တိရစ္ဆာန်ခိုလှုံရာမှာရှိတဲ့ ခွေး နဲ့ ကြောင်အမြောက်အမြားကို အသက်စွန့်ပြီး ကယ်တင်ခဲ့တဲ့ အိုးအိမ်မဲ့တစ်ယောက်ဟာ သူရဲကောင်းအဖြစ်ဂုဏ်ပြုခံရပါတယ်…..

၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က အတ္တလန်တာမြို့မှာရှိတဲ့ W-Underdogs အမည်ရှိ တိရစ္ဆာန်ခိုလှုံရာ အဆောက်အဦး မီးလောင်ကျွမ်းမှုဖြစ်နေစဉ်အတွင်းမှာ အသက် ၅၃ နှစ်အရွယ်ရှိတဲ့ Keith Walker ဆိုသူက အဆောက်အအုံအတွင်းသို့ ပြေးဝင်သွားခဲ့ပြီး တိရစ္ဆာန်လေးတွေကို ကယ်တင်ခဲ့ကြောင်း လူမှုစာမျက်နှာတွေမှာ ဖော်ကြဂုဏ်ပြုခဲ့ကြပါတယ်….

Keith Walker က “တကယ်လို့မင်းက ခွေးလေးတွေကို ချစ်တယ်ဆိုရင် ကမ္ဘာပေါ်က ဘယ်ခွေးကိုမဆို ချစ်တတ်ကြတယ်. ကျနော့်ရဲ့ခွေးလေးက ကျနော့်ရဲ့ အကောင်းဆုံးမိတ်ဆွေပါပဲ. သူမရှိတော့ပေမယ့် အခြားခွေးလေးတွေကို ကယ်တင်ရမယ်လို့ ကျနော်နားလည်ပါတယ်” လို့ပြောကြားခဲ့ပါတယ်. အသက်ကို ပဓာနမထားဘဲ တိရစ္ဆာန်လေးတွေကို မီးထဲကနေ ကယ်တင်ခဲ့တဲ့ သူ့စိတ်ဓာတ်က လေးစားစရာပါပဲနော်….
Comments are closed, but trackbacks and pingbacks are open.