အိမ်ခြံမြေ ဝယ်မယ်ဆိုရင် မဖြစ်မနေ ဂရုစိုက်သင့်တဲ့အချက်များ

လူရယ်လို့ ဖြစ်လာရင် မဖြစ်မနေလိုအပ်တဲ့  အရေးသုံးမျိုးဖြစ်တဲ့ စားရေး ၊ ဝတ်ရေး နဲ့ နေရေး အတွက် အားထုတ်ကြရစမြဲပါပဲ. စားဖို့ ဝတ်ဖို့ လိုအပ်သလို ပင်ပန်းသမျှ အတိုးချပြီး အနားယူဖို့အတွက် နေအိမ်ကလည်း မရှိမဖြစ်လိုအပ်လှပါတယ်. ဒါကြောင့် အပင်ပန်းခံ စုထားသမျှ ငွေတွေနဲ့  ထိုက်တန်တဲ့မြေကွက်ရှာပြီး ဝယ်ယူနေထိုင်ကြရာမှာ တချက်ကလေးမှ အမှားဖြစ်မသွားစေချင်ပါဘူး. ဒါကြောင့်  မြေဝယ်မယ်ဆိုရင် မဖြစ်မနေ ချိန်ကိုက်သင့်တဲ့အချက်တွေကို မျှဝေပေးချင်ပါတယ်…..

ကိုယ်ဝယ်ထားတဲ့ မြေနေရာဟာ မိသားစုနေထိုင်ရေးအတွက် အဆင်ပြေတဲ့အပြင် လုပ်ငန်းနေရာအဖြစ် ဖန်တီးနိုင်တယ်ဆိုရင်တော့ စီးပွားရေးအတွက်ပါ အသုံးဝင်လာမှာဖြစ်လို့ မြေဝယ်တဲ့အခါ တည်နေရာဟာ ဘယ်လောက်အထိအရေးကြီးလဲဆိုတာတော့ လူတိုင်းလည်းသိပြီးဖြစ်မှာပါ. တည်နေရာရွေးချယ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကွဲပြားသွားတာတွေ အများကြီးရှိပါတယ်…..

မြေကွက်ဝယ်မယ်ဆိုရင်  စံထားသင့်တဲ့ အချက်တွေကတော့

– လူနေအိမ်အတွက်လား / လုပ်ငန်းလုပ်ဖို့ သီးသန့်လား

– လမ်းပန်းဆက်သွယ်ရေး

လမ်းမကြီးနဲ့ဘယ်လောက်ဝေးသလဲ ၊ လမ်းမကြီးကနေ အတွင်းလမ်းသွယ် ဘယ်လောက်အထိ သွားရလဲ ၊ လမ်းသွယ်ကရော ကားဝင်ထွက်လို့ရလား

-ရေ ၊ မီး

ဒီရပ်ကွက်က ရေ ၊မီး ကောင်းရဲ့လားဆိုတာ အရမ်းအရေးကြီးပါတယ်. အဝီစိတွင်းတူးရင် ရေဘယ်လိုရှိလဲ ၊ ရန်ကုန်လိုနေရာမှာဆိုရင်တော့ ဂျိုးဖြူရေရရှိလား စတာတွေသိထားဖို့လိုအပ်ပါတယ်. နေထိုင်ဖို့ပဲဖြစ်ဖြစ် ၊ ပြန်ရောင်းချင်တဲ့အခါဖြစ်ဖြစ် ရေ ၊ မီး ဟာ အရေးကြီးဆုံးအချက်ပါပဲ…

– ဈေး ၊ ကျောင်း ၊ ဘတ်စကားမှတ်တိုင်တွေနဲ့ အကွာအဝေး ဟာလည်း အခြေခံကျတဲ့ လိုအပ်ချက်တွေဖြစ်လို့ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုပါပဲ….

– ပတ်ဝန်းကျင် သန့်/ မသန့်

ပတ်ဝန်းကျင်ဆိုတာ နေ့စဉ်မြင်တွေ့ ကြားသိနေရမှာဖြစ်သလို တနေ့မဟုတ်တနေ့ ဆက်ဆံရနိုင်ပါတယ်. ဒီလို အနီးကပ်နေထိုင်ရမယ့် ပတ်ဝန်းကျင်ဟာလည်း ကောင်းမွန်နေဖို့လိုအပ်ပါတယ်….

– ရေဝတ်တတ်သလား

ဝယ်ယူချိန်မှာ ရေဝတ်တာမတွေ့ရဘူးဆိုရင်တောင် မိုးရာသီမှာ ရေဝတ်တတ်သလားဆိုတာ စုံစမ်းကြည့်ဖို့လိုပါတယ်….

Comments are closed, but trackbacks and pingbacks are open.