BLACKPINK အဖွဲ့ဝင် Rose နဲ့ Lisa တို့ရဲ့ တစ်ကိုယ်တော်ပွဲဦးထွက် အစီအစဉ်တွေကို ဖြန့်ချီတော့မည်

ဇန်နဝါရီလ ၄ ရက်နေ့ မှတ်တမ်းများအရ Rosé နဲ့ Lisa တို့ဟာ သူတို့ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက် သီချင်းများအတွက် MV များကို ရိုက်ကူးပြီးစီးခဲ့ပြီလို့သိရပါတယ်. ဘာမှအတည်ပြုခြင်းမရှိသေးဘူး ဆိုပေမယ့်လည်း YG Entertainment ဟာ သူတို့နှစ်ဦးရဲ့ တစ်ကိုယ်တော်ပွဲဦးထွက် အစီအစဉ်ကို မကြာမီမှာဖြန့်ချီဖွယ်ရှိတယ်လို့ သိရပါတယ်……

Rose နှင့် Lisa တို့ဟာ သူတို့ရဲ့ တစ်ကိုယ်တော်တေးသီချင်းများအတွက် ပြင်ဆင်နေကြောင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့က YG Entertainment ကနေ အတည်ပြုခဲ့တာဖြစ်ပါတယ်. သူတို့နှစ်ယောက်ဟာ တစ်ကိုယ်တော်ပွဲဦးထွက်မယ့် BLACKPINK ရဲ့ ဒုတိယနှင့်တတိယမြောက် အဖွဲ့၀င်တွေဖြစ်လာမှာ ဖြစ်ပါတယ်….

Jisoo နဲ့ပတ်သက်ပြီး YG Entertainment ကထုတ်ဖော်ပြောကြားခဲ့တာကတော့ Jisoo ဟာ သူမရဲ့ပွဲဦးထွက်အနေနဲ့ Drama ရုပ်ရှင်ကား  “ Snow Drop” ကိုရိုက်ကူးဖို့ စီစဉ်ထားတာဖြစ်ပါတယ်….

 ပရိသတ်တို့အနေနဲ့ရော BLACKPINK အဖွဲ့ဝင် Rosé နဲ့ Lisa တို့ရဲ့ တစ်ကိုယ်တော်ပွဲဦးထွက် Solo တွေကို အားပေးကြဖို့ အဆင်သင့်ဖြစ်နေပြီလား….

Comments are closed, but trackbacks and pingbacks are open.