သင်က စာဖတ်ဝါသနာပါသူဆိုရင် စာအုပ်တွေကို အခမဲ့ဖတ်ရှုခွင့်ရမယ့်အပြင် မည်သူမဆို တစ်နာရီ စာဖတ်တိုင်း ငွေတစ်ထောင်ရမှာဖြစ်ပြီး ကော်ဖီနဲ့မုန့်တွေပါ ကျွေးတဲ့ လှည်းတန်း၊ ကမာရွတ်မြို့နယ်မှာ တည်ရှိတဲ့ Royal Job Agency ဆီ သွားရောက်ပြီး စာဖတ်နိုင်ပါပြီနော်….
Royal Job Agency မှာ အပတ်စဉ်(ဗုဒ္ဓဟူးနေ့)တိုင်း ညနေ(၆)နာရီ မှ ည(၇)နာရီအထိ (စာဖတ်ချိန်တစ်နာရီ) အတွင်း စာလာဖတ်သူတွေကို လမ်းစရိတ်အတွက် ငွေတစ်ထောင်(၁၀၀၀)ပေးပြီး ကော်ဖီ နဲ့ မုန့်များလည်းအခမဲ့တိုက်ကျွေးပါတယ်….

Royal Job Agency မှစီစဉ်ထားတဲ့ စာအုပ်များကို ဖတ်ရှုခွင့်ရမှာဖြစ်ပြီး စာဖတ်နေချိန် ဖုန်းလုံး၀သုံးစွဲခွင့်မပြုပါဘူး. ဘ၀တိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့်စာအုပ်များကို ထားရှိပေးတာဖြစ်လို့ စီစဉ်ပေးထားတဲ့ စာအုပ်များမှ (၁၀)အုပ်ပြည့်အောင်ဖတ်ပြီးတာနဲ့ အတွေးခေါ်အယူအဆတွေ တိုးတက်အားကောင်းလာကာ ဘ၀အခြေအနေလည်း တိုးတက်လာလိမ့်မယ်လို့ ယုံကြည်နိုင်မှာဖြစ်ပါတယ်…..
လူတိုင်းစာဖတ်လာစေဖို့ နဲ့ စာဖတ်ခြင်းကနေ မှန်ကန်တဲ့ဘ၀အတွေးအခေါ်များရရှိကာ ဘ၀ကိုတိုးတက်အောင် ပုံဖော်ဖန်တီးနိူင်ကြဖို့ စာဖတ်ခြင်းအစီအစဉ်ကို ဖော်ဆောင်လိုက်ခြင်းဖြစ်ပါတယ်….

ဖတ်ရှုကြရမယ့် စာအုပ်တွေကတော့
၁။ စုန်ဆင်းသွားသော မေတ္တာများ – ချမ်းသာထွန်း ၂။ မိတ်တဗလဋီကာ – ဦးနု ၃။ မင်္ဂလာရှိသောမန်နေဂျာ – ၀င်းသိန်းဦး ၄။ ထိပ်ဆုံးမှာတွေ့ကြမယ် ခင်မောင်ညို(ဘောဂဗေဒ) ၅။ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ – မိုးရှင်း ၆။နေ့တိုင်းပျော်ပါတယ် – ထက်ထက်ထွန်း(Waterfall) ၇။ ငါ့အတွက်ငါရှိတယ် – လင်းရောင်စင် ၈။ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ – ဖေမြင့် ၉။ ၂၁ ရာစုပြည်သူ့နီတိ – တင်ညွန့် ၁၀။ ဒေါ်လာ ၁၀၀ ကိုယ်ပိုင်လုပ်ငန်းတစ်ခု – Du Du ဘာသာပြန် ၁၁။ သျှောင်ပေစူး(၀တ္ထုတိုများ) – ခင်ခင်ထူး ၁၂။ ခွပ်ဒေါင်းဧကရီ(သို့)ဒေါ်အောင်ဆန်းစုကြည်၏ဘ၀ခရီး – ရဲမြလွင် (ဘာသာပြန်သည်) ၁၃။ငြိမ်းအေးသောဘ၀ပိုင်ရှင် – အရှင်ဆန္ဒာဓိက ၁၄။အလင်းစေတမန် – အရှင်ဆန္ဒာဓိက ၁၅။ မေတ္တာကြောင့်သာ မဟုတ်ခဲ့လျှင် – ချမ်းသာထွန်း စတဲ့ စာအုပ်ကောင်းများစွာ အပြင် ဘဝအောင်မြင်မှုကိုအထောက်အကူဖြစ်စေမယ့် အခြားသုတ/ရသစာအုပ်မျိုးစုံ (၁၀၀၀)ကျော် စီစဉ်ပေးထားတာဖြစ်ပါတယ်…..
လိပ်စာအပြည့်အစုံကတော့ အမှတ်(၁၈)၊ ၆လွှာ၊ဘီ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ကမာရွတ်မြို့နယ်မှာ ဖြစ်ပါတယ်….လာရောက်စာဖတ်ချင်သူတွေအနေနဲ့ စာရင်းပေးရမယ့်ဖုန်းကတော့ -09 400 400 769 ဖြစ်ပြီး (အပတ်စဉ် တနင်္လာ+အင်္ဂါ)ကြိုတင်စာရင်းပေးနိုင်ပါတယ်…..
Comments are closed, but trackbacks and pingbacks are open.