နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေမှာ ပုန်းကွယ်နေတဲ့ ထိပ်တန်းလျှို့ဝှက်ချက်များ…

သင့်အိမ်မှာ အသုံးပြုနေတဲ့ အိမ်သုံးပစ္စည်း များစွာရှိတဲ့အထဲက သာမာန်အရာဝတ္ထုများကတောင် သင်စိတ်ကူးမရခဲ့တဲ့နည်းတွေနဲ့ သင့်ကိုကူညီပေးနိုင်ပါသေးတယ်. ဘယ်ပစ္စည်းတွေက ဘယ်လိုအသုံးဝင်သလဲဆိုတာ လေ့လာကြည့်ကြရအောင်နော်…..

Wine Bottle Dip

ဝိုင်ပုလင်းအောက်ခြေမှာ နှိုက်ထားတဲ့ ဒီဇိုင်းပုံစံ(Wine Bottle Dip)ရဲ့လျှို့ဝှက်ချက်ကဘာလဲ… ဒီပုံစံကို punt သို့မဟုတ် kick-up လို့ ခေါ်ပါတယ်. ဒီအင်္ဂါရပ်ဟာ ပုလင်းအား လေကိုခံနိုင်ရည်ရှိစေသလို တောက်ပတဲ့ ဝိုင်ကို ထိန်းသိမ်းပေးပြီး ဝိုင်မထည့်ခင် ပုလင်းသန့်ရှင်းရေးအတွက် ရေနွေးငွေ့သုံးသန့်စင်နည်းနဲ့ သန့်စင်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်…..

Shirt Loops

ရှပ်အင်္ကျီများပေါ်မှ Shirt Loops တပ်ဆင်ခြင်းကို ရေတပ်အတွက်စတင်ခဲ့တာဖြစ်ပါတယ်. ပင်လယ်ပြင်မှာ ဗီရိုနေရာမရှိတဲ့အတွက် သူတို့ရဲ့အဝတ်အစားတွေကိုချိတ်တွေမှာချိတ်ဆွဲထားဖို့ ရည်ရွယ်တာပဲဖြစ်ပါတယ်. အနှစ် ၆၀ လောက်ရောက်လာချိန်မှာတော့ ကောလိပ်ကျောင်းသားများအနေနဲ့ အားကစားခန်းမဆီသွားတဲ့အခါ သူတို့ရဲ့ရှပ်အင်္ကျီများကို သန့်ရှင်းစွာထားရှိနိုင်ဖို့အတွက် ရှပ်အင်္ကျီများပေါ်မှာ Shirt Loops တပ်ဆင်ခြင်းဟာ ခေတ်စားလာခဲ့ပါတော့တယ်….

Gas Gauge Arrow

ကားပိုင်ရှင်များကတော့ gas cap ဘယ်အနေအထားလောက်ရှိလဲဆိုတာသိပေမယ့် ငှားရမ်းထားတဲ့ ကားတစ်စီးကိုမောင်းနှင်မယ်ဆိုရင်တော့ သိဖို့ခက်ခဲပါတယ်. 2010 ခုနှစ်နဲ့ နောက်ပိုင်းမှာထွက်ရှိလာတဲ့ ကားအသစ်များမှာတော့ သင့်ကိုအနေအထားအား ညွှန်ပြဖို့ gas gauge ရဲ့ဘေးမှာ မြှားပါလာပါတယ်…..

မီးသွေးဟာ လေကိုသန့်ရှင်းစေပြီးအနံ့များကိုဖယ်ရှားပေးပါတယ်

အနံ့နံတာမျိုးများနှင့်ဘက်တီးရီးယားများကို ဖယ်ရှားပစ်ချင်တယ်ဆိုရင် ဝါးမီးသွေးကိုသုံးနိုင်ပါတယ်. မီးသွေးကို အိတ်ထဲထည့်ထည့်ပြီး မကောင်းတဲ့အနံ့ရှိတဲ့နေရာတွေမှာထားပေးပါ. လေကြောင်းသန့်ရှင်းရေးအတွက် အကုန်အကျသက်သာစေတဲ့ နည်းတစ်ခုပါပဲ….

Pot Handle Holes

ဒယ်အိုးလက်ကိုင်မှာ ဘာဖြစ်လို့အပေါက်တစ်ပေါက်ရှိနေတာလဲ…ပထမ တစ်ချက်ကတော့ ဒယ်အိုးခြောက်သွေ့အောင် ချိတ်မှာချိတ်ဆွဲထားဖို့ အသုံးပြုနိုင်ပါတယ်. ဒုတိယအချက်အနေနဲ့ သင်ချက်ပြုတ်တဲ့ အခါသန့်ရှင်းသောဇွန်းကို မွှေပြီး အပေါက်မှာ စိုက်ထားလို့ရအောင်ဖြစ်ပါတယ်….

လေယာဉ်ပြတင်းပေါက်မှ  အပေါက်ငယ်လေး

လေယာဉ်ပြတင်းပေါက်မှ  အပေါက်ငယ်လေးရှိတာဟာ စိတ်ပူစရာမဟုတ်ပါဘူး. ဒီအပေါက်လေးက ခရီးသည်တွေကိုလုံခြုံမှုပေးတာဖြစ်ပါတယ်.  လေယာဉ်အတွင်းပိုင်းထဲက လေထုဖိအားနဲ့ လေယာဉ်ပြင်ပက ဖိအားတွေကွာခြားမှုကို မျှတနေစေဖို့အတွက် ထားရှိပေးထားတာဖြစ်ပါတယ်…..

မိုက်ကရိုဝေ့မှအနက်ရောင်ဆန်ခါ

မိုက်ခရိုဝေ့ဖ်တံခါးဝမှာ Faraday ဒိုင်းလွှားကိုသင်တွေ့လိမ့်မယ်. ဒီအနက်ရောင်ဆန်ခါဟာ အပြင်ဘက်ကလာတဲ့ လျှပ်စစ်သံလိုက်စက်ကွင်း နဲ့ လူတွေရဲ့အပူကိုကာကွယ်ပေးပြီး သင့်ရဲ့အစားအစာကို အပူပေးနိုင်ဖို့ပဲဖြစ်ပါတယ်….

ဂေါက်သီးမျက်နှာပြင်ရှိ ချိုင့်ခွက်များ

ဂေါက်သီးဘောလုံးများဟာ လုံးချောမနေဘဲ မျက်နှာပြင်ပေါ်မှာ ချိုင့်ခွက်များရှိပါတယ်. လှိုင်းများနှင့်ချိုင့်ခွက်များက လှိုင်းလေထန်ခြင်းကြောင့် ဘောလုံးများကိုထပ်မံခရီးရောက်စေနိုင်ပါတယ်. ဒါကြောင့် လုံးချောနေတာထက် မျက်နှာပြင်ပေါ်မှာ ချိုင့်ခွက် လေးတွေပါရှိနေတာဖြစ်ပါတယ်….

လည်ပင်းရှည်တဲ့ ပုလင်း

လည်ပင်းရှည်တဲ့ပုလင်းဟာ ခွက်ထဲကိုအလွယ်တကူသွန်လောင်းပေးနိုင်ပြီး ကိုင်ရတာပိုမို အဆင်ပြေစေတာကြောင့် အသုံးများလာခဲ့ပါတယ်…..

Takeout Boxes

Takeout Boxes တွေကတော့ အစားအစာ ထုတ်ပိုးရုံသာမက ပန်းကန်မလိုဘဲ သုံးဆောင်နိုင်အောင် ဖန်တီးပေးထားတာဖြစ်ပါတယ်….

Double Keyboard Bumps

Keyboard ပေါ်က Double Keyboard Bumps ဖြစ်တဲ့ J နဲ့ F ဟာ Key တွေကို ခန့်မှန်းတွက်ဆနိုင်ဖို့ ဖန်တီးပေးထားတာဖြစ်ပါတယ်…..

ပရိသတ်ကြီးတို့ သိထားတဲ့ အသုံးအဆောင်များမှာပါတဲ့ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ချက်တွေ ရှိမယ်ဆိုရင်လည်း ပြန်လည်မျှဝေးပေးခဲ့ပါအုံးနော်…..