Covid-19 ရောဂါကာကွယ်ဆေးတွေ ပေါ်ပေါက်လာပြီဆိုတဲ့ သတင်းတွေနဲ့အတူ လူတွေကြားမှာ အမေးများလာတဲ့ မေးခွန်းတွေကတော့ ကာကွယ်ဆေးထိုးပြီးရင် Mask တပ်ဖို့မလိုတော့ဘူးလား…. Social distancing လုပ်ဖို့မလိုတော့ဘူးလား… ဆိုတဲ့မေးခွန်းတွေပါပဲ…..

ကျမတို့ဟာ နေ့စဉ်သွားလာနေထိုင်မှုမှာ ဒီ mask တွေတပ်ထားရတာက စိတ်ရှုပ်စရာကြီးတစ်ခုလိုဖြစ်နေတယ်. ပြီးတော့ လူစုလူဝေးမလုပ်ရတာကြောင့် ပျော်ရွှင်စရာ ပွဲလမ်းသဘင်တွေနဲ့လည်း ကင်းကွာနေကြရတာကြောင့် ဒီလိုမေးခွန်းတွေပေါ်ထွက်လာပြီး ဒီမေးခွန်းတွေရဲ့အဖြေကို လူအများစိတ်ဝင်စားနေကြတာ မဆန်းပါဘူး. အားလုံးကလည်း Covid-19 ကိုအနိုင်ယူပြီး အရင်လိုစိတ်ကြိုက်သွားလာနေထိုင်ဖို့ မျှော်လင့်နေကြပါပြီ…..
ဒါပေမယ့် လက်ရှိအခြေအနေထိမှာတော့ Covid ကာကွယ်ဆေးထိုးပြီးရင်တောင် Mask တပ်ဖို့လည်းလိုသေးသလို Social distancing လည်းလုပ်ရအုံးမှာဖြစ်ပါတယ်. ဘာကြောင့်လဲဆိုတော့ အခုချိန်ထိစမ်းသပ်ချက်တွေအရ ကာကွယ်ဆေးထိုးထားရင် Covid-19 ရောဂါ ကိုယ့်ဆီကိုမကူးပေမယ့် ကိုယ်ကနေသူများဆီကို ကူးနိုင်သလားဆိုတဲ့ စမ်းသပ်ချက်တွေမလုပ်ရသေးပါဘူး. ဒါကြောင့် ကိုယ်ကကာကွယ်ဆေးထိုးထားပေမယ့် ကိုယ့်ဆီကနေ သူများတွေဆီကို ကူးနိုင်ပါသေးတယ်…..

နောင်လာမယ့်နှစ်တွေမှာ ဆက်လက်ပြုလုပ်မယ့်သုတေသနတွေအရ ကာကွယ်ဆေးထိုးပြီးရင် ကိုယ့်ဆီကိုမကူးနိုင်သလို ကိုယ်ကနေအခြားသူဆီကိုလည်း မကူးနိုင်ဘူး ဆိုရင် . လူအများလည်း ကာကွယ်ဆေးထိုးပြီးပြီဆိုတဲ့ အခြေအနေကိုရောက်ပြီဆိုရင်တော့ Mask လည်းတပ်ဖို့မလိုတော့သလို Social distancing လည်းလုပ်ဖို့မလိုတော့ပါဘူး……
လက်ရှိအခြေအနေမှာတော့ သုတေသနလုပ်ထားတာလည်းအရမ်းနည်းနေသေးသလို လူတော်တော်များများလည်း ကာကွယ်ဆေးမထိုးထားရသေးတာကြောင့် Mask တပ်ဖို့လည်းလိုသေးသလို Social distancing လည်းလုပ်ရအုံးမှာဖြစ်ပါတယ်. “Herd immunity” လို့ခေါ်တဲ့ မိသားစု ၅ ယောက်မှာ အနည်းဆုံး ၄ ယောက် ကာကွယ်ဆေးထိုးပြီးတဲ့ အခြေအနေရောက်မှသာ Mask မတပ်လည်းယုံကြည်စိတ်ချစွာနဲ့ ကျမတို့စိတ်တိုင်းကျ ပေါ့ပါးလွတ်လပ်စွာ သွားလာနိုင်မှာဖြစ်ပါတယ်…..
အခုပြောပြခဲ့တဲ့အကြောင်းအရာတွေကို ဆရာဇေယျာတင်ဆက်ထားတဲ့ ဗီဒီယိုမှ ကောက်နှုတ်ဖော်ပြခဲ့တာဖြစ်ပါတယ်…..