အခုတလော သတင်းတိုင်းလိုလိုမှာ ကြားနေရတာက ဟိုနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ရနေပြီ….၊ ဒီနိုင်ငံမှာတော့ ရနေပြီ စသဖြင့် တွေ့မြင်နေကြရမှာ အသေအချာပါပဲ….. ဒါပေမယ့် ဒီလို ကာကွယ်ဆေး ပေါ်ပေါက်လာခြင်းက ကျွန်တော်တို့တွေ အရင်လို စည်းမဲ့ကမ်းမဲ့ သွားလာနိုင်ဖို့အတွက် မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ စိုးရိမ်စိတ်တွေကို လျှော့ချပေးနိုင်ရုံလောက်သာ သိထားသင့်တဲ့အရာ တစ်ခုဖြစ်လာနိုင်တာလည်း ဖြစ်ပါတယ်…
ဒီကာကွယ်ဆေးအကြောင်းနဲ့ ပတ်သက်ပြီး WHO ရဲ့ တာဝန်ရှိသူဖြစ်တဲ့ Geneva က ကာကွယ်ဆေးတွေကို ပေါ်ပေါက်လာခဲ့ပြီးနောက် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူပေါင်း (၁.၅) သန်းနီးပါးကို သေစေနိုင်ခဲ့ပြီး စီးပွားရေးကိုပါ ထိခိုက်စေခဲ့တဲ့ ကိုဗစ်အန္တရာယ်က တော်တော်လေး ဒုက္ခခံခဲ့ကြရတာ အားလုံးအသိပါ…. ကာကွယ်ဆေးအတွက် တိုးတက်မှုကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သင့်တယ်… အမှောင်ထဲက လမ်းလျှောက်ပြီး နောက်ဆုံးမှာ အလင်းစကို ရှာတွေ့သွားနိုင်မှာပါ…. ဒါပေမယ့် ဒီကာကွယ်ဆေးက ကိုဗစ်ကို အဆုံးသတ်မယ်ဆိုတဲ့ အမြင်တွေကို စိုးရိမ်မိပါတယ်…လို့ ဆိုခဲ့တာလည်း ဖြစ်ပါတယ်…..

ဒါ့အပြင် Tedros က ဒီကူးစက်ရောဂါဟာ ရှည်လျားတဲ့ အခြေအနေမှာ ရှိနေသေးတာဖြစ်ပြီး ကာကွယ်ထိန်းချုပ် နိုင်စွမ်းကိုတော့ သက်ဆိုင်ရာ နိုင်ငံပိုင်တွေရဲ့ ရေတိုကာလ စီမံကိန်းတွေက ညွှန်ပြသွားနိုင်မှာဖြစ်ပါတယ်… အလားအလာရှိတဲ့ ကာကွယ်ဆေး (၂) ခုသည် မကြာမီက အမေရိကန်စားနပ်ရိက္ခာနှင့် ဆေးဝါးစီမံခန့်ခွဲမှုမှ အရေးပေါ် အသုံးပြုခွင့်ပြုချက်ကို ရရှိခဲ့ပြီး အမေရိကန်သန်း (၂၀) ခန့်သည် ယခုနှစ်တွင် ကာကွယ်ဆေးထိုးနိုင်ပြီး ကမ္ဘာ့အဆိုးရွားဆုံးသော နိုင်ငံတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းသိမ်းနိုင်တဲ့ ပမာဏတစ်ခုကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်….
WHO အနေနဲ့ COVAX ၏ ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးထိုးအစီအစဉ်ကို ထောက်ခံထားခဲ့ပြီး ကာကွယ်ဆေးများ မျှတစွာ ဖြန့်ဖြူးပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိတာလည်း ဖြစ်ပါတယ်… WHO ၏ သိပ္ပံပညာရှင် အကြီးအကဲက ကျန်းမာရေး ၀န်ထမ်းများနှင့် သက်ကြီးရွယ်အိုများအပါအ၀င် အန္တရာယ်အမြင့်မားဆုံးလူဦးရေ၏ ၂၀% ကို ပထမဆုံး ကာကွယ်ဆေးထိုးရန် အစီအစဉ်နှင့်အတူ (၂၀၂၁) ခုနှစ် ပထမသုံးလပတ်တွင် COVAX အစီအစဉ်အရ ကာကွယ်ဆေးထိုးပမာဏဘီလီယံဝက်ခန့်ကိုဖြန့်ဝေရန်မျှော်လင့်ကြောင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်…..
ဒီလို အကြံပြုချက်တွေနဲ့ ရှိလာခဲ့တာကြောင့် ကျွန်တော်တို့တွေအတွက် ကာကွယ်ဆေးဆိုတာဟာ အထိုက်အလျောက် ကာကွယ်နိုင်ဖို့အတွက်သာဖြစ်ပြီး အရှင်းလုံးဝပျောက်ကင်းသွားဖို့အတွက်ကိုတော့ စည်းကမ်းတကျနဲ့ လိုက်နာဆောင်ရွက်ပြီး အတူတူ လက်တွဲညီစွာ ကျော်ဖြတ်သွားနိုင်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်…….