ပိုက်ဆံစုဖို့ ကြောင်စာလည်း စားတယ်ဆိုတဲ့ သန်းကြွယ်အမျိုးသမီး

အမေရိကန်ဒေါ်လာ ၅.၃ သန်းပိုင်ဆိုင်တဲ့ Aimee Elizabeth ဟာ သူမအနေနဲ့ သူမရဲ့ကုန်ကျစရိတ်များကို လျှော့ချဖို့အတွက် ကြောင်အစားအစာများကိုစားနေတယ် လို့  ၀န်ခံခဲ့ပါတယ်. ကိုယ်တိုင် ၀န်ခံတဲ့ “ကမ္ဘာ့အချွေတာဆုံး သန်းကြွယ်သူဌေး” အမျိုးသမီးဟာ ကုန်ကျစရိတ်နည်းပါးစေရန် အသစ်သစ်သောအရာတွေကို ဝယ်လေ့မရှိတဲ့အပြင် ရံဖန်ရံခါကြောင်အစားအစာများကိုပင် စားလေ့မရှိကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်……

Las Vegas တွင်နေထိုင်သူ Aimee ဟာ သူမအတွက် လစဉ်ဘတ်ဂျက်ဒေါ်လာ ၁၀၀၀ သတ်မှတ်ထားပါတယ်. သူမရဲ့ လစဉ်ဘတ်ဂျက်ထက်ပိုသွားမှာကို မကြိုက်တဲ့အပြင် ငွေစုဆောင်းဖို့နည်းလမ်းများစွာကို ရှာဖွေတတ်သူလည်းဖြစ်ပါတယ်. သူမဟာ ရေပူရဖို့ ၂၂ မိနစ်သုံးပြီးတာနဲ့ ရေအပူပေးစက်ကိုပိတ်ထားတယ်. မလိုအပ်ဘဲ ရေအပူပေးစက်ကိုဖွင့်ထားပြီး မဖြုန်းတီးပါနဲ့ လို့လည်း ဆိုပါတယ်……

Aimee ဟာ ခင်ပွန်းဟောင်းမိုက်ကယ်နဲ့ ကွာရှင်းပြီးနောက် မိုက်ကယ်က သူမနေထိုင်ခဲ့တဲ့အိမ်ကို ပေးခဲ့ပါတယ်. နောက်ပြီးအံ့သြစရာ ကောင်းတာက အိမ်ကိုအခမဲ့ သန့်ရှင်းရေးလုပ်ပေးဖို့ မိုက်ကယ်က တောင်းဆိုခဲ့တာကြောင့် Aimee ဟာ အိမ်သန့်ရှင်းရေးအတွက် လစဉ်ဒေါ်လာဘီလျံအနည်းငယ်သက်သာစေခဲ့ပါတယ်……

သူမအနေနဲ့ ခင်ပွန်းဟောင်း ဒီလိုသန့်ရှင်းရေးလုပ်ပေးနေခြင်းက အခမဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်နေသလိုဖြစ်တာကြောင့် ခန္ဓာကိုယ်ပုံစံကို ပုံပျက်မသွားအောင်ထိန်းပေးထားနိုင်တယ်လို့ ဆိုပါတယ်….

Comments are closed, but trackbacks and pingbacks are open.