Customer စိတ်ကြိုက်ကားထုတ်လုပ်ခြင်းဟာ ကားကိုယ်ထည်ကို ဖျော်ဖြေမှုအတွက် ၊ သတင်းပေးဖို့အတွက် နဲ့ ကြော်ငြာဖို့အတွက် ပြောင်းလဲအသုံးပြုကြတာဖြစ်ပါတယ်. ဒီနေ့မှာတော့ စိတ်ကြိုက်ကားထုတ်လုပ်ထားတဲ့ ကားတွေထဲက မယုံနိုင်လောက်အောင် ထူးခြားကောင်းမွန်တဲ့ကားတွေ နဲ့ ရယ်စရာကောင်းတဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ ကားတွေကို ကြည့်ကြရအောင်နော်…

Dreams of Surfing
အချို့သော စိတ်ကြိုက်ကားထုတ်လုပ်ခြင်း ဒီဇိုင်းများဟာ ယာဉ်မောင်းသူ၏ရဲ့ အိပ်မက်များကိုပြသဖို့ အသုံးပြုတာဖြစ်ပါတယ်. ဒီလူ့ရဲ့အိပ်မက်ကတော့ ရေလွှာလျှောစီး ချင်တာဖြစ်ပါတယ်. ယူကေ နဲ့ အိုင်ယာလန်မှာ နေထိုင်သောသူများဟာ တိမ်ထူထပ်တဲ့နေ့များစွာကြုံတွေ့ရတာကြောင့် ရေလွှာလျှောစီးဖို့ သွားရောက်ရမှာ အခက်အခဲရှိစေပါတယ်. ဒါကြောင့် သူက ဒီလိုဒီဇိုင်းကိုဖန်တီးခဲ့တာဖြစ်ပါတယ်. သူ့စိတ်ကူးကြီးက ဆန်းကြယ်သားနော်….

Fruity Rides
ဒီကားဝါသနာအိုးကတော့ ကားရဲ့ အပြင်ပန်းသာမက အတွင်းပိုင်းကိုပါ ဖရဲသီးရဲ့ပုံစံအတိုင်း ပြောင်းလဲပစ်ခဲ့ပါတယ်. သင်ရောဘယ်လိုထင်ပါသလဲ ? ထူးခြားဆန်းကြယ်လွန်းတယ်ဆိုတာကိုတော့ ငြင်းပယ်လို့မရပါဘူးနော်….

Clever Advertising
ပါ့မြို့အခြေစိုက်စျေးကွက်ရှာဖွေရေးကုမ္ပဏီဖြစ်တဲ့ သြစတြေးလျကုန်အမှတ်တံဆိပ်အေဂျင်စီဟာ ကြော်ငြာအဖြစ် ယာဉ်တစ်စီးကိုထုတ်လုပ်လိုက်ပါတယ်. ဘတ်စ်ကားပေါ်မှ ကြော်ငြာဟာ တိရစ္ဆာန်ရုပ် နဲ့ သူတို့ကြော်ငြာဖို့ကြိုးစားနေတဲ့ အင်္ဂါရပ်များအားလုံးကို ပြည့်စုံစွာဖော်ပြထားပါတယ်…..

Staying Relevant
ဒီကားကတော့ DHL ဟာ မယုံနိုင်လောက်အောင်လိမ္မာပါးနပ်ပြီး ထိရောက်တဲ့စျေးကွက်ရှာဖွေရေးနည်းဗျူဟာကိုကျင့်သုံးခဲ့တာဖြစ်ပါတယ်. ကားပေါ်က စီးပွားရေးကြော်ငြာကတော့“DHL အမြန်ဆုံး Express ၀န်ဆောင်မှု”လို့ဖော်ပြထားတာပဲဖြစ်ပါတယ်. ဆန်းသစ်တဲ့ ကြော်ငြာ design ကြောင့် ဘာလဲဆိုတာကို သိဖို့ ကျွန်တော်တို့တစ်မိနစ်လောက်အချိန်ယူခဲ့ရသလို ကြည့်ချင်စိတ်ဖြစ်အောင်လည်း ဆွဲဆောင်မှုအပြည့်ရှိတယ်ဆိုတာကလည်း မငြင်းနိုင်ပါဘူးနော်….

A Sweet Ride
ဒီကားရဲ့ ပတ်ပတ်လည်ဒီဇိုင်းဟာ “Sweet Ride” လို့ အမည်ပေးရလောက်အောင် ပါပဲ. ဒါကမယုံနိုင်လောက်အောင် ထူးခြားတဲ့ သကြားလုံးကြော်ငြာတစ်ခုလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ချောကလက်ဘား Butterfinger ကိုအရမ်းစွဲလမ်းနေတာလား…

A Gold Lamborghini
ဒီ Lamborghini ကားပိုင်ရှင်ဟာ သူ့ရဲ့ကားကို လုံလောက်တဲ့ လှပခန်းနားမှုမျိုး မရှိသေးဘူးလို့ ယူဆတာကြောင့် ကားကိုပိုမိုခမ်းနားလာအောင် အပြင်ပိုင်းကိုရွှေရောင်ဖန်တီးခဲ့တာဖြစ်ပါတယ်. အဆုံးသတ်ရလဒ်ကတော့ မော်ကွန်းတင်ရလောက်အောင် လှပလွန်းပါတယ်….

A Car on the Prowl
ဒီ တိရစ္ဆာန်ပုံ ဖန်တီးထားတဲ့ကားဟာ ချောင်းကြည့်နေတဲ့ ကျားပေါ်က ကားတစ်စီးလို ပုံပေါ်နေပါတယ်. ဒီကားရဲ့ အသွင်အပြင်က အနည်းငယ်ကြောက်စရာကောင်းတယ်ဆိုပေမယ့်လည်း ကျနော်တို့တွေ ဒီလိုကားမျိုးနဲ့ဆုံရင် စီးကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်. ….

A Protection Against Theft
ကားပိုင်ရှင်က မော်တော်ယာဉ်အခိုးခံရမှုကို ကာကွယ်ဖို့ ဒီလိုဒီဇိုင်းကိုဖန်တီးခဲ့တာလို့ သိရပါတယ်. အရမ်းလိမ္မာပါးနပ်တယ်ဆိုပေမယ့်လည်း ရယ်စရာတော့အကောင်းသား ဖြစ်နေတယ်နော်….