မောင်းသူမဲ့ယာဉ် နဲ့ Delivery Service လုပ်ပိုင်ခွင့် ရရှိသွားပြီဖြစ်တဲ့ Nuro

ကယ်လီဖိုးနီးယားမှာ စီးပွားဖြစ်မောင်းသူမဲ့ယာဉ် ပို့ဆောင်ရေး ၀န်ဆောင်မှုကို ပထမဆုံးအကြိမ်အဖြစ် လုပ်ပိုင်ခွင့် ပေးအပ်ခဲ့ပြီဖြစ်ပါတယ်. စက်ရုပ်တွေကိုပျိုးထောင်ခဲ့တဲ့ Nuro ကုမ္ပဏီဟာ မောင်းသူမဲ့ Delivery Service ကိုနောက်နှစ်အစောပိုင်းမှာ စတင်ဖို့စီစဉ်နေပါပြီ….

Nuro ဟာ ပြီးခဲ့တဲ့ ဧပြီလပြီလက R2 ယာဉ်များကိုပြည်နယ်အတွင်း စမ်းသပ်မောင်းနှင်ခဲ့နိုင်သာဖြစ်ပါတယ်. မောင်းသူမဲ့ မော်တော်ယာဉ်တွေကို ၃၅ မိုင်နှုန်း (၅၆ ကီလိုမီတာ / တစ်နာရီ) သာ ကန့်သတ်ထားပြီး “ မျှတတဲ့ရာသီဥတု” အခြေအနေတွင်သာ လုပ်ငန်းလည်ပတ်ရန် ကန့်သတ်ထားပါတယ်. Nuro ကိုဂူဂဲလ်အင်ဂျင်နီယာဟောင်းနှစ်ယောက်က တည်ထောင်ခဲ့ပြီးဂျပန်ကုမ္ပဏီ Softbank ထံမှရန်ပုံငွေရရှိထားတာဖြစ်ပါတယ်….

Nuro ဟာ ပြီးခဲ့တဲ့ ဇွန်လ လောက်ကတည်းက ကိုရိုနာဗိုင်းရက်စ် ကြောက်လို့ အိမ်အပြင် မထွက်ရဲသူတွေအတွက် အမေရိကန်ရဲ့ အကြီးမားဆုံး ဆေးဝါး ကုမ္ပဏီ ၁ ခုဖြစ်တဲ့ CVS နဲ့ ပူးပေါင်းပြီး တက္ကဆပ်က ဟူစတန်မှာ ဒီဝန်ဆောင်မှုကို ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်. CVS နဲ့ Nuro တို့ရဲ့ ဝန်ဆောင်မှုကတော့ ဝယ်ယူသူက ဆေးထည့်ထားတဲ့ အခန်းကို Password နဲ့ ဖွင့်ပြီး  ဆေးကို ကိုယ်တိုင် ရယူနိုင်တာဖြစ်ပါတယ်…..

“ဒီနည်းပညာဖွံ့ဖြိုးလာတာနဲ့အမျှ မော်တော်ယာဉ်ရဲ့လုံခြုံမှုပိုကောင်းလာဖို့ ကျွန်တော်တို့အမြဲတမ်း ထိန်းသိမ်းတိုးမြှင့် သွားမှာပါ” လို့လည်း Nuro ကုမ္ပဏီဘက်က ပြောပါတယ်….

Comments are closed, but trackbacks and pingbacks are open.