ရိုက်ကူးနေစဉ်မှာ ဇာတ်ဆောင်သေဆုံးသွားခဲ့ရလို့ ပြောင်းလဲပုံဖော်ခဲ့ရတဲ့ နာမည်ကြီးရုပ်ရှင်များ…….

ဇာတ်ဆောင်တစ်ယောက် ရုပ်ရှင်ရိုက်ကူးနေတဲ့ ကာလအတွင်း သေဆုံးသွားခဲ့မယ်ဆိုရင် ရုပ်ရှင်ထုတ်လုပ်မှုအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်နိုင်သလဲ…ဒီနေ့မှာတော့ ရုပ်ရှင်အတွက်ရိုက်ကူးမှုတွေလုပ်နေတဲ့ ကာလအတွင်း ရုပ်ရှင်မှာပါဝင်တဲ့ ဇာတ်ဆောင်တွေ သေဆုံးသွားခဲ့ပေမယ့်လည်း ရုပ်ရှင်ကားကို ဆက်ပြီးဖန်တီးပုံဖော်ခဲ့ကြတဲ့ နာမည်ကြီးရုပ်ရှင်တွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်…..

Gladiator

Gladiator ကို Malta မှာ ရိုက်ကူးနေစဉ်မှာ သရုပ်ဆောင် Oliver Reed ကွယ်လွန်သွားခဲ့ရပါတယ်. အရက်သမားလို့သတ်မှတ်ခံရတဲ့ ရိဒ်ဟာ ဘားတစ်ခုမှာ သင်္ဘောသားတွေကို အရက်သောက် ပြိုင်ဖို့စိန်ခေါ်ခဲ့ပြီး ဂျာမန် lager ရှစ်ပိုင့်၊ ရမ်စတစ်ဒါဇင်၊ ဝီစကီတစ်ဝက်တစ်ဝက်နှင့် Hennessy cognac အနည်းငယ်သောက်ခဲ့တယ်လို့ စားပွဲထိုးဆီကနေသိရပါတယ်. အသက် ၆၁ အရွယ် Reed  ဟာ ဘားမှာ လဲကျသွားပြီး လူနာတင်ယာဉ်နဲ့ဆေးရုံသို့သွားစဉ် သေဆုံးသွားခဲ့တယ်လို့သိရပါတယ်. Reed ရဲ့ ဇာတ်လမ်းများကို CGI နှင့်အဆုံးသတ်ခဲ့ရပါတယ်. ရလဒ်ကတော့ ၂၀၀၀ ပြည့်နှစ်နည်းပညာအရ အံ့သြစရာကောင်းလောက်အောင်ထူးခြားခဲ့ပါတယ်…..

Fast &Furious 7

Fast &Furious 7 လို့ ပြောလိုက်တာနဲ့ သရုပ်ဆောင် Paul Walker သေဆုံးမှုကို သတိရသွားစေတယ်လို့ ပြောရင် မမှားနိုင်ပါဘူးနော်. Paul Walker ဟာ Fast &Furious 7 ရုပ်ရှင်ကားရိုက်ကူးနေစဉ်ကာလအတွင်းမှာ ကားမတော်တဆမှုကြောင့်သေဆုံးသွားတာကြောင့် ဝမ်းနည်းခြင်း နဲ့ ပြန်လည်စဉ်းစားဖို့ အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်မှုကိုရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့ကြရပါတယ်. ရုပ်ရှင်မှာ Walker ဟာ အဓိကဇာတ်ကောင်များထဲမှ တစ်ယောက်ဖြစ်ခဲ့တာကြောင့် ရိုက်ကူးဖို့ ဇာတ်ဝင်ခန်းများစွာကျန်ခဲ့တဲ့အတွက် ဒါရိုက်တာ James Wan နှင့်စာရေးဆရာ Chris Morgan ဟာ Walker ရဲ့ညီကိုအစားထိုးရိုက်ကူးခဲ့ရပါတယ်…..

Plan 9 From Outer Space

Plan 9 From Outer Space ရုပ်ရှင်ကားအတွက် Bela Lugos ရဲ့ ဇာတ်ဝင်ခန်းတွေကို သူမသေဆုံးမီကပင် ရိုက်ကူးခံခဲ့ရပါတယ်.ဒါရိုက်တာ Ed Wood ဟာ 9 From Outer Space ရုပ်ရှင်ကို Lugosi ရဲ့ နောက်ဆုံးရုပ်ရှင်အဖြစ်ကြေငြာခဲ့ပြီး ပိုမိုစိတ်ဝင်စားမှုရအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်. သို့ပေမယ့်လည်း Wood ဟာ Lugosi ၏ဇာတ်ကောင်အတွက် နောက်ထပ်ဇာတ်ဝင်ခန်းတွေ လိုအပ်နေသေးတာကြောင့် သရုပ်ဆောင်အတွေ့အကြုံမရှိသေးတဲ့ Lugosi ထက်အရပ်နည်းနည်းပိုရှည်တဲ့သူတစ်ယောက်ကို အစားထိုးရိုက်ကူးခဲ့တယ်လို့သိရပါတယ်. ကောလဟာလ သတင်းတစ်ခုကတော့ Lugosi ဟာ Los Angeles ရှိတိုက်ခန်း၌နှလုံးရောဂါဖြင့်သေဆုံးချိန်မှာ Ed Wood ရိုက်ကူးမယ့် Plan 9 From Outer Space ရုပ်ရှင်ကားရဲ့ ဇာတ်ညွှန်းကို ကိုင်ထားရင်းသေဆုံးနေတာလို့လည်း ပြောကြတယ်ဆိုတော့ ဒီကားထဲမှာ သရုပ်ဆောင်ထားတဲ့သူက Lugosi အစစ်အမှန်ဟုတ်ရဲ့လားလို့လည်း ထင်မြင်ကြပါတယ်….

Game Of Death

Bruce Lee ရဲ့ Game Of Death ဟာ ထူးခြားတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်. Robert Clouse ရဲ့ ဗားရှင်းဟာ Bruce Lee သေဆုံးချိန်မှာ ရိုက်ကူးနေဆဲဖြစ်တဲ့ ဟောင်ကောင်ရုပ်ရှင်ကို ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ ဗားရှင်းဖြစ်ပါတယ်.  Body double နဲ့ Bruce Lee ရဲ့မျက်နှာကတ်ထူပြားတစ်ချပ်က မင်းသားကို screen ပေါ်မှာ ပြန်လည်ရှင်သန်လာအောင် ဖန်တီးနိုင်ခဲ့ပါတယ်. ၁၉၇၀ နှောင်းပိုင်းအသုံးပြုတဲ့ effect စံချိန်စံညွှန်းတွေအရတောင်မှ ကြိုးပမ်းမှုကတော်တော်ကောင်းမွန်တာကို တွေ့ရပါတယ်….

The Hunger Games: Mockingjay Part 2

Philip Seymour Hoffman ဟာ The Hunger Games: Mockingjay အပိုင်း 2 မှာ တစ်ပါတ်မျှသာရိုက်ကူးမှုပြုလုပ်ရသေးတဲ့အချိန် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်. သူရဲ့ ဇာတ်ကောင်အတွက် ဇာတ်ဝင်ခန်းတွေကျန်နေသေးတာကြောင့် Hoffman ကို digitize လုပ်ပြီးရိုက်ကူးဖို့ ကြိုးပမ်းသွားမယ်လို့ ကြေငြာခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ထုတ်လုပ်သူများက စိတ်ပြောင်းသွားပြီး နောက်ဆုံး အပြန်အလှန်စကားပြောရမယ့် နေရာမှာ စာတစ်စောင်ဖတ်ပြခြင်းဖြင့် အစားထိုးရိုက်ကူးခဲ့ပါတယ်….