ရက်ပေါင်း (၁၀၀) စီမံကိန်းနဲ့ ကိုဗစ်ကို တွန်းလှန်တော့မယ့် Biden

သိပ်မကြာသေးခင် ကာလတစ်ခုကမှ အမေရိကန်နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့ ဂျိုးဘိုင်ဒင်အနေနဲ့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဗစ်နဲ့ပတ်သက်ပြီး အခုလိုပဲ တွန်းလှန်နိုင်ဖို့အတွက် မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်……

 ပြည်သူလူထုတွေအနေနဲ့ ရက်ပေါင်း (၁၀၀) Mask တပ်ဖို့အတွက် တောင်းဆိုချင်ပါတယ်… ဒီတောင်းဆိုမှုဟာ ဆိုရင်လည်း ထာဝရအတွက် တောင်းဆိုခြင်းမျိုးမဟုတ်ဘဲ ရက်(၁၀၀) သာ တပ်ဆင်ဖို့ တောင်းဆိုခြင်း ဖြစ်ပါတယ်… ဒီလို ပြုလုပ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့တွေဟာ ကိုဗစ်ကို အထိုက်အလျောက် လျှော့ချသွား နိုင်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်…. ဒီလို ပြုလုပ်ဖို့အတွက်ကိုလည်း ကျွန်တော်တို့လို အကြီးအကဲတွေကနေစပြီး စည်းကမ်းတကျ လိုက်နာဆောင်ရွက်ပြဖို့ လိုအပ်တယ်လို့ ဖြည့်စွက်ပြောခဲ့ပြန်ပါတယ်….

ဒီလိုဆုံးဖြတ်ချက်မျိုးကို ချပြလိုက်တဲ့ ဦးဆောင်သူ သမ္မတအသစ်အနေနဲ့ တကယ်ပဲ သူ့ရဲ့ ပြည်သူတွေကို စောင့်ရှောက်မှု ပေးစွမ်းနိုင်လားဆိုတာကလည်း မေးစရာတစ်ခုလို ဖြစ်လာခဲ့ပြန်ပါတယ်… အရင်က သမ္မတအနေနဲ့  ဒီလိုအရာမျိုးကို ပြုလုပ်ခြင်း မရှိခဲ့တာလည်း ဖြစ်တာကြောင့် ဆေးပညာဆိုင်ရာ ဆုံးဖြတ်ချက်တွေ မှာလည်း အတော်အသင့် ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး ကာကွယ်ဆေးကို ဖော်ထုတ်နိုင်တဲ့အခါ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာမယ်လို့ အမျိုးသားဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါဆိုင်ရာ အင်စတီကျူရဲ့ အကြီးအကဲဖြစ်တဲ့ Fauci က ဖြေဆိုခဲ့တာလည်း ဖြစ်ပါတယ်….

ရွေးကောက်ပွဲရလဒ်ပြောင်းလဲမှုနဲ့အတူ အနိုင်ရရှိခဲ့တဲ့ ဂျိုးဘိုင်ဒင်ဟာ တကယ်ပဲ သူ့ရဲ့ ပြည်သူ ပြည်သား နိုင်ငံသားတို့အတွက် ဦးဆောင်မှု ကောင်းမွန်တဲ့ လမ်းပြသူ ခေါင်းဆောင်သူ တစ်ယောက်ဖြစ်လာမလားဆိုတာကို တော့ ဒီရက်ပေါင်း (၁၀၀) Mask တပ်ကြရမယ့် ထုတ်ပြန်ချက်ရဲ့ အနောက်မှာ အဖြေပါလာမှာဖြစ်လို့ စောင့်ကြည့်ဖို့တော့ လိုအပ်တာပဲ ဖြစ်ပါတယ်နော်…………