
၁. ဖိနပ်အတိုင်းအတာ ရွေးချယ်ရာမှာ
ခြေထောက် ဘယ်ဘက်နဲ့ ညာဘက် size မတူညီတာကြောင့် ဖိနပ်ရွေးချယ်တဲ့အခါ ဘယ်သန်သူဆိုရင် ဘယ်ခြေထောက်နဲ့ တော်တဲ့ဖိနပ် ညာသန်သူဆိုရင် ညာခြေထောက်နဲ့ တော်တဲ့ဖိနပ်ကို ရွေးချယ်ပါ…
၂. ခြေထိပ်လေးတွေမနာအောင်
ဒေါက်ဖိနပ်ထိပ်အပိတ်တွေစီးတဲ့အခါ ခြေထိပ်လေးတွေအနာသက်သာအောင် ခြေခလယ်နဲ့ ခြေသန်းကြွယ်ကို ပလာစတာနဲ့ ပူးစည်းပါ….
၃. ဖိနပ်ပွန်းတာ မခံရအောင်
ဖိနပ်ပွန်းတာ ၊ ဖိနပ်ပေါက်ပြီး အရည်ကြည်ဖုထွက်တာတွေ သက်သာအောင် ဖိနပ်ပွန်းလေ့ရှိတတ်တဲ့ဧရိယာတဝိုက်မှာ roll-on သုတ်လိမ်းပြီးမှ စီးပါ…
၄. ဖိနပ်ချောင်နေတဲ့အခါ
ထိပ်ပိတ်ဖိနပ်တွေ size အနည်းငယ်ကြီးပြီး ချောင်နေတယ်ဆိုရင် cotton pad လေးတွေကို ခြေထိပ် ၊ ခြေချောင်းကြား တွေမှာ လိုသလောက်ထည့်ပေးပါ….
၅. Sandal တွေဝတ်တဲ့အခါ
ကြိုးသိုင်းဖိနပ် – Sandal တွေဝတ်တဲ့အခါ ခြေချောင်းလေးတွေက ရှေ့ကို ချော်ထွက်တာမျိုးဖြစ်တတ်ပါတယ်. ခြေချောင်းလေးတွေချော်ထွက်တာသက်သာအောင် ပေါင်ဒါမှုန့်ကို အသုံးပြုနိုင်ပါတယ်. Sandal တွေဝတ်တဲ့အခါ အရမ်းကြပ်နေတာမျိုးတွေရှောင်ပါ….

၆. ဒေါက်ဖိနပ် စစီးခါစဆိုရင်
ဒေါက်ဖိနပ်ကို စီးနေစီးလေ့ မရှိသေးဘဲ ခုမစပြီးစီးမယ်ဆိုရင် ဟန်ချက်ကိုကောင်းကောင်းထိန်းနိုင်ဖို့ ဒေါက်အပြားကြီးတဲ့ဖိနပ်ကို ရွေးချယ်ပါ. ခြေကျင်းဝတ်မှာ ကြိုးသိုင်းပါတဲ့ Sandal ဖိနပ်တွေဆိုရင် ပိုပြီးသင့်တော်ပါတယ်…..
၇. တပြေးညီဒေါက်လေးတွေကို ဘယ်သူတွေရွေးချယ်သင့်လဲဆိုတော့
Body weight များတဲ့သူတွေနဲ့ ဒေါက်မြင့်စီးဖို့ ယုံကြည်မှုသိပ်မရှိဘူးဆိုသူတွေ အနေနဲ့ အပြေးညီဒေါက်အမြင့်လေးတွေကို ရွေးချယ်သင့်ပါတယ်…
၈. ရှေ့ဘက်မှာလည်း ခုံအမြင့်ပါတဲ့ဒေါက်ဖိနပ်
ဒေါက်ဖိနပ်မြင့်မြင့်လည်း စီးချင်တယ်. ဟန်ချက်မထိန်းနိုင်မှာလည်းစိုးတယ် ဆိုရင်တော့ ရှေ့ဘက်မှာလည်း ခုံအမြင့်ပါတဲ့ဒေါက်ဖိနပ်မျိုးကိုရွေးချယ်သင့်ပါတယ်…. ရှေ့ဘက်မှာလည်း ခုံအမြင့်ပါတော့ နောက်ဒေါက်က မြင့်ရင်တောင် အဆင်ပြေပါတယ်….
၉. ခြေချော်တတ်တဲ့သူတွေ ရှောင်ရမယ့်ဖိနပ်
ခြေချော်တတ်တဲ့သူဆိုရင် ဒေါက်ကိုဖိနပ်အစွန်းမှာတပ်ထားတဲ့ (scarpin) ဖိနပ်အမျိုးအစားတွေကို ရှောင်ပါ…..

၁၀. ခြောက်လက်မဒေါက် တွေစီးမယ်ဆိုရင်
ခြောက်လက်မဒေါက်လို့သုံးတဲ့ အရမ်းမြင့်လွန်းတဲ့ stilettos shoes တွေစီးမယ်ဆိုရင် ခြေဖဝါးကို အားယူရတာကြောင့် ခြေဖဝါးအောက်မှာ cushion ခံဝတ်ပါ….
Comments are closed, but trackbacks and pingbacks are open.