မြောက်ကိုရီးယားဟက်ကာများရဲ့ ပစ်မှတ်ထားခြင်းခံလာရတဲ့ Corona Virus ကာကွယ်ဆေးထုတ်လုပ်သူများ

မြောက်ကိုရီးယားဟက်ကာများဟာ ဗြိတိန်နိုင်ငံ၏ coronavirus ကာကွယ်ဆေးထုတ်လုပ်သူများဖြစ်တဲ့ AstraZeneca ၀န်ထမ်းများကို မကြာသေးမီရက်သတ္တပတ်များအတွင်း ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနမှ သိရပါတယ်…..

မြောက်ကိုရီးယားဟက်ကာများဟာ Coronavirus သုတေသနလုပ်ငန်းများအပါအ၀င် AstraZeneca ၀န်ထမ်းများနှင့် Coronavirus သုတေသနလုပ်ငန်းများကို ဆိုက်ဘာနည်းစနစ်နဲ့တိုက်ခိုက်ဖို့ LinkedIn နှင့် WhatsApp မှာ အလုပ်အတုအယောင်များ ဖန်းတီးခဲ့ကြပါတယ်. သံသယရှိခံရတဲ့ ဟက်ကာများထဲမှ အချို့ဟာရုရှားအီးမေးလ်လိပ်စာကို အသုံးပြုပြီး ပစ်မှတ်ထားရာကွန်ပျူတာများကိုဝင်ရောက်ခွင့်ပြုရန် အန္တရာယ်ရှိတဲ့ကုဒ်များနှင့်အတူ အလုပ်ဖော်ပြချက်များအဖြစ်ဖန်တီးထားတယ်လို့ သိရပါတယ်…..

ဒီကိစ္စနဲ့ပတ်သက်ပြီး AstraZeneca က မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ပါတယ်. ဒါပေမယ့် Oxford တက္ကသိုလ်က ဆေးဝါးထုတ်လုပ်သူနဲ့တွဲဖက်ပြီး coronavirus ကာကွယ်ဆေးကိုတီထွင်ဖို့ကြိုးစားနေပေမယ့် တက္ကသိုလ်က ယူကေအမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာနဲ့ နီးကပ်စွာအလုပ်လုပ်နေလို့ COVID-19 သုတေသနဟာအကောင်းဆုံးဆိုက်ဘာလုံခြုံရေးနှင့်ကာကွယ်မှုကိုရရှိစေမှာဖြစ်တယ်လို့ CNN ကိုပြောကြားခဲ့တယ်လို့ သိရပါတယ်. ဒီလို ဆိုက်ဘာနည်းစနစ်နဲ့တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဟက်ကာများဟာ အောင်မြင်မှုရခဲ့တယ်လို့တော့ မထင်ပါဘူးလို့ ရိုက်တာသတင်းဌာနရဲ့အဆိုအရ သိရပါတယ်……

CNN အနေနဲ့ ဒီဖြစ်စဉ်အတွက် တရားဝင်မှတ်ချက်ပေးဖို့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံမှ ဂျီနီဗာရှိကုလသမဂ္ဂသို့ ဆက်သွယ်ခဲ့ပေမယ့်လည်း တုန့်ပြန်မှုမရသေးပါဘူး .CNN မှတယ်လီဖုန်းနဲ့ဆက်သွယ်ရာမှာ ၀န်ထမ်းတစ်ဦး က ရိုက်တာသတင်းဟာ သတင်းအတုအယောင်သာဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့တယ်လို့သိရပါတယ်…..

တောင်ကိုရီးယားဥပဒေပြုအမတ်တဦး ကလည်း အချိန်နဲ့ ပစ်မှတ်ထားခံခဲ့ရတဲ့ ဆေးဝါးကုမ္ပဏီများကို အတိအကျမပြောခဲ့ပေမယ့်လည်း မြောက်ကိုရီးယားဟာ coronavirus အတွက် ဒေသခံကာကွယ်ဆေးများထုတ်လုပ်နေတဲ့ တောင်ကိုရီးယားဆေးဝါးကုမ္ပဏီများကို တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါသေးတယ်…..

ဆေးဝါးထုတ်လုပ်သူများဖြစ်တဲ့ Pfizer နှင့် Moderna မှကာကွယ်ဆေးများဟာ ၉၅ ရာခိုင်နှုန်းအထိ ထိရောက်နိုင်ကြောင်းနှောင်းပိုင်းအဆင့်စမ်းသပ်မှုများရဲ့ ပဏာမရလဒ်များအရသိရပါတယ်. AstraZeneca ကာကွယ်ဆေးကို ၂ ဒီဂရီမှ ၈ ဒီဂရီစင်တီဂရိတ်တွင်သိုလှောင်ထားနိုင်ပေမယ့်လည်း Pfizer နှင့် Moderna ထုတ်ကုန်များကိုတော့အနုတ် ၇၀ ဒီဂရီစင်တီဂရိတ် အပူချိန်တွင်သာသိုလှောင်ထားရမှာဖြစ်ပါတယ်. ပြီးတော့ AstraZeneca ကာကွယ်ဆေးဟာ စျေးလည်းသက်သာပါသေးတယ်…..

ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းကာကွယ်ဆေးအတွက်အမြတ်အစွန်းရရှိမည်မဟုတ်ဘူးဆိုတဲ့ AstraZeneca ဟာအစိုးရများနှင့်အပြည်ပြည်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများရဲ့ ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၂.၅၀ သာကျသင့်မယ်လို့သိရပါတယ်. Perna ရဲ့ကာကွယ်ဆေးဟာ အမေရိကန်ဒေါ်လာ ၂၀ ကျသင့်ပြီး Moderna’s ကတော့ အမေရိကန်ဒေါ်လာ ၁၅ မှအမေရိကန်ဒေါ်လာ ၂၅ အထိ ကုန်ကျမှာဖြစ်ပါတယ်. ကုမ္ပဏီများဟာ အမေရိကန်အစိုးရကို သူတို့ရဲ့ ကာကွယ်ဆေးထိုးနှံဖို့ စာချုပ်ချုပ်ဆိုထားကြတာလည်းဖြစ်ပါတယ်……

Credit : Source From Internet