ထပ်သရီးကျောက် (Natural Pork Stone) _ဝက်သားနဲ့တထပ်တည်းတူတဲ့ကျောက်

သဘာဝတရားကြီးက ထူးဆန်းလိုက်ပုံများ ခန့်မခန်းအောင်ပါပဲ. ဒီလို ဝက်သားတုံးကြီးတွေနဲ့ ခွဲမရအောင် တူလွန်းတဲ့ ကျောက်တုံးတွေရှိနေတာဟာ အတော့်ကိုထူးဆန်းလွန်းပါတယ်. Natural Pork Stone ဆိုတဲ့ ဒီကျောက်တုံးတွေက ဝက်သားသုံးထပ်သားတွေနဲ့ တူလွန်းတာကြောင့် ထပ်သရီးကျောက်လို့ အမည်ပေးထားတာထင်ပါတယ်….

ဒီကျောက်တွေဟာ ထိုင်ဝမ်၊ တိုင်ပေရှိ National Palace ပြတိုက်ရဲ့ စုဆောင်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်. အနုပညာသမိုင်းရှုထောင့်မှကြည့်မယ်ဆိုရင် အလယ်အလတ်လောက်သာ အရေးပါတယ်ဆိုပေမယ့်လည်း ဒီကျောက်တွေဟာ လာရောက်လည်ပတ်တဲ့ ဧည့်သည်များအကြား လူကြိုက်များ ကျော်ကြားခဲ့ပါတယ်…..

ထပ်သရီးကျောက်တွေကို အမျိုးသားနန်းတော်ပြတိုက်တစ်ခုလုံးရဲ့ အကျော်ကြားဆုံးလက်ရာအဖြစ် သတ်မှတ်ခဲ့ပါတယ်. Jadeite Cabbage နှင့် Mao Gong Ding တို့နှင့်အတူ ယနေ့အမျိုးသားနန်းတော်ပြတိုက်ရဲ့ ရတနာသုံးခုအနက်မှ တစ်ခုဖြစ်လာခဲ့ပါတယ်….

ဒီ ထပ်သရီးကျောက်တွေဟာ မြင်ရသူအဖို့ ကျောက်ဆိုတာမသိရင် စားချင်ဖွယ်ရာ ဝက်သုံးထပ်သားကြီးတွေအတိုင်းပါပဲ. အင်မတန်ထူးခြားလှပါတယ်. ဒီကျောက်တွေကို Jurassic stones _ ဂျူရီစတိတ်ကျောက်တုံး လို့လည်းခေါ်ပါတယ်. …..

Comments are closed, but trackbacks and pingbacks are open.