ဈေးဝယ်စင်တာထဲက စိတ်ဖောက်လာတဲ့ စိတ်ဝေဒနာရှင်ကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်….

ဒီဗီဒီယိုလေးမှာ အထီးကျန်စိတ်ဝေဒနာခံစားနေရသူတစ်ဦး အတွက် ကမ္ဘာကြီးကဘယ်လိုပုံပေါ်နေသလဲဆိုတာ ကိုပြသထားတာဖြစ်ပါတယ်…..

စျေးဝယ်စင်တာထဲကိုလမ်းလျှောက်လာတဲ့ ကောင်လေးဟာ အထီးကျန်စိတ်ဝေဒနာကြောင့် အာရုံခံလှုံ့ဆော်မှုအားလုံး သူ့အတွက်အလွန်အကျွံဖြစ်လာပါတယ်….. သူ့အမေဖြစ်သူကလည်း အကြီးအကျယ်စိတ်ညစ်နေခဲ့ပုံပါပဲ…..

ကျွန်မတို့တွေ့နေ မြင်နေကျ ပုံမှန်အရာတွေဟာ ကောင်လေးအတွက်တော့ ကြောက်စရာကောင်းတဲ့ မြင်ကွင်းတွေဖြစ်လို့နေပါတယ်….. ဗီဒီယိုကို အင်္ဂလန်ရှိအမျိုးသား အထီးကျန်စိတ်ဝေဒနာအသင်းမှ အထီးကျန်စိတ်ဝေဒနာရှိခြင်းကိုပြသဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်…..  အထီးကျန်စိတ်ဝေဒနာနဲ့နေထိုင်ရတာ ဘယ်လောက်ပြင်းထန်မယ်ဆိုတာ ကျွန်မတို့ကိုချက်ချင်းသဘောပေါက်စေတဲ့ video ပါပဲ….

အထီးကျန်စိတ်ဝေဒနာအမျိုးအစားအမျိုးမျိုးရှိနေတာဖြစ်ပြီးတော့  ဒီအမျိုးအစားကိုတော့ အထီးကျန်စိတ်ဝေဒနာရောင်စဉ် (autism spectrum) လို့ခေါ်ကြပါတယ်…..  ဒီဗီဒီယိုနဲ့အတူ အမျိုးသားအထီးကျန်စိတ်ဝေဒနာအသင်းဟာ အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေရဲ့ အာရုံခံနိုင်စွမ်းကို အဓိကထားပြီး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်….

ဗီဒီယိုထဲမှာ ကောင်လေးက နောက်ဆုံးချုပ်ကိုင်မှုပျောက်ဆုံးသွားပြီး စျေးဝယ်စင်တာမှာ အဆင်မပြေမှုတွေ ဖြစ်လာခဲ့ပါတယ်…. လူတွေကကောင်လေးကိုဒေါသထွက်ပြီးကြည့်လိုက်ရင် မြန်မြန်လမ်းလျှောက်သွားပြီး  ဒီဗီဒီယိုဟာအလွန်ရှင်းလင်းတဲ့ဖော်ပြချက်နဲ့ အဆုံးသတ်သွားပါတယ်…… ကျွန်မတို့အားလုံးလည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး စိတ်ဝေဒနာရှင်တွေကို စာနာလိုက်ကြရအောင်ပါနော်…..

Comments are closed, but trackbacks and pingbacks are open.