ဆင်တွေဟာ ခန္ဓာကိုယ်အားဖြင့် ကြီးမားတာကြောင့် ကျယ်ပြန့်လှတဲ့ သူတို့ရဲ့ကျောပြင်ပေါ်ကို လူသုံးယောက်လောက်တက်စီးတာလောက်ကတော့ ဘာမှနာကျင်ဖွယ်မရှိလောက်ဖူးလို့ ထင်မိကြမှာပါ. ကိုယ်တိုင်လည်း ဆင်စီးခြင်းက ဆင်ကိုနာကျင်စေသလားဆိုတာ တွေးတောင်မတွေးမိခဲ့ပါဘူး…

တကယ်တော့ ဆင်တွေက အကောင်ကြီးကြပေမဲ့ မြင်းတွေလို rounded vertebrae joints မဟုတ်ကြတဲ့အတွက် ကျောရိုးအဆစ်တွေက မခိုင်ခန့်ပါဘူး. ဆင်တွေရဲ့ကျောရိုးတည်ဆောက်ပုံမှာ အပေါ်ကိုထောင်ထွက်နေသော အရိုးတွေပါရှိပါတယ်. ဆင်တွေရဲ့ကျောပေါ်ကို အလေးအပင် တင်လိုက်တဲ့အခါ ထောင်ထွက်နေတဲ့အရိုးတွေကို ထိခိုက်စေတဲ့အပြင် အနီးတစ်ဝိုက်မှာရှိတဲ့ တစ်ရှူးတွေကိုလည်း ပျက်စီးစေပါတယ်…..

အလေးအပင်ထမ်းရတဲ့ ဆင်တွေမှာ ကျောရိုးနှင့်ပက်သက်တဲ့ဝေဒနာတွေ မကြာမခဏခံစားရတတ်ပါတယ်. အပျော်တမ်းဆင်စီးကြမယ်ဆိုရင် ဤအချက်ကိုသတိရစေလိုပါတယ်. ကျောက်တုံးတောင် ရေတိုက်စားပါများရင်ရွေ့သေးတာပဲ..တစ်နေကုန်နာရီပေါင်းများစွာ ခရီးသည်တွေကို ထမ်းနေရတဲ့ ဆင်တွေအဖို့ နာကြင်မှုဝေဒနာကို ဘယ်လောက်အထိများ ကြာရှည်စွာခံနိုင်မှာလဲနော်…
မိတ်ဆွေတို့အနေနဲ့ ဆင်လေးတွေကိုသနားတယ်ဆိုရင် သူတို့လေးတွေနဲ့ဆုံခဲ့ရင် တတ်နိုင်သလောက် အစာကျွေးပြီး မစီးပါနဲ့နော်. အခြားသူတွေလည်း သိရဖို့ ဒီပို့စ်ကို မျှဝေသွားဖို့ လည်း တောင်းဆိုပါရစေနော်…..
Comments are closed, but trackbacks and pingbacks are open.