အသီးစားပင် အဖြစ်သာမက ချည်ထည်များကို ထုတ်လုပ်လာနိုင်ပြီဖြစ်တဲ့ ငှက်ပျော

ငှက်ပျောကို အသီးစားပင်အဖြစ် ကမ္ဘာအနှံ့မှာ ဟိုအရင်ထဲကနေ အခုအချိန်အထိ စိုက်ပျိုးခဲ့ကြပါတယ်. ဒီဘက်ခေတ်မှာတော့ ငှက်ပျောဟာ အသီးစားပင် အဖြစ်သာမက ငှက်ပျောပင်ကနေ ချည်ထည်များကို ထုတ်လုပ်လာနိုင်ပြီဖြစ်ကာ ငှက်ပျောပင်ကနေ ထုတ်လုပ်တဲ့ ချည်ထည်တွေကို အသုံးများလာခဲ့ပြီလည်းဖြစ်ပါတယ်…..

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ငှက်ပျောအများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ်တန်ချိန် ၂၄.၈ သန်းရှိပါတယ်. တရုတ်၊ ဖိလစ်ပိုင်၊ အီကွေဒေါနှင့်ဘရာဇီးတို့ကလည်း ငှက်ပျောထုတ်လုပ်ပါတယ်. အိန္ဒိယဟာ ကမ္ဘာ့ငှက်ပျောထုတ်လုပ်မှုရဲ့  ၂၂ ရာခိုင်နှုန်းရှိပါတယ်. အထည်အလိပ်တင်ပို့ခြင်းအပြင် ငှက်ပျောမျှင်ထုတ်လုပ်ခြင်းဟာ အိန္ဒိယမှာရှိတဲ့ ထောင်ပေါင်းများစွာသော ဆင်းရဲသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ပေးနိုင်ခဲ့ပါတယ်…..

အရင်တုန်းကတော့ ငှက်ပျောသီးခုတ်ယူပြီးတဲ့ အပင်ကို စွန့်ပစ်ပစ္စည်းအဖြစ်စွန့်ပစ်လေ့ရှိပေမယ့် အခုအခါမှာ Banana Fiber ဟာပျော့ဖတ်စက်မှုလုပ်ငန်းအတွက် အဓိကျလာပါတယ်. များစွာသောအကျိုးကျေးဇူးများနှင့်အတူ Banana Fiber ဟာ ဖက်ရှင်လုပ်ငန်းမှာ လူကြိုက်များလာခဲ့ပါတယ်. အကြောင်းကတော့ ဖက်ရှင်ဒီဇိုင်နာများဟာ ငှက်ပျောပင်ကနေ ထုတ်လုပ်တဲ့ အထည်များကိုလက်ခံကြပါတယ်. ဒါ့အပြင် ငှက်ပျောပင်ကနေရရှိတဲ့ချည်ထည်တွေဟာ အခြားဒြပ်အမျှင်များနှင့်နှိုင်းယှဉ်မယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုပိုရှိတာကိုလည်း တွေ့ရပါတယ်လို့ဆိုကြပါတယ်…..

ယခင်ကငှက်ပျောမျှင်ကိုအသုံးပြုခြင်းဟာ အကန့်အသတ်ရှိခဲ့ပါတယ်.  အထူးသဖြင့်ဖျာများ၊ ကြိုးများအတွက်သာ အသုံးပြုခဲ့ကြတာပါ. စက်မှုနည်းပညာ ၊ အသိပညာတိုးပွားလာခြင်းကြောင့် ငှက်ပျောမျှင်များကို အဝတ်အထည်များ၊ စက္ကူများ၊ ဖိနပ်များ၊ လက်ကိုင်အိတ်များနဲ့ အိမ်သုံးပရိဘောဂများထုတ်လုပ်ရာမှာ ပိုမိုအသုံးပြုလာကြတာဖြစ်ပါတယ်. ဂျပန်နိုင်ငံမှာ ရိုးရာကီမိုနို နဲ့ ကမ်ရှီမိုအဝတ်အစားများ ပြုလုပ်ရာမှာ Banana Fiber ကိုအသုံးပြုလာကြပါတယ်. ဂျပန်နိုင်ငံသားတွေဟာ နွေရာသီဝတ်ဆင်ဖို့အတွက် ငှက်ပျောချည်ဖြင့်ပြုလုပ်ထားတဲ့ အထည်တွေကို ဆင်မြန်းဖို့ ပိုမိုနှစ်သက်ကြတယ်လို့လည်းသိရပါတယ်……

ဒီလို စွန့်ပစ်ပစ္စည်းအဖြစ် စွန့်ထုတ်ရမယ့် ငှက်ပျောပင်တွေကို လူ့အသုံးအဆောင်တွေအဖြစ် တွင်ကျယ်စွာနဲ့ အသုံးပြုနိုင်ခြင်းဟာ စီးပွားရေးအတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းတာကြောင့် မြန်မာနိုင်ငံမှာလည်း Banana Fiber လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်းလာစေချင်ပါတယ်….

Comments are closed, but trackbacks and pingbacks are open.