သင်လက်ထပ်ထားတဲ့ အမျိုးသမီးကို ဒီလိုအပြုအမူတွေ ပြုမူနေမိတယ်ဆိုရင်တော့ သင်ဟာ ယောကျာ်းကောင်း တစ်ယောက်မဟုတ်ဘူးဆိုတာ သတိရပေးပါ. ဇနီးမယားအပေါ် တာဝန်ကျေတဲ့ ယောကျာ်းကောင်းတစ်ယောက်ပဲ ဖြစ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးထဲက ပြောပြထားတဲ့ ယောကျာ်းယုတ်တို့ရဲ့ အပြုအမူတွေကို ရှောင်ရှားပါလို့ အကြံပြုချင်ပါတယ်….

၁။ ဇနီးသည်ရဲ့ အားနည်းချက် ၊ မပြည့်စုံမူတွေကို ပုတ်ခတ်ခြင်း အပြစ်ပြောခြင်း
၂။ ဇနီးသည်အား ရိုက်နှက်တတ်ခြင်း ၊ နှိပ်စက်ညှင်းပန်းတတ်ခြင်း
၃။ ဇနီးသည်ကို ပွဲမထုတ်ခြင်း ၊ မိတ်ဆွေများ ၊ ဆွေမျိုးများကြား မခေါ်ခြင်း
၄။ ဇနီးသည်ကို မကြင်နာခြင်း ၊ လုံးဝ ဂရုမစိုက်တတ်ခြင်း ၊ နေထိုင်မကောင်းရင်တောင် မသိကြေးကျွန်ပြုထားခြင်း
၅။ ဆိုးတူကောင်းဘက် မတိုင်ပင်ဘဲ အခိုင်းအစေတယောက်သာသာ အဖြစ်သာ သဘောထားခြင်း ၊ လိင်မှု ကိစ္စအတွက်လောက်သာ သဘောထားခြင်း
၆။ ဇနီးသည်ဟာ မိသားစုဝင်တွေရဲ့ လိုသလို အသုံးပြုခိုင်းစေခြင်းကို လုပ်ဆောင်ပေးရမယ်လို့ သဘောထားခြင်း
၇။ ဇနီးသည်ရဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားဘဲ ဖောက်ပြန်တတ်ခြင်း
၈။ ဇနီးအား မလေးစားခြင်း လူကြားသူကြားထဲမှာ အရှက်ခွဲတတ်ခြင်း
၉။ ဇနီးအား အကြောင်းပြချက်မရှိဘဲ သံသယများခြင်း ၊ သမုတ်တတ်ခြင်း….
၁၀။ ဇနီးသည်အား သင့်တင်တဲ့ အဆောင်အယောင် ဆင်မြန်းမပေးခြင်း ၊ နှိမ့်ချဆက်ဆံခြင်း…..
စတဲ့ အပြုအမူတွေဟာ ယောက်ျားယုတ်တို့ရဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်. အိမ်ထောင်ရှင်မအားလုံး ယောကျာ်းကောင်း ယောကျာ်းမြတ်များနဲ့သာ ဆုံတွေ့နိုင်ကြပါစေ…..
Comments are closed, but trackbacks and pingbacks are open.