးမှု နဲ့ ဆင်စွယ်နဲ့စန္ဒကူးမှောင်ခိုတင်သွင်းသူအဖြစ် Special Task Force လက်ထဲအပ်နှံခံခဲ့ရသူဖြစ်ပါတယ်….

Vincenzo Peruggia
၂၀ ရာစုရဲ့ အကြီးမားဆုံးသောအနုပညာခိုးမှုအဖြစ် ဖော်ပြခံရတဲ့ ပြစ်မှုကျူးလွန်သူ ဗိသုကာပညာရှင် Vincenzo Peruggia ရဲ့ ရာဇ၀တ်မှုဟာ ရယ်စရာလည်းဖြစ်ခဲ့ပါတယ်. ၁၉၁၁ ခုနှစ်မှာ သူဟာ ပဲရစ်ရှိ Louvre ပြတိုက်သို့ အလုပ်သမားအဖြစ်ဟန်ဆောင် ၀င်ရောက်ခဲ့ပြီး. Mona Lisa ပန်းချီကားကို ဘောင်မှဖယ်ရှားလိုက်ပြီး ၀ တ်ရုံအောက်တွင်ဖုံးကွယ်ခိုးယူခဲ့ပါတယ်. သူ့ကိုဖမ်းမိတဲ့အခါမှာတော့ ဆွေနွေးငြင်းခုံမှုအချို့ရှိခဲ့ပါတယ်. ဘာကြောင့်လဲဆိုတော့ သူဟာ ပန်းချီကားကိုမျိုးချစ်စိတ်အကြောင်းပြချက်များဖြင့်အီတလီသို့ပြန်ပို့လိုတယ်လို့ အချို့ကလည်းယုံကြည်ကြသလို အချို့ကတော့ မိတ္တူများထုတ်လုပ်ရောင်းချဖို့ ခိုးယူတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်.Peruggia ဟာ ပထမကမ္ဘာစစ်အတွင်း အီတလီစစ်တပ်တွင်အမှုထမ်းခြင်းမပြုမီ ထောင်တစ်နှစ်သာကျခဲ့ပြီး ၁၉၂၅ ခုနှစ် အသက် ၄၄ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်…..

Natwarlal
မူလက ကုန်သွယ်ရေးရှေ့နေတစ်ဦး ဖြစ်တဲ့ Mithilesh Kumar Srivastava ဟာ Natwarlal လို့လူသိများခဲ့ပါတယ်. အိန္ဒိယမှနာမည် ၅၀ ကျော်ကို တီထွင်ခဲ့သူတစ်ဦး ဖြစ်ပြီး စက်မှုလုပ်ငန်းရှင်များထံမှ ငွေကြေးလိမ်လည်နည်းအသစ်များကို ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်. သူဟာ လိမ်လည်ခဲ့တဲ့ သက်တမ်းတလျှောက် ထောင်တွင်းမှအကြိမ်ကြိမ်လွတ်မြောက်ခဲ့ပါတယ်. ၁၉၉၆ ခုနှစ်မှာ အသက် ၈၄ နှစ်အရွယ်ရှိပြီး ဝှီးချဲနဲ့သာသွားလာနိုင်ချိန်မှာတောင် နယူးဒေလီမီးရထားဘူတာရုံမှာ လွတ်မြောက်အောင်နည်းလမ်းရှာနိုင်ခဲ့သူဖြစ်ပါတယ်. သူသေဆုံးသည့်နေ့ရက်ကိုတော့ သေချာမသိရပေမယ့် သူ့ရဲ့ရှေ့နေက ၂၀၀၉ ခုနှစ်မှာကွယ်လွန်ခဲ့တယ်လို့ဆိုပါတယ်…..
ကဲ ပရိသတ်ကြီးတို့လည်း ဒီလို ကမ္ဘာကျော်တဲ့ လှည့်ကွက်တွေနဲ့ ဆရာကျကျ အထာကျကျ လိမ်နိုင်တဲ့သူတွေကို သိရှိပြီးပြီဆိုတော့ အပြင်လောကမှာ ရှိတဲ့ ဒီလိုလူတွေနဲ့လည်း ကင်းဝေးနိုင်ဖို့ ဆုတောင်းပေးလိုက်ရပါတယ်နော်……………