
လက်ရှိယူကေနိုင်ငံတစ်ဝှမ်းပျံ့နှံ့နေတဲ့ ကူးစက်မှုနှုန်း ၇၀ ရာနှုန်းပိုမြန်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်(စ်)သစ် ကြောင့် စိုးရိမ်မှုများရှိနေကြပါတယ်. ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ လန်ဒန်မြို့တော်နဲ့ အင်္ဂလန်တောင်ပိုင်းမှာ အရင်ရက်သတ္တပတ်အတွင်း ပျံ့နှံ့ပြီး ပိုပြီး ကူးစက်လွယ်တဲ့ လက္ခဏာတွေ့ရှိတာကြောင့် ကမ္ဘာတဝန်း ပိုပြီးစိုးရိမ်လာကြပါတယ်…..

ဗိုင်းရပ်(စ်)မျိုးကွဲ နဲ့ပတ်သက်လို့ အထွေထွေရောဂါကူဆရာဝန်ကြီး ဒေါက်တာမြင့်ဦး (ဂျီပီ) ကတော့ ဒီဗီဇပြောင်း ဗိုင်းရပ်(စ်)သစ်ဟာ ကလေးတွေမှာ တွေ့လာရတာကြောင့် ကလေးတွေဘက် လှည့်သွားမှာ စိုးရိမ်ကြောင်း ၊ ဗိုင်းရပ်(စ်)သစ်ဟာ ဘယ်လောက်အထိပြင်းထန်လဲ တကယ်ပဲကလေးတွေဘက်လှည့်နေပြီလား ဆိုတာကို ပညာရှင်တွေက လေ့လာနေတုန်းဖြစ်ကြောင်း ရှင်းလင်းပြောပြခဲ့ပါတယ်……

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်(စ်)သစ် နဲ့ပတ်သက်လို့ကတော့ နောက်ထပ် နှစ်ပတ် သုံးပတ်ခန့် စောင့်ပြီး ဘာတွေထပ်တွေ့ရအုံးမလဲဆိုတာ နာစွင့်ရမယ့်အနေအထားမှာရှိနေပါတယ်.လက်ရှိမှာတော့ ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ပိုပြီး ဆိုးဆိုးရွားရွား ဖျားနာမယ့်လက္ခဏာ မတွေ့ရသေးပေမယ့် ဥရောပနိုင်ငံတွေ ကတော့ ယူကေနဲ့ ခရီးအဆက်အသွယ် ဖြတ်တောက်လာကြပြီဖြစ်ပါတယ်…..

ဗိုင်းရပ်မျိုးကွဲသစ်မှာ ပါရှိတဲ့ ပရိုတိန်းဟာ မူလဗိုင်းရပ်စ်မှာ ပါရှိတာနဲ့ ၉၉% တူညီတာကြောင့် ထုတ်လုပ်ပြီးသား ကာကွယ်ဆေးဟာ ဗိုင်းရပ်မျိုးကွဲသစ်အတွက်လည်း ထိရောက်နိုင်တယ်လို့ ယူဆပေမယ့် လေ့လာကြည့်ရအုံးမှာဖြစ်ပါတယ်. ဗိုင်းရပ်စ်မျိုးကွဲသစ်အတွက် လက်ရှိကာကွယ်ဆေးကို ကိုက်ညှိပေးဖို့ လိုအပ်မယ်ဆိုရင်တော့ ဂျာမန်ဆေးကုမ္ပဏီ BioNTech အနေနဲ့ ရက်သတ္တ ခြောက်ပတ်အတွင်း ဆောင်ရွက်ပေးနိုင်မယ်လို့ သိရပါတယ်…
Comments are closed, but trackbacks and pingbacks are open.