ပုဒ်ဖြတ်တစ်ခုကြောင့် အဓိပ္ပါယ်အလွဲကြီးလွဲပြီး လှောင်ပြောင်ခံခဲ့ရတဲ့ ဆိုင်ကြော်ငြာစာ

စားသောက်ဆိုင်တစ်ဆိုင်ရဲ့ လက်ကမ်းစာစောင်မှ အမှားတစ်ခုဟာ ပုဒ်ဖြတ်ပုဒ်ရပ် တစ်ခုဟာ ဘယ်လောက်အထိ အရေးကြီးသလဲ ဆိုတာကို အကောင်းဆုံးဥပမာတစ်ခုအဖြစ် သက်သေပြသွားခဲ့ပါတယ်…..

လန်ဒန်မှာရှိတဲ့ အိန္ဒိယစားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ Anu’s Kitchen ဆိုတဲ့ စားသောက်ဆိုင်ရဲ့  လက်ကမ်းစာစောင်တစ်ခုမှာ သေးပေမယ့်လည်း အရေးကြီးတဲ့ ပုဒ်ဖြတ်သင်္ကေတ တစ်ခုပျောက်ဆုံးခြင်းအတွက် social media အသုံးပြုသူများရဲ့ အကြီးအကျယ်လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်. Anu’s Kitchen လို့မရေးမိဘဲ Anus Kitchen လို့ အပေါ်စတော်ဖီ ကျန်ခဲ့တာကြောင့် (Anus=စအို) ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်……

ဒီကြော်ငြာစာ ဓာတ်ပုံကို Facebook အသုံးပြုသူ Paul Brook ဆိုတဲ့ အကောင့်ပိုင်ရှင်က ပထမဆုံးမျှဝေခဲ့တာဖြစ်ပြီး သူက“ ပုဒ်ဖြတ်ပုဒ်ရပ်ဟာ အဘယ်ကြောင့်အရေးကြီးသည်”ဆိုတဲ့ caption နဲ့အတူ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်. ဒီ post ဟာ social media အသုံးပြုသူများအကြား ရေပန်းစားခဲ့ပြီးတော့ ဝေဖန်လှောင်ပြောင်တဲ့ comment များစွာရှိခဲ့ပါတယ်…..

ဒီလိုပြန့်နှံ့ပြီးတဲ့နောက်မှာတော့ လက်ကမ်းစာစောင်ဟာ အခြားဆိုရှယ်မီဒီယာစာမျက်နှာများသို့လည်း ပျံ့နှံ့သွားခဲ့ပါတယ်. အချို့သူတွေဟာ Anu’s Kitchen ဆိုင်ရှေ့ကိုရောက်ရင် ဆိုင်ကိုဓာတ်ပုံရိုက်ပြီး “ဒီဆိုင်ရှေ့ရောက်တိုင်း ကြော်ငြာစာကိုသတိရမိတယ်.ဟားဟားဟားဟား” ဆိုပြီး သရော်ကြတာကိုလည်း တွေ့ရပါသေးတယ်……

Social media အသုံးပြုသူတစ်ဦး ကလည်း သူမနေထိုင်ရာဒေသမှာရှိတဲ့ Anu’s Kitchen ဆိုင်ကို ဓာတ်ပုံရိုက်ပြီး “OMG သူမအိမ်အနီးမှာ  Anus Kitchen ကြီးရှိပါလား. ရက်သတ္တပတ်အနည်းငယ်အကြာမှာ သူတို့သတိထားမိသွားပြီး ဆိုင်ဆိုင်းဘုတ်ရဲ့ logo မှာ အပေါ်စတော်ဖီနေရာမှာ ပိုပြီးကြည့်ကောင်းစေဖို့အတွက် ငရုပ်သီးတောင့်လေး ထည့်ထားတယ်” လို့ရေးသားပြီးမျှဝေခဲ့ပါသေးတယ်….

အပြည်ပြည်ဆိုင်ရာသတင်းမီဒီယာများအရ Anu’s Kitchen စားသောက်ဆိုင် မှာ အရသာရှိလှတဲ့ ဘင်္ဂလားဒေ့ရှ် ဟင်းပွဲများ ၊ ဘာဂါ ၊ ဖက်ထုပ်အမျိုးမျိုး နဲ့ အကင်အမျိုးမျိုး ကိုရရှိနိုင်တယ်လို့ သိရပါတယ်…

ဒီဖြစ်ရပ်အတောအတွင်းမျာ စားသောက်ဆိုင်ပိုင်ရှင်က “ဒီစားသောက်ဆိုင်ကို မကြာသေးမီကဖွင့်လှစ်ခဲ့ပြီး ဆိုင်နာမည်ကို ဇနီးဖြစ်သူရဲ့အမည်ပြောင်ဖြစ်တဲ့ Anu လို့ အမည်ပေးခဲ့တာဖြစ်တယ်လို့ Mirror သို့ ပြောကြားခဲ့ပါတယ်. ပြီးတော့ Foodhub ဟာ စားသောက်ဆိုင်အတွက်လက်ကမ်းစာစောင်အချို့ကို ပုံနှိပ်ပြီး“ မိုက်မဲတဲ့အမှား” ကျူးလွန်ခဲ့တာပါ. လက်ကမ်းစာစောင်ပေါ်ကပုံကလည်းမှားနေတယ်. ဒါက ကျွန်တော်တို့ဆိုင်က စားစရာမဟုတ်ဘူး. ဒါ့အပြင် မထုတ်ဝေခင်မှာ ဒီမှားနေတဲ့ စာအရေးအသား နဲ့ ပုံကို ပြောင်းလဲပစ်ဖို့ကို ထပ်မံပြောကြားခဲ့ပါသေးတယ်” လို့ Anu’s Kitchen စားသောက်ဆိုင်ပိုင်ရှင်က ပြောကြားခဲ့ပါတယ်…..

ကဲမိတ်ဆွေတို့ရေ…. အချို့စကားလုံးတွေက ပုဒ်ဖြတ် ပုဒ်ရပ် လေးကျန်ခဲ့တာနဲ့တင် ရှော့အကြီးကြီးရသွားစေနိုင်တယ်ဆိုတာကို Anu’s Kitchen ရဲ့ ကြော်ငြာစာက သက်သေပြခဲ့ပြီမို့ မိတ်ဆွေတို့လည်း ဒီလိုအမှားမျိုးတွေ မဖြစ်ရအောင် စာအရေးအသားတွေကို သေချာဂရုစိုက်ကြပါနော်…..

Credit : Source From Internet