မရဏကူးတို့သမား အဖြစ် ရည်ညွှန်းခံရတဲ့ အနူးဘစ်နတ်ဘုရား

ရှေးခေတ် အီဂျစ်နတ်ဘုရားများလိုပဲ အနူဘစ်ဟာ အခြေအနေအမျိုးမျိုးနဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်ခဲ့ပါတယ်. အလယ်ခေတ် (ဘီစီ ၂၀၅၅ မှဘီစီ ၁၆၅၀) ပထမမင်းဆက်အစောပိုင်းမှာ မရဏနိုင်ငံရဲ့ သခင်ဖြစ်ခဲ့ပါတယ်. သူဟာ ထင်ရှားတဲ့ အခန်းကဏ္ဍ တစ်ခုမှာဝိညာဉ်ကို နောင်တမလွန်ဆီ ပို့ဆောင်တဲ့ နတ်ဘုရားတစ်ပါးဖြစ်ပါတယ်…..

မြေခွေးခေါင်းပုံသဏ္ဌာန်ရှိတဲ့ အီဂျစ်နတ်ဘုရား အနူဘစ်ဟာ သေဆုံးသူရဲ့ ဝိဉာဉ်ကိုခေါ်ယူပြီး လားရာဆီ ပို့ဆောင်ပေးတဲ့ နတ်ဘုရား ဖြစ်ပါတယ်. အနူးဘစ်ရဲ့ ပုံသဏ္ဌာန်ကို ခွေးခေါင်းနဲ့လူကိုယ် အဖြစ် သရုပ်ဖော်ခဲ့ပါတယ်…..

သေဆုံးသူတို့ရဲ့ တမလွန်ကိုကြီးကြပ်ရခြင်းဟာ အနူဘစ်ရဲ့ အရေးကြီးဆုံးတာဝန်တစ်ရပ်ပဲဖြစ်ပါတယ်. မံမီရုပ်အလောင်းတွေကို စီရင်ဆေးစိမ်တဲ့အခါမှာ အမွှေးနံ့သာတွေနဲ့ စီရင်ခြင်းက သေဆုံးသူရဲ့ဝိဉာဉ်ကို ‌အာရုံထွေပြားပြီး သွားရမယ့် လားရာကို မသိဖြစ်စေတယ်လို့ ရှေးအီဂျစ်လူမျိုးတွေက ယုံကြည်ခဲ့ကြပါတယ်. အနူးဘစ် က ဒီလို သေဆုံးသူရဲ့ဝိဉာဉ်တွေ သွားရမယ့်လမ်းအတိုင်းရောက်အောင် ဆုံးဖြတ်ကွပ်ကဲပေးတာဖြစ်ပါတယ်….

သေဆုံးသူရဲ့ ဝိဉာဉ်တွေကို သူတို့ပြုခဲ့တဲ့ ကောင်းမှု ၊ မကောင်းမှု အပေါ်မူတည်ပြီး ခံစားရမယ့် အကျိုး အပြစ် တွေကို စီရင်ခံဖို့ တရားစစ်ဆေးတဲ့ နတ်တရားသူကြီး Osiris ဆီကို ခေါ်ဆောင်သွားရပါတယ်. အဲဒီမှာ သေဆုံးသူရဲ့ ကောင်းမှုမကောင်းမှုများကိန်းအောင်းနေတဲ့ အသည်းနှလုံးကို ငှက်ကုလားအုတ်အမွှေးနဲ့ ချိန်ခွင်မှာ ချိန်တွယ်ပါတယ်…..

ကောင်းမှုတွေကိန်းအောင်းနေတဲ့ အသည်းနှလုံးဟာ ကောင်းမှုကြောင့်ပေါ့ပါးပြီး နှိမ့်ဆင်းမသွားဘူးဆိုရင် ဉာဏ်ပညာနတ် Thoth က မှတ်တမ်းတင်ပြီး Osiris ဆီကို အစီခံကာ ကောင်းသူတို့စံမြန်းရာ သုခဘုံ ၊ ကောင်းကင်ဘုံ ဆီကိုဝင်ခွင့်ရမှာဖြစ်ပါတယ်…..

 မကောင်းမှုတွေကိန်းအောင်းပြီး အပြစ်ရှိတဲ့ သေဆုံးသူကတော့ ချိန်ခွင်မှာ အပြစ်လေးကြောင်းဖော်ပြရင်တော့ အဲဒိအပြစ်အတွက် ပြန်လည်ပေးဆပ်ရပါတယ်. ဒီလို အပြစ်သားတွေဟာ သူတို့အပြစ်အပေါ်မူတည်ပြီး ငရဲမှာ ငရဲထိန်းတွေရဲ့ နှိပ်စက်ခြင်းကို အမျိုးမျိုး ခံစားကြရပါတယ်…..

ဒီလို သေဆုံးသူရဲ့ ဝိဉာဉ်တွေအတွက်  တမလွန်ကိုကြီးကြပ်ပေးရခြင်းကြောင့် အနူးဘစ်နတ်ဘုရားကို  မရဏကူးတို့သမား အဖြစ် ရည်ညွှန်းဖော်ပြခဲ့ကြပါတယ်…..

Comments are closed, but trackbacks and pingbacks are open.