Oxford တက္ကသိုလ်နဲ့ AstraZeneca အဖွဲ့တို့ဟာ အဆင့် ၃ COVID-19 ကာကွယ်ဆေးစမ်းသပ်မှုရဲ့ ရလဒ်များကို ထုတ်ဖော်ပြသခဲ့ချိန်မှာ မေးခွန်းများစွာထွက်ပေါ်လာခဲ့ပါတယ်…
Oxford တက္ကသိုလ်နဲ့ AstraZeneca ရဲ့ ကာကွယ်ဆေးမှာ၇၀ ရာခိုင်နှုန်းပျမ်းမျှထိရောက်မှုဟာအခြားနှစ်ခုဖြစ်တဲ့ Moderna နှင့် Pfizer တို့မှတင်ပြသော ၉၄.၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းထက်သိသိသာသာ နိမ့်ကျနေသေးတဲ့ Oxford / AstraZeneca ကာကွယ်ဆေးကို ဘာကြောင့် ကမ္ဘာကြီးကိုပိုမို အကျိုးသက်ရောက်စေနိုင်မယ့် ကာကွယ်ဆေးအဖြစ် သတ်မှတ်သလဲဆိုတာပါပဲ….
Oxford / AstraZeneca ကာကွယ်ဆေးဟာ Moderna နှင့် Pfizer တို့အောက် ရာခိုင်နှုန်းထက်သိသိသာသာ နိမ့်ကျနေသေးဆိုပေမယ့်လည်း လာမည့်လများအတွင်း အခြားနှစ်မျိုးထက် ကမ္ဘာကြီးအတွက် ပိုမိုအဖိုးတန်မှာဖြစ်တယ် လို့သက်သေပြနိုင်ခဲ့ပါတယ်…..

Pfizer ကာကွယ်ဆေးကို အီးယူနဲ့ အမေရိကန် နိုင်ငံများမှ ကနဦးစတင်ထိုးနှံဖို့ ကတိကဝတ်ပြုထားတာဖြစ်ပါတယ်. ထို့အပြင် Moderna ရဲ့ ထောက်ပံ့မှုများဟာ ၂၀၂၁ ခုနှစ်ရဲ့ပထမနှစ်ဝက်ခန့်မှာ အမေရိကန်နှင့်ချိတ်ဆက်မှုရှိမှာဖြစ်ပြီး AstraZeneca ကာကွယ်ဆေးကတော့ တစ်ကမ္ဘာလုံးအတွက်တကယ်ကောင်းတဲ့သတင်းပဲ” လို့ Duke Global Health Innovation Center မှလက်ထောက်ဒါရိုက်တာ Andrea Taylor က CNN သို့ပြောကြားခဲ့ပါတယ်…..
ဘာကြောင့်လဲဆိုတော့ AstraZeneca ဟာသန်းနဲ့ချီတဲ့ ဆေးများကို အနိမ့်ဆုံးနဲ့ အလယ်အလတ် ၀င်ငွေရှိတဲ့ နိုင်ငံများဆီ ဖြန့်ဖြူးဖို့နဲ့ ကာကွယ်ဆေးကိုအမြတ်အစွန်းမယူဘဲ အမြဲတမ်းထောက်ပံ့ပေးမယ်လို့ ကတိပေးခဲ့တာလည်း ဖြစ်တာကြောင့်ပါပဲ…..

Oxford / AstraZeneca ကာကွယ်ဆေးကို ရေခဲသေတ္တာအပူချိန် ၂ မှ ၈ ဒီဂရီစင်တီဂရိတ်မှာ အနည်းဆုံးခြောက်လ ထားရှိနိုင်ပါတယ်. Moderna ရဲ့ ကာကွယ်ဆေးကိုတော့ အပူချိန် -၂၀ဒီဂရီစင်တီဂရိတ် မှာ သိုလှောင်ထားရမှာဖြစ်ပြီး Pfizer / BioNTech ကာကွယ်ဆေးကိုတော့ – ၇၅ ဒီဂရီစင်တီဂရိတ် တွင်သိုလှောင်ထားရမှာဖြစ်ပြီး အအေးခံပြီးငါးရက်အတွင်းမှာ အသုံးပြုရမှာဖြစ်ပါတယ်. ဒီအချက်ကလည်း Oxford / AstraZeneca ကာကွယ်ဆေးရဲ့ နောက်ထပ် အားသာချက်ပဲဖြစ်ပါတယ်…..
ယခုအပတ် AstraZeneca ကပြောကြားရာမှာ စမ်းသပ်မှုတစ်ခုအရဆေးတစ်မျိုးသည် ၆၂ ရာခိုင်နှုန်းထိရောက်မှုရှိခဲ့ပြီး အခြားတစ်ခုက ၉၀ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ပြီးပျမ်းမျှ ၇၀ ရာခိုင်နှုန်းရှိကြောင်းပြောကြားခဲ့ပါတယ်. ဒါဟာ တုပ်ကွေးကာကွယ်ဆေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရလဒ်ကောင်းတစ်ခုဖြစ်ပါတယ်……

အင်္ဂလန်နိုင်ငံအောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပြုလုပ်တဲ့ AstraZeneca မှ ကာကွယ်ဆေးဟာ အခြား Pfizer နဲ့ Moderna မှကာကွယ်ဆေးများထက် သိသိသာသာစျေးသက်သာသလို အေးခဲတဲ့အပူချိန်မှာသိုလှောင်ဖို့မလိုအပ်တာကြောင့် သယ်ယူပို့ဆောင်ဖို့နဲ့ ဖြန့်ဖြူးဖို့ ပိုမို လွယ်ကူပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ကမ္ဘာကြီးကိုပိုမို အကျိုးသက်ရောက်စေနိုင်မှာ ဖြစ်ပါတယ်…….
ဒီလို အားသာချက်တွေကြောင့် Oxford / AstraZeneca ကာကွယ်ဆေးဟာ ကမ္ဘာကြီးကိုပိုမို အကျိုးသက်ရောက်စေနိုင်တဲ့ အကြောင်းရင်းကို ဖော်ဆောင်နိုင်တော့မှာဖြစ်ပါတယ်. ဒီလို ကာကွယ်ဆေးတွေကို အမြန်ဆုံးအသုံးပြုနိုင်ပြီး ကမ္ဘာမြေမှ လူသားအားလုံး Covid-19 ကပ်ရောဂါဘေးကနေ အချိန်တိုအတွင်းလွတ်ကင်းနိုင်ကြပါစေလို့ ဆုမွန်ချွေလိုက်ပါရစေ…….
Credit : Source from internet