အန်ဂျလီနာဂျိုလီ လို့ပြောလိုက်တာနဲ့ ဟောလိဝုဒ်က အကျော်အမော် သရုပ်ဆောင်မင်းသမီးတစ်ယောက်ဆိုတာ သိထားပြီးသားဖြစ်မှာပါ. ဂျိုလီဟာ ရုပ်ရည်ရူပကာယ အားဖြင့် ဆွဲဆောင်မှုအပြည့်ရှိသလို သရုပ်ဆောင် နဲ့ အသံမှာပါ စွဲမက်ဖွယ်ကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါပဲ…
သူမရဲ့ ခန့်ညားပြီးစွဲမက်ဖွယ်ကောင်းလွန်းတဲ့ အသံနဲ့အတူ Animation ဇာတ်ကောင်များစွာရဲ့ အသံပိုင်ရှင်အဖြစ်လည်း သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်. သူမအသံသရုပ်ဆောင်ခဲ့တဲ့ Animation Movie တွေနဲ့ ဇာတ်ကောင်တွေအကြောင်းကို တင်ဆက်ပေးချင်ပါတယ်…..

၁. Lola
၂၀၀၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ SHARK TALE ဆိုတဲ့ animation movie မှာ Lola ဆိုတဲ့ ဇာတ်ကောင်အတွက် အသံသရုပ်ဆောင်ခဲ့ပါတယ်….

၂. GRENDEL’S MOTHER
၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က ထွက်ရှိခဲ့တဲ့ BEOWULF အမည်ရှိတဲ့ animation movie မှာ GRENDEL’S MOTHER ဆိုတဲ့ ဇာတ်ကောင်အတွက် အသံသရုပ်ဆောင်ခဲ့ပါတယ်….

၃. Tigress
၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ထွက်ရှိခဲ့တဲ့ KUNG FU PANDA အမည်ရှိတဲ့ animation movie မှာ Tigress ဇာတ်ကောင်အတွက် အသံသရုပ်ဆောင်ခဲ့ပါတယ်. ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့က ဆက်လက် ထွက်ရှိခဲ့တဲ့ KUNG FU PANDA HOLIDAY SPECIAL ၊ ၂၀၁၁ ခုနှစ် မေလ ၂၆ ရက်နေ့မှာ ဆက်လက် ထွက်ရှိခဲ့တဲ့ KUNG FU PANDA _2 ၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဆက်လက် ထွက်ရှိခဲ့တဲ့ KUNG FU PANDA: SECRETS OF THE MASTERS နဲ့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ KUNG FU PANDA _3 စတဲ့ animation movie တွေမှာလည်း Tigress ဇာတ်ကောင်အတွက် အသံသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်….

၄. Stella
2020 ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ THE ONE AND ONLY IVAN ဆိုတဲ့ animation movie မှာ Stella အဖြစ်အသံသရုပ်ဆောင်ခဲ့ပါတယ်….

ဂျိုလီ ဟာ ကာတွန်း ဇာတ်ကောင် ၄ မျိုးနဲ့ animation ရုပ်ရှင် (၈) ကားမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်……
Comments are closed, but trackbacks and pingbacks are open.