ဘယ်လူမျိုးနဲ့မှမတူတဲ့ အာရပ်လူမျိုးများရဲ့ ထူးခြားတဲ့ယဉ်ကျေးမှု

နိုင်ငံနဲ့ လူမျိုးတွေ တစ်ခုနဲ့တစ်ခု မတူကြသလို ယဉ်ကျေးမှုတွေလည်း မတူကြပါဘူး. မတူညီတဲ့ ယဉ်ကျေးမှုတွေထဲကမှ အာရပ်လူမျိုးတွေရဲ့ ထူးခြားပြီး လေးစားမြတ်နိုးဖွယ်ကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုအကြောင်းကို မျှဝေပေးချင်ပါတယ်…

ကျမတို့မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုမှာက အိမ်လာတဲ့ဧည့်သည်တွေကို “ဘာကိစ္စများကူညီရမလဲ ဆိုတဲ့မေးခွန်းနဲ့အတူ “ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်း ၊ စားဖွယ်သောက်ဖွယ်အချို့ နဲ့ တည်ခင်းဧည့်ခံကာ ခရီးဦးကြိုဆိုတတ်ကြပါတယ်. ဒါက ယဉ်ကျေးသိမ်မွေ့လှတဲ့ မြန်မာတို့ရဲ့ ဓလေ့တစ်ခုဖြစ်သလို နိုင်ငံတော်တော်များများမှာလည်း ကျင့်သုံးလေ့ရှိပါတယ်….

အာရပ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကတော့ မတူဘဲ တမူထူးခြားလို့နေပါတယ်. အာရပ်လူမျိုးတွေဟာ အိမ်ကိုရောက်လာတဲ့ ဘယ်ဧည့်သည်ကိုမဆို ဘာကိစ္စရှိလို့ အိမ်လည်လာသလဲ…ဘာကူညီပေးရမလဲ ဆိုတဲ့ မေးခွန်းတွေမမေးခင် (၃)ရက်အထိ ဧည့်ခံကျွေးမွေးစောင့်ရှောက်ကြပါတယ်. ဒီ(၃)ရက်အတွင်း ဧည့်သည်က ဘာကြောင့်လာခဲ့တယ်ဆိုတာ မပြောခဲ့ရင် သူတို့ကလည်း မမေးပါဘူးတဲ့. (၃)ရက်အတွင်း ကောင်းမွန်တဲ့ စားဖွယ်တွေကို တည်ခင်းဧည့်ခံပြီး အိပ်စက်ဖို့နေရာလည်း စီစဉ်ပေးပါတယ်. (၃) ရက်ပြည့်ပြီးမှသာ ဘာ့ကြောင့် အလည်လာခဲ့သလဲ ဆိုတာ မေးပါတယ်….

ဧည့်သည်တစ်ယောက်ကို (၃)ရက် ဧည့်ခံတဲ့ရိုးရာဟာ သဲကန္တာရထဲမှာ လှည့်လည်သွားလာနေတဲ့ အာရပ်လူမျိုးတွေဆီကနေ ဖြစ်ပေါ်လာခဲ့တာပါ. သင်ဟာ ဘယ်သူဘယ်ဝါ ဖြစ်သလဲဆိုတာ အဓိကမဟုတ်ဘဲ သင့်ကိုအမြဲ နွေထွေးစွာဧည့်ခံကြိုဆိုကာ လုံခြုံအောင်စောင့်ရှောက်ပေးမယ်ဆိုတဲ့ သဘောထားပဲ ဖြစ်ပါတယ်….

ကမ္ဘာပေါ်က နေရာဒေသတော်တော်များများမှာ “Customer is always right” ဆိုတဲ့ ဆိုရိုးရှိပေမယ့် အာရပ်လူမျိုးတွေကတော့ “The guest is always right” _ ဧည့်သည်ကသာ အမြဲတမ်းပထမပါပဲတဲ့ရှင်….

Comments are closed, but trackbacks and pingbacks are open.