‘ကြေကွဲစရာ’ တေးသီချင်း ပိုင်ရှင်ကြီး တေးရေး/တေးဆို လာဇရု ကွယ်လွန်

ပရိသတ်တွေရဲ့ ရင်ထဲက ခံစားချက်တွေနဲ့ ထပ်တူကြတဲ့ သီချင်းကောင်းများစွာကို ဖန်တီးခဲ့တဲ့ ဂီတကြယ်တစ်ပွင့် ကိုကျော်နိုင်သူ(ခ)လာဇရု ဟာ ဒီနေ့မနက် ၄:၅၀ အချိန်မှာ သူချစ်တဲ့ ကမ္ဘာကြီး . သူချစ်တဲ့ အနုပညာ . သူချစ်တဲ့သူတွေအားလုံးကို နှုတ်ဆက်ခွဲခွာခဲ့ပါပြီ…..

တေးရေး/တေးဆို လာဇရု ဟာ မတော်တဆ ချော်လဲပြီး ဦးခေါင်း ဒဏ်ရာ ရရှိခဲ့တာကြောင့် မြောက်ဥက္ကလာပဆေးရုံမှာ အရေးပေါ်တင်ထားရတာကနေ ဆုံးပါးသွားတာပဲဖြစ်ပါတယ်….

‘အသည်ကွဲတဲ့ရောဂါ’ ‘ကြေကွဲစရာ’ စတဲ့တေးသီချင်းများရဲ့ ပိုင်ရှင်ကြီး ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် ပရိသတ်များနဲ့ထပ်တူ များစွာစိတ်မကောင်း ဖြစ်ရပါတယ်. ကောင်းမွန်ရာ ဘုံဘဝ ရရှိခံစား‌နိုင်ပါစေ….

Comments are closed, but trackbacks and pingbacks are open.