နှစ်သုံးဆယ်ကြာမှသီးတဲ့ အမျိုးသမီးတင်ပါးပုံ အုန်းသီး – အပျိုတင်အုန်း

အမျိုးသမီးတင်ပါးပုံအုန်းသီးများကို ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ပူရီခရိုင် ပတ္တရားကမ်းခြေမြို့မှာ အများအပြားတွေ့ရမှာ ဖြစ်ပါတယ်. ဒီအုန်းသီးတွေက အနှစ် ၃ဝ ကြာမှ တစ်လုံးသီးပြီး သုံးဆယ်ကိုးနှစ်သက်တန်းရှိတဲ့ အပင်ကနေ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်. ……

ဒီအုန်းသီးတွေရဲ့ ရုက္ခဗေဒ အခေါ်ကတော့ ( Lodoicea Maldivica ) ဖြစ်ပါတယ်. အခြားသောသတင်းဌာနများက Lodoicea ဟာ Laodice မှဖြစ်လာတာဖြစ်ပြီး Priam နဲ့ Hecuba သစ်သီးတွေရဲ့ သမီးလို့ ဖော်ပြကြပါတယ်…..

အမွှာပုံစံအုန်းသီးဖြစ်ပြီး အမျိုးသမီးတင်ပါးပုံစံ ဖြစ်နေတာကြောင့် ထိုင်းလိုတော့ မာခ်ဖရောက် ကွန့်ဆောဝ် ( အပျိုတင်အုန်း ) လို့ခေါ်ပါတယ် . အများအားဖြင့် အပင်ဟာ ၂၅ မှ ၃၄ မီတာအထိ ကြီးထွားကြပါတယ်.  သစ်ခုတ်ပြီးတဲ့နောက် မြေပေါ်မှာတိုင်းတာခဲ့တဲ့အမြင့်ဆုံးစံချိန်ဟာ စုစုပေါင်းအမြင့် ၁၈၆ ပေ (၅၆.၇ မီတာ) အထိတောင် အပင်မြင့်ပါတယ်……

 အရွက်များကတော့ ပန်ကာ ရှိကာ အရှည် ၇-၁၀ မီတာ၊ အကျယ် ၄.၅ မီတာရှိပါတယ်. အပင်အိုတွေမှာဆိုရင် ၄ မီတာ ရှည်တဲ့ အညှာ ရှိပါတယ်. အပင်ရွယ်တွေကတော့ ၉ မီတာ) (၁၀ မီတာ) အထိရှိတဲ့ ပိုမိုရှည်လျားတဲ့ အညှာကိုထုတ်လုပ်နိုင်ပါတယ်. အထီးပင် အမများဆိုပြီး သီးခြားစီရှိပါတယ်. ရင့်တဲ့အသီးတွေဟာ အချင်း ၄၀ မှ ၅၀ စင်တီမီတာရှိပြီး ၁၅ မှ ၃၀ ကီလိုဂရမ်အလေးချိန်ရှိကြပါတယ်. ဒီအုန်းသီးတွေဟာ တန်ဖိုးအားဖြင့်  ဘတ်သုံးသောင်းခန့် တန်ဘိုးရှိပါတယ်…….

Comments are closed, but trackbacks and pingbacks are open.