2NE1 အဖွဲ့ဝင်ဟောင်း Park Bom နဲ့ တွဲဖက်ပြီး သီချင်းထုတ်ဖို့ အတည်ပြုလိုက်တဲ့ စိုင်းစိုင်း

ပရိသတ်အခိုင်အမာရရှိထားတဲ့ ဒိတ်ဒိတ်ကြဲအဆိုတော် စိုင်းစိုင်းခမ်းလှိုင် နဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom တို့ Collaboration လုပ်ပြီး သီချင်းအသစ်ထွက်ရှိတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတဲ့နောက် မြန်မာပြည်က စိုင်းစိုင်းပရိသတ်ရော Park Bom ပရိသတ်တွေပါ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ သီချင်းလေးကို စောင့်မျှော်နေကြပါပြီ……

စိုင်းစိုင်းခမ်းလှိုင်ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက သူ့ရဲ့ပရိသတ်တွေကို သီချင်းအသစ်တပုဒ် ထွက်ဖို့ရှိကြောင်းနဲ့ ခါတိုင်းဆိုရင်သူ့ရဲ့သီချင်းတွေကို အင်္ဂလိပ်နာမည် ပေးလေ့ မရှိပေမယ့် မကြာခင်ထွက်ရှိမယ့် သီချင်းအသစ်ကို “Red Light” လို့အမည်ပေးထားပြီး သီချင်းလေးကလည်း ဒီနာမည်နဲ့အတော်လေးလိုက်ဖက်ကြောင်းကို သူ့ရဲ့လူမှုစာမျက်နှာမှာ အသိပေးထားပါတယ်…..

စိုင်းစိုင်းဟာ သီချင်းအတွက် နိုင်ငံခြားက အဆိုတော်တယောက်နဲ့ Collaboration လုပ်မယ့်အကြောင်းကိုလည်း အရိပ်အမြွက်ပြောပြထားခဲ့သလို ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် သီချင်းအသစ်ရဲ့ Teaser video လေးကိုတင်ဆက်ခဲ့ပြီး Collaboration လုပ်မယ့်သူဟာ ပရိသတ်တွေမျှော်လင့်ထားသလို 2NE1 အဖွဲ့ဝင်ဟောင်း Park Bom ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်…..

မြန်မာနိုင်ငံရဲ့ နာမည်ကြီးအဆိုတော် Sai Sai Khem Leng ရဲ့ သီချင်းသစ်မှာ ပါဝင်ဖို့ 2NE1 ရဲ့ Park Bom ကို ကမ်းလှမ်းခဲ့ရာ လက်ခံမှု ရရှိခဲ့ပြီး အခုဆိုရင် Bom နဲ့ Sai Sai တို့ရဲ့ သီချင်းသစ်ကို မကြာခင်မှာ နားဆင်ရတော့မှာ ဖြစ်ပါတယ်. မြန်မာနိုင်ငံအတွက်သာမက အာရှ အတွက်ပါ ပထမဆုံး Music Collaboration project ဖြစ်ပါတယ်. တောင်ကိုရီးယားရဲ့ ထိပ်တန်း အနုပညာရှင်ဖြစ်တဲ့ Park Bom ကတော့ ၂၀၁၉ ခုနှစ်ကစတင်ကာ တကိုယ်တော် ရပ်တည်နေတာဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ် နိုင်ငံခြားမှ အနုပညာရှင်တယောက်နဲ့ လက်တွဲလုပ်ကိုင်တာ ဖြစ်တယ်လို့ သိရပါတယ်. ….

အခုဆိုရင် စိုင်းစိုင်း နဲ့ Park Bom တွဲဖက်သီဆိုမယ့် “Red Light” သီချင်းလေးကတော့ Teaser video လေးနဲ့တင် ချစ်တဲ့ပရိသတ်ရဲ့အားပေးမှုတွေ တခဲနက်ရရှိနေပြီပဲ ဖြစ်ပါတယ်…..

Comments are closed, but trackbacks and pingbacks are open.