ဒီနေ့ ဒီဇင်ဘာ (၂၄) ရက်နေ့ ၊ နေ့လည်မှာ ဘင်္ဂါလီများတင်ဆောင်လာတဲ့ ဘုန်းကြီးကားအား ပြည်မြို့မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်….

ပြည်မြို့ နဝဒေးစစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးတွေပြုလုပ်နေတုန်း ဘုန်းကြီးကားတစ်စီး မောင်းနှင်ထွက်ပြေးသွားတာကြောင့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက နောက်ကလိုက်ပြီးဖမ်းဆီးခဲ့ရာ ပြည်မြို့စျေးကြီး ၊ တရုတ်ဘုံကျောင်း ၊စျေးကြီးဓမ္မာရုံအနီးမှာ ဘင်္ဂါလီများတင်လာဆောင်လာတဲ့ ဘုန်းကြီးကားကို ဖမ်းဆီးရမိခဲ့ပါတယ်…..

ဘုန်းကြီး နဲ့ ယာဥ်မောင်း ထွက်ပြေးသွားပြီး ကားထဲမှာ မြန်မာစကားလုံးဝမတတ်တဲ့ ဘင်္ဂါလီ ကျား(၁) ဦး မ(၁၂) ဦး စုစုပေါင်း (၁၃)ဖမ်းမိခဲ့ပါတယ်လို့ ပြည်သတင်းအရ သိရပါတယ်. ကနဦးအနေနဲ့ ဖမ်းမိ ဘင်္ဂါလီ များကို သူနာပြု Campမှာ စစ်ဆေးနေတယ်လို့သိရပါတယ်…..

ကားမှာတော့ သာသန ဓမ္မဂုဏ်ရည်ကျောင်းတိုက်လို့ ရေးထားတာတွေ့ရပါတယ်. ထွက်ပြေးသွားတဲ့ ဘုန်းကြီးကိုလည်း လိုက်လံရှာဖွေနေပါတယ်. ဒါဟာ တကယ်ပဲ ဘုန်းကြီးကျောင်းကား ဆိုတာ အမှန်လား… ဒါမှမဟုတ် သာသနာကိုခုတုံးလုပ်ပြီး သံဃာယောင်ဆောင်ထားတဲ့ မသမာသူတွေလားဆိုတာကတော့ စုံစမ်းဖော်ထုတ်ရအုံးမှာဖြစ်ပါတယ်. ….
Comments are closed, but trackbacks and pingbacks are open.