IQ မြင့်လို့ Mensa ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်တစ်ယောက် ဖြစ်လာတဲ့ သုံးနှစ်အရွယ်မိန်းကလေး

Dayaal Singh ဟာ အသက်သုံးနှစ်မှာ ဝင်ခွင့်စာမေးပွဲအောင်ပြီးတဲ့နောက် မိန်းကလေးဟာ Mensa ရဲ့ အငယ်ဆုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်. Dayaal Singh ဟာ ၁၄ လအရွယ်မှာ အက္ခရာကိုလေ့လာခဲ့ပြီး သူမအသက် ၁၆ လမပြည့်မီမှာ ၂၀ အထိရေတွက်ခဲ့ပါတယ်. သူမဟာ Mensa စာမေးပွဲမှာ IQ ၁၄၅ ​​မှတ်ရရှိခဲ့တာဖြစ်ပြီး ဒါဟာ အဲလ်ဘတ်အိုင်းစတိုင်းရဲ့  IQ ၁၆၀ ရမှတ် နီးပါရှိတာလည်းဖြစ်ပါတယ်…..

သင်းအုပ်ဆရာခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ သူမရဲ့ဖခင် Sarb Singh နဲ့ အသက်၃၂ နှစ်အရွယ် မိခင်တို့က Dayaal  အသက် ၁၆လ လောက်လေးနဲ့ ဝါကျတွေနဲ့ရင်းနှီးနေတယ် ဆိုတာကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်. ဒီ အရွယ်လေးထဲက သူမဟာ စကားလုံးတစ်လုံးချင်းကိုပြောနိုင်ယုံသာမကဘဲ ဝါကျလိုက်ပါ ပြောနိုင်နေခဲ့တာဖြစ်ပါတယ်. ဈေးဆိုင်တွေမှာတွေ့တဲ့ လူတွေကို စကားပြောနိုင်ပြီး သူတို့ရဲ့ နေ့စဉ်အကြောင်းအရာတွေကိုတောင် မေးတတ်နေခဲ့တယ်လို့ သိရပါတယ်…..

ကလေးမလေးဟာ အက္ခရာနဲ့ ကိန်းဂဏန်းတွေကို ဒီလောက်မြန်မြန် သင်ယူနိုင်တယ်ဆိုတာဟာ အံ့ဩစရာပါပဲ. သူမရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည် နဲ့ ဟာသဉာဏ်ဟာလည်း သူမရဲ့ IQ အတိုင်း ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင်ပါပဲ. သူမဟာ ထူးခြားတဲ့ကလေးတစ်ယောက်ဆိုတာကို ကောင်းကောင်းသိခဲ့တယ်လို့ ဖခင်ဖြစ်သူကဆိုပါတယ်. ပြီးတော့ သူမရဲ့ ဖခင်ဖြစ်ခွင့်ရတာဟာ ကံထူးတာပါပဲ လို့လည်း ဖခင်က ဂုဏ်ယူစွာ ပြောခဲ့ပါတယ်……

Comments are closed, but trackbacks and pingbacks are open.