လိင်အရုပ်နဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသားက အရုပ်မလေးပျက်စီးသွားကြောင်း ထုတ်ဖော်ပြောကြားခဲ့

ကာဇတ်စတန်မှ ကာယပညာရှင်အမျိုးသားတစ်ဦးဖြစ်တဲ့ Yuri Tolochko ဆိုသူဟာ သူ့ရဲ့ဇနီးအဖြစ်ပေါင်းသင်းနေတဲ့ Margo ဆိုတဲ့ လိင်အရုပ်မလေး ပျက်စီးသွာခဲ့တာကြောင့် ခရစ်စမတ်အမှီ သူရဲ့ဇနီးအရုပ်မလေး ပြန်လည်ပြင်ဆင်ကောင်းမွန်လာဖို့ မျှော်လင့်ခဲ့တယ်လို့ သိရပါတယ်……

မတ်လ ၂၀၂၀ မှာ မင်္ဂလာပွဲကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့် Covid-19 ရောဂါ ပျံ့နှံ့ဖြစ်ပွားခြင်းကြောင့် နှောင့်နှေးခဲ့ရပေမယ့်လည်း နိုဝင်ဘာလနှောင်းပိုင်းမှာ စေ့စပ်ထားသူ အရုပ်မလေး Margo ကိုလက်ထပ်ခဲ့ပါတယ်. Margo ကို အဖြူရောင် ဂါဝန် ဝတ်ဆင်ပေးခဲ့ပြီး လက်ထပ်လက်စွပ် ဝတ်ဆင်ပေးခဲ့ကာ မင်္ဂလာပွဲတက်ရောက်သူတွေက ကခုန်ဂုဏ်ပြုခဲ့ကြပါတယ်……

“သူမသာပြန်လည်ကောင်းမွန်လာမယ်ဆိုရင်တော့ ကျနော်တို့နှစ်ယောက်စလုံးအတွက် လက်ဆောင်ဖြစ်လာမှာပါ” လို့ Yuri Tolochko က Daily Star ပြောကြားခဲ့ပါတယ်. အရုပ်မလေး Margo ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာကိုတော့ မပြောပြခဲ့ပါဘူး….

Comments are closed, but trackbacks and pingbacks are open.