ထူးထူးခြားခြား ရူးရူးမူးမူး ဖန်တီးထားတဲ့ အသုံးဝင်လွန်းတဲ့ တီထွင်မှုများ……

ရုတ်တရက်ဖြစ်တဲ့ ပြဿနာကို ကျနော်တို့ မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ လိုအပ်တဲ့အခါ ကျွန်ုပ်တို့ရဲ့ တီထွင်ဖန်တီးမှုဟာ အကန့်အသတ်မဲ့သွားပါတယ်. ဒီတီထွင်မှုတွေက ပြဿနာကိုဖြေလည်သွားစေနိုင်သလို အန္တရာယ်လည်းဖြစ်သွားစေနိုင်ပါတယ်. ဒီနေ့မှာတော့ လူအချို့တီထွင်ဖန်တီးထားတဲ့ ထူးတာလား ရူးတာလား ခွဲရခက်တဲ့ ဖန်တီးမှုတွေကို ကြည့်လိုက်ကြရအောင်…..

chair rocks

ဒီ chair rocks ကတော့ လူတစ်ယောက်ဟာ ဇနီးသည်က rocking chair လုပ်ဖို့တိုက်တွန်းတာကြောင့် ၅ မိနစ်အတွင်း ဖန်တီးလိုက်တဲ့ chair rocks ပါတဲ့. ရယ်စရာကောင်းသလို ဉာဏ်ကောင်းတယ်ပြောရမလား ဖြစ်ကတက်ဆန်းလုပ်တယ်လို့ ပြောရမလားပဲနော်…..

Crate bed frame

သင့်အိမ်မှာ နို့ ဒါမှမဟုတ် ဘီယာဘူးသေတ္တာတွေပြည့်နေပြီလား… ဒါတွေကိုမစွန့်ပစ်လိုက်ပါနဲ့! အိပ်ရာသို့မဟုတ်ဆိုဖာဘောင်တစ်ခုပြုလုပ်နိုင်ပါတယ်. နှစ်သက်တယ် မနှစ်သက်ဆိုတာကတော့ သင့်အပေါ်မူတည်ပါလိမ့်မယ်…..

Rollerblade bike wheel

ဒီငါးဘီးတပ် စက်ဘီးကတော့ ပုံမှန်ရွေ့လျားနေပါတယ်. ဒါပေမယ့် ဘယ်ချက်ဘာဖြစ်မလဲဆိုတာတော့ သိချင်မိသားနော်….

ဘီးသုံးလုံးရှိမော်တော်ကား

ဒါကတော့ စက်မှုအင်ဂျင်နီယာရဲ့ အံ့ဖွယ်တီထွင်ထားမှုကြီးလို့ပြောရမလား . ဘယ်လိုပြောရမှန်းတောင် မသိလောက်အောင်ပါပဲ…..

တိုင်ကပ်နာရီ

ဒီနာရီပိုင်ရှင်ကတော့ နာရီအသစ်မဝယ်နိုင်သေးလို့လား. ချွေတာတတ်တာလားမသိပါဘူး. သူ့ရဲ့စိတ်ကူးကတော့ မဆိုးဘူးလို့ပြောရမလားပဲနော်…..

တီဗီအဟောင်းကိုပြန်လည်အသုံးပြုခြင်း

ဒီလူကတော့ တီဗီအဟောင်းကို စားပွဲအဖြစ်သုံးထားတာပါ. အမြင်လေးတော့မဆိုးဘူးနော်ကိုယ်တောင် နည်းနည်းကြွေသွားတယ်….

အိပ်ရေးပျက်သူတွေအတွက် ဖန်တီးမှု

ခိုးခိုးပြီးအိပ်နေကျသူတွေ ဒီနည်းလေးကို သုံးသင့်တယ်နော်. မဆိုးဘူး မှတ်ထားကြ….

တံမြက်စည်း wiper

ဒါကတော့ BMW ကားကြီးအတွက် အထူးဖန်တီးထားတဲ့ တံမြက်စည်း wiper ကြီးပါ. ဩချရမလောက်ပါပဲ ခင်ဗျာ…..